ခရိုအေးရှားအသင်းကို မက်ဆီတို့ဂိုးပြတ်အနိုင်ယူ အာဂျင်တီးနားအသင်း ခြောက်ကြိမ်မြောက်ဗိုလ်လုပွဲတက်

Sports

ခရိုအေးရှားအသင်းကို မက်ဆီတို့ဂိုးပြတ်အနိုင်ယူ အာဂျင်တီးနားအသင်း ခြောက်ကြိမ်မြောက်ဗိုလ်လုပွဲတက်

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ခရိုအေးရှားအသင်းကို မက်ဆီတို့ဂိုးပြတ်အနိုင်ယူ အာဂျင်တီးနားအသင်း ခြောက်ကြိမ်မြောက်ဗိုလ်လုပွဲတက် ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ကာတာကမ္ဘာ့ဖလား၏ အကြိုဗိုလ်လုပွဲအဖြစ် ယနေ့နံနက်အစောပိုင်းက အာဂျင်တီးနားနှင့် ခရိုအေးရှားအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ နာမည်ကျော်ဘောလုံးသမားမက်ဆီ ဦးဆောင်သည့် တောင်အမေရိကအသင်းက သုံးဂိုးပြတ်အနိုင်ရကာ ဗိုလ်လုပွဲတက်ရောက်သွားသည်။

ပထမပိုင်း ၃၄ မိနစ်တွင် အာဂျင်တီးနားအသင်းရသည့် ပင်နယ်တီကို မက်ဆီကိုယ်တိုင် အမှားအယွင်း မရှိကန်သွင်းယူပြီး ဦးဆောင်ဂိုးရသည်။ ပွဲချိန် ၃၉ မိနစ်တွင် အာဂျင်တီးနားအတွက် ဒုတိယဦးဆောင်ဂိုးကို လူငယ်ကစားသမား ဂျူလီယာအဲဗရက်စ်က သွင်းယူပေးသည်။

ဒုတိယပိုင်းတွင် ခရိုအေးရှားက ဖိကစားရန် ကြိုးစားခဲ့သော်လည်း အာဂျင်တီးနားနောက်တန်းက အကောင်းဆုံးဟန့်တားနိုင်ခဲ့သည်။ ပွဲချိန် ၆၉ မိနစ်တွင် ခရိုအေးရှားနောက်တန်း ကစားသမားနှစ်ဦးကို ကျော်ဖြတ်ကာ မက်ဆီထိုးပေးသည့်ဘောလုံးကို အဲဗရက်စ်ကပင် သွင်းယူကာ အာဂျင်တီးနားတို့ တတိယဂိုးရသည်။

သုံးဂိုးအသွင်းခံရပြီးနောက် ခရိုအေးရှားအသင်း ကစားကွက်တည်မရဖြစ်ခဲ့သည့်နည်းတူ ကစားအား လည်းကျသွားသည်။ ပွဲချိန် ၈၁ မိနစ်တွင် အသက် ၃၇ နှစ်အရွယ် ခရိုအေးရှား ကွင်းလယ်ဗိုလ်ချုပ် မိုဒရစ်ကို လူစားလဲလိုက်သည်။

ယနေ့ အကြိုဗိုလ်လုပွဲ နိုင်ပွဲနှင့်အတူ ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆု ၇ ကြိမ်ရ နာမည်ကျော် ဘောလုံးသမား လီယွန်နယ်မက်ဆီအနေဖြင့် ယခုနှစ်ကမ္ဘာ့ဖလားတွင် အာဂျင်တီးနားအသင်းနှင့်အတူ ချန်ပီယံဆုဖလားကြီး ကိုင်မြှောက်နိုင်မည်ဟု ထင်ကြေးပေးမှုများ အထူးမြင့်တက်လာသည်။

ယနေ့ပွဲတွင် သုံးဂိုးပြတ်အနိုင်ရရှိလိုက်သောကြောင့် အာဂျင်တီးနားအ သင်းအနေဖြင့် ၂၀၁၈ ကမ္ဘာ့ဖလားအုပ်စုပွဲစဉ်က ရှုံးကြွေးကိုပြန်ဆပ် လိုက်နိုင်သည်။ ထိုစဉ်က ခရိုအေးရှားက သုံးဂိုးဂိုးမရှိဖြင့် အနိုင်ရခဲ့သည်။

အာဂျင်တီးနားအသင်းအနေဖြင့် ကမ္ဘာ့ဖလားဆီးမီးဖိုင်နယ်ပွဲစဉ်များတွင် ရှုံးနိမ့်ခဲ့ဖူးခြင်း မရှိသည့် မှတ်တမ်းကို ဆက်လက်ထိန်းသိမ်းထားနိုင်သည်။ အာဂျင်တီးနားအသင်းအနေဖြင့် ခြောက်ကြိမ်မြောက် ကမ္ဘာ့ဖလားဗိုလ်လုပွဲ တက်ရောက်လာခြင်းဖြစ်ကာ မက်ဆီအတွက် ဒုတိယအကြိမ်ဖြစ်သည်။

ကမ္ဘာ့ဖလားဗိုလ်လုပွဲ ခြောက်ကြိမ်ရောက် အာဂျင်တီးနားအသင်းမှာ ၁၉၇၈ နှင့် ၁၉၈၆ တွင် ချန်ပီယံ ဖြစ်ခဲ့ဖူးသည်။ ဒီဇင်ဘာ ၁၉ ရက်နေ့တွင် ကျင်းပမည့် ကမ္ဘာ့ဖလားဗိုလ်လုပွဲတွင် အာဂျင်တီးနားအသင်း က ပြင်သစ် သို့မဟုတ် မော်ရိုကိုအသင်းဖြင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။

ရေးသားသူ – Myanmar Now

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...