February Predictions( Cancer ,Leo ,Virgo )

Astrology

February Predictions( Cancer ,Leo ,Virgo )

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ February Predictions( Cancer ,Leo ,Virgo ) ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

February Predictions( Cancer ,Leo ,Virgo )
Cancer

Cancer လေးတွေအနေနဲ့ အခုဇန်နဝါရီအကုန်နဲ့ လာမယ့်ဖေဖော်ဝါရီလဆန်းပိုင်းမှာ ကျန်းမာရေးအညံ့ရှိတာလေး အရင်ဆုံးသိထားသင့်ပါတယ် ။ မတည့်တာတွေရှောင်ပါ ၊ အအိပ်အစားမျှတဖို့ လိုပါတယ် ။ အထူးသဖြင့် Anxiety များတာ ၊ အတွေးလွန်တာအပေါ်မှုတည်ပြီး စိတ်ကြောင့်ဖြစ်တဲ့ဝေဒနာတွေ ၊ ဝမ်းဗိုက် အစာအိမ်နဲ့ပတ်သက်တာလေးတွေ ဖြစ်နေဖို့ရှိတယ် ။

ဒီကာလတွေမှာ နေ့နေ့ညညအရမ်းတိုးတက်ချင်တာ အကောင်အထည်ဖော်ချင်တဲ့ဆန္ဒတွေများနေပါမယ် ။ တကယ်လည်း ကောင်းမွန်တိုးတက်ခြင်းတွေရလာဦးမယ် ။ ဘယ်လိုသိသာမလဲဆို သင်တန်းအသစ်တွေ ရှာကြံတက်တာ ၊ ကိုယ်ဘာလိုလဲ ဘာလုပ်သင့်လဲဆိုတာမျိုးတွေ အချိန်အများစု မေးခွန်းထုတ်နေပါလိမ့်မယ် ။ ကိုယ်ဘာလိုနေလဲဆိုတဲ့အဖြေမရသေးရင် ဒီကပဲဖြေပေးပါမယ် ။ ကိုယ်လိုနေတာ အပြောင်းအလဲတစ်ခုပါ ။ စိတ်အပြောင်းအလဲ အာရုံအပြောင်းအလဲ ဝါသနာအပြောင်းအလဲ ဘာပြောင်းလဲရမလဲတော့ ကိုယ်ပဲသိလိမ့်မယ် ။

အိမ်လေးရှင်းပါ ၊ တံမြက်စည်းလှဲ အိပ်ရာခင်းလဲပါ ။ ဘုရားပန်းအိုး ၊ သောက်တော်ရေခွက်တွေ ဆေးကြောတာ လဲလှယ်တာ အတော်လေးကောင်းတယ် ။ နောက်ဆုံး အတွေးအမြင်အသစ်တွေအတွက် ကိုယ်အလုပ်လုပ်တဲ့စားပွဲတွေ ကိုယ့်အိပ်ခန်းအလုပ်ခန်းလေးကို အရောင်တစ်ခုခု တစ်ခြားရှုထောင့်တစ်ခု ပြောင်းလဲလိုက်တာအကောင်းဆုံးလို့မြင်တယ် ။ ဒီကနေတစ်ဆင့် သိသိသာသာစိတ်ရှင်းလင်းမှု ၊ စိတ်ကြည်လင်မှုတွေရလာဖို့ရှိတယ် ။

ဖေဖော်ဝါရီလလေးက ကိုယ့်အတွက်စာမေးပွဲတချို့ရှိနေပါတယ် ။ တအားကြီး စိတ်ပူဖို့တော့မရှိဘူး ၊ လဆန်းမှာကြန့်ကြာတာ နှစ်ခါပြန်လုပ်ရတာ ဒွိဟများနေတတ်တာလေးတွေကြောင့် ကိုယ်ဘယ်လောက် ရင့်ကျက်ပြီလဲဆိုတာကို သက်သေပြနိုင်ဖို့တော့လိုတယ် ။ လဆန်းပိုင်းမှာ စိတ်များပြီးလူမလိုက်နိုင်တာမျိုးရှိလို့ Step တစ်ခုချင်းစီသွားဖို့ တိုက်တွန်းတယ် ။ အရေးကြီးကိစ္စတွေကို ဖြစ်နိုင်ရင် လကုန်ပိုင်းကိုရွေ့သင့်တယ် ။ ရွေ့ဖို့မမှီတာမျိုးမှာလည်း တအားစိတ်မပူပါနဲ့ ။

အရေးကြီးစကားမပြောခင် ၊ အရေးကြီးအင်တာဗျူးစတာတွေမလုပ်ခင် သေချာရေမိုးချိုးသန့်စင်ပြီး ဘုရားရှိခိုးပါ ။ ကိုယ်နဲ့စကားဆိုမယ့်သူ စာချုပ်မယ့်သူ အကြွေးရမယ့်သူ အကြွေးရှင် စာမေးပွဲခန်းစောင့်ဆရာမစတာမျိုးကို သူတို့မျက်နှာပြုံးရွှင်ကြည်လင်ဟန် စိတ်ကူးလိုက်ပြီး သူတို့ကျန်းမာချမ်းသာဖို့ စိတ်ကြည်လင်နေဖို့ မေတ္တာလေးပို့ပေးပြီး လုပ်ကိုင်နိုင်ပါတယ် ။

ဒီတစ်လမှာ ဝင်ငွေထွက်ငွေအတက်အကျများပါမယ် ။ များများဝင်မယ် ၊ ဝင်သမျှစုမိဖို့ ခက်နေဦးမယ် ။ ကောင်းတဲ့အချက်က လိုအပ်တဲ့သင်တန်းတွေ ၊ ရင်းနှီးမြုပ်နှံခြင်းတွေ ၊ ပေးကမ်းလှူဒါန်းခြင်းတွေမှာသုံးရမှာမို့ အကျိုးမဲ့ကုန်ခြင်းတော့ဖြစ်ဖို့မရှိဘူး ။ ဒါပေမယ့်တစ်ဖက်မှာလည်း Stress ကြောင့်မလိုတဲ့ပစ္စည်းတွေဝယ်တာ ၊ အစားအစာအတွက် ငွေအများအပြားသုံးတာလေးလည်း ရှိမယ် ။ အထိန်းအကွပ်လေးရှိတာ ပိုပြီးစိတ်လုံခြုံစေမှာအမှန်ပါပဲ ။

ပြောရရင် Cancer လေးတွေအတွက် February ကတော့ တခြားရာသီခွင်တွေလောက် စိတ်လွတ်ကိုယ်လွတ်သုံးဖြုန်းဖို့ ပျော်ပါးဖို့အားမပေးတာ အမှန်ပါပဲ ။ အားသာချက်အနေနဲ့ အလုပ်နဲ့ငွေကြေးပိုင်းတွေမှာ ခရီးပိုရောက်ဖို့အားသာသလို ပိုပြီးရင့်ကျက်မှုရမယ့်ကာလတစ်ခုလို့ မြင်ပါတယ် ။ လဆန်းပိုင်းမှာပဲ မိသားစုထဲ မထင်မှတ်တဲ့ပြသနာပေါ်တတ်တယ် ။ ကိုယ့်ကိုကိုယ်အားမရ စိတ်တိုင်းမကျတာလေးတွေကြောင့် အချစ်ရေးစိတ်အလိုမကျများနေတတ်တယ် ။ ကောင်းတဲ့အချက်က ဒီပြသနာတွေကတာရှည်မဟုတ်ပါဘူး ။ Valentine’s အကျော်ကစပြီး စိတ်ချမ်းသာခြင်း ၊ ကံကောင်းခြင်းတွေပြန်ရောက်လာပါလိမ့်မယ် ။

ဒီကာလလေးတော့ စိတ်ရှည်သည်းခံပါ ။ စိတ်ရှုပ်ရနိုင်တဲ့ကာလမို့ နောင်တပြန်ရမယ့်စကားမျိုးတွေ ရှောင်နိုင်ဖို့လိုမယ် ။ လလည်ကစပြီး အချစ်ရေးအိုကေစိုပြေပါတယ် ။ ချစ်သူ/အိမ်ထောင်ဖက်ရှိသူတွေ သူတို့ရဲ့ဖေးမမှု ၊ အားပေးမှုကတဆင့် ယုံကြည်မှု ၊ စိတ်ခွန်အားတွေပြန်ရဖို့ရှိတယ် ။ ဖေဖော်ဝါရီက ၂၀၂၃ ရဲ့စိန်ခေါ်မှုရှိတဲ့လတစ်လပါ ၊ Risk ယူစရာမျိုးထက် ပိုင်နိုင်တာကိုပဲလုပ်တာကောင်းတယ် ။ ဒီလက ပြင်ဆင်တဲ့လ ရိက္ခာစုတဲ့လ ကိုယ့်အနာဂတ်အတွက် အထောက်အကူပြုတဲ့လို့သတ်မှတ်ပါတယ် ။

ကိုယ်လုပ်ချင်တာတွေ ဆက်တိုက်လုပ်လိုက် စိတ်အလိုမကျလိုက်ဖြစ်တတ်လို့ ၊ အများကြီးတွန်းလုပ်လိုက် ရပ်သွားလိုက်ဖြစ်တတ်လို့ ဖြည်းဖြည်းမှန်မှန်လေးသွားဖို့ တိုက်တွန်းတယ် ။ အထူးသဖြင့်အသက် ၂၃ ကနေ ၂၈ ဝန်းကျင် Cancer တွေအတွက် ဒီဖေဖော်ဝါရီလက ပိုရင့်ကျက်ကောင်းမွန်တဲ့ Growth တစ်ခုရလာဖို့ အများအပြားအထောက်အပံ့ပေးပါလိမ့်မယ်

Leo

ဒီတစ်လမှာ Leo တွေ ငွေကြေးကိစ္စ ၊ အလုပ်ကိစ္စတွေ ရေလိုက်ငါးလိုက်လေးဆက်သွားဖို့ အကြံပေးပါတယ် ။ လုပ်စရာရှိတာလေး ပုံမှန်လုပ်သွားပါ ၊ တိုးတက်အောင်မြင်ခြင်းရှိပါတယ် ။ ဒါပေမယ့် စိန်ခေါ်မှုလေးတွေတော့ ရှိလိမ့်မယ် ။ လက်ရှိအလုပ်လက်ရှိနေရာမှာ ပိုပြီးတိုးတက်တာ ၊ ကိုယ်တစိုက်မတ်မတ် ကြိုးစားလာတဲ့အရာကနေ အသီးအပွင့်ခံစားရတာမျိုးမို့လို့ အလုပ်အပြောင်းအရွေ့ကိစ္စ ၊ လုပ်ငန်းအသစ်စတင်ခြင်းတွေတော့ မရဘူးမဟုတ် ရတယ် ။ စျေးကွက်စမ်းသပ်တာ ၊ မြေစမ်းခရမ်းပျိုးလောက်ကလွဲပြီး တအား Commit မလုပ်စေချင်သေးပါဘူး ။

ဒီလထဲ Leo Single တွေအချစ်ရေး ကံကောင်းပါလိမ့်မယ် ။ စန်းပွင့်မယ် ၊ ကိုယ့်ကိုသဘောကျတဲ့သူ ၊ ကိုယ်သဘောကျရတဲ့သူတွေ အနားကိုရောက်လာဖို့ရှိတယ် ။ ကိုယ့်စိတ်ထဲ ချစ်ခြင်းမေတ္တာတွေ ပြည့်နေမယ့်လပေါ့ ။ Relationship သမားတွေအနေနဲ့ကတော့ အဆင်အရမ်းပြေလိုက် စိတ်တိုင်းမကျလိုက်ဆိုတဲ့ကြားမှာ ဝေခွဲရခက်နေဖို့မြင်မိတယ် ။ အထူးသဖြင့်ချစ်ရသူအပေါ် အားမလိုအားမရဖြစ်ရတတ်ပါတယ် ။

February ဟာ Leo တွေအတွက် Growth နဲ့ Development အရေးကြီးတဲ့လမို့ သေချာအချိန်ယူစဥ်းစားဖြစ်မယ် ။ ကိုယ်လိုချင်တဲ့အနာဂတ်ပုံစံမျိုး ပိုပြီးရှင်းရှင်းလင်းလင်း သိလာဖို့ရှိနေတယ် ။ ဒီနေရာမှာ လက်ရှိအချစ်ရေးက အားရစရာအခြေအနေမဟုတ်နေဘူးဆို ရှေ့တိုးရအခက် နောက်ဆုတ်ရအခက်အခြေအနေမှာ ရှိနေနိုင်ပါတယ် ။

အကြံပေးရရင်တော့ တစ်ယောက်ထဲသမားဖြစ်ဖြစ် in a Relationship ပဲဖြစ်ဖြစ် Impact ကြီးမားတဲ့ Decision မျိုးမလုပ်သေးတာ ပိုကောင်းလိမ့်မယ် ။ အချစ်ရေးကံကောင်းလို့လည်း ခြေစုံပစ်မဝင်သင့်သေးဘူး ။ အကဲခတ်ပါ ။ ကိုယ့်ကိုချစ်ခင်ခံရခြင်း ၊ ကိုယ့်စကားအောင်ခြင်းလေးတွေမှာပဲ Enjoy လုပ်နေစေချင်သေးတယ် ။

စုံတွဲတွေအတွက်ဆိုလည်း လက်ရှိအချစ်ရေးမှာ အဆင်မပြေဖြစ်လို့လည်း Move On ဖို့မဆုံးဖြတ်သင့်သေးဘူး ။ Break ယူပါ ၊ ညှိနှိုင်းပါ ။ ဖေဖော်ဝါရီက Leo အတွက် အခွင့်အလမ်းတွေအများကြီး ယူလာပေးဖို့ရှိတယ် ။ RS ရှိသူတွေအနေနဲ့ တခြား Option တစ်ခုထက်ပိုပြီး ရွေးချယ်ခွင့်ရလာနိုင်တယ် ။ သာတဲ့သူရောက်လာလို့ ထောင်မြင်ရာစွန့်တာမျိုး မဖြစ်သင့်သလို တစ်ဖက်ကလည်း ပိုကောင်းမွန်စေသူကိုဖယ်ထားပြီး Toxic အချစ်ရေးကို သစ္စာရှိနေဖို့လည်းအားမပေးပါဘူး ။ ဒါပေမယ့် အခုတလောမှာတော့ ရေတိုသာယာမှု စိတ်ကြဥ်းကြပ်မှုအပေါ်ဆုံးဖြတ်မိတတ်လို့ ဘယ်လမ်းပဲရွေးချယ်ချယ် Second Guess လေးရှိနေဖို့လိုတယ် ။ ဖြစ်နိုင်ရင်နောက်လဆန်းမှပဲ အဖြေတစ်ခုကို ယတိပြတ်ရွေးချယ်သင့်ပါတယ် ။

ပြောရရင် ဖေဖော်ဝါရီက အတက်အကျများတာလေးကြားကပဲ ကံကောင်းတဲ့လတစ်လဖြစ်ပါလိမ့်မယ် ။ ဒီလအတွက် Focus က အချစ်ရေးနဲ့ကိုယ်ကိုယ်တိုင်ပဲဖြစ်နေမယ် ။ Personal Development အားကောင်းတဲ့လပါ ။ ကိုယ်လုပ်ချင်တာလေးတွေလုပ်ဖို့ ၊ တက်ချင်တဲ့သင်တန်းတွေ ကျောင်းတွေတက်ဖို့ အကြံပေးပါတယ် ။ ချက်ချင်းလက်ငင်းအကျိုးခံစားရတာမျိုးရှိသလို ဒီလမှာပျိုးခဲ့တဲ့အသီးအပွင့်က ဆယ်လပိုင်းနောက်ပိုင်း နှစ်ကုန်လောက်မှာ သိသိသာသာအကျိုးခံစားရဖို့မြင်မိတယ် ။ Gym ဆော့ပါ ၊ အချိန်ဇယားလေး ပြန်ပြီးလုပ်ယူပါ ။

ဖေဖော်ဝါရီမှာ အများနဲ့ကိုယ်ရွေးချယ်ရတတ်လို့ ကိုယ့်စိတ်ချမ်းသာမှုကိုဦးစားပေးဖို့ အကြံပေးပါတယ် ။ တစ်ကိုယ်ကောင်းဆန်တယ် ၊ သွေးအေးတယ်ဆိုတာမျိုးနာမည်တပ်ခံရနိုင်တယ် ။ ဒါပေမယ့် ကိုယ့်ရဲ့ Gut Feeling မှာ လွယ်ကူလို့မဟုတ်ပဲ ခက်ခဲရက်နဲ့လုပ်သင့်လုပ်ထိုက်လို့ အားတင်းလုပ်ရတယ်လို့ ခံစားရရင်တော့ ကိုယ့် Decision မှန်ကန်ပါတယ် ။ တစ်နည်းပြောရင် ဒီလအတွင်း နှလုံးသားရေးကံကောင်းတယ် ၊ Choice တွေရဖို့ရှိတယ် ။ ဒါကိုမှ ဘဝတက်လမ်းနဲ့ အလုပ်အကိုင်တွေတိုးတက်ဖို့ ပြန်ပြီး Concentrate လုပ်နေရဖို့ရှိတယ် ။ ကံကိုယုံပြီး လေထဲကိုခုန်ရမယ့်ကိစ္စလေးတွေကို တအား Rush မလုပ်ဖို့ပဲမှာချင်ပါတယ် ။ February ဟာ အပြည့်အတပျော်ရဖို့ခက်ပေမယ့် တိုးတက်အောင်မြင်တဲ့လပါ ။ ဖြစ်ချင်တာကိုဒုတိယထားပြီး ဖြစ်သင့်တာကိုမာန်တင်းလုပ်သွားရမယ့်လမျိုးလို့ မြင်ပါတယ်

Virgo

February လဆန်းပိုင်းက Virgo တွေကို စိတ်ကျေနပ်မှုတွေအများကြီးပေးဖို့ အားသာနေတယ် ။ ကဲ.. မကြာခင်ပဲရောက်လာတော့မယ့် ၂၀၂၃ ရဲ့ဖေဖော်ဝါရီက Virgo တွေအတွက် သိသိသာသာပေးလာဖို့ရှိတဲ့လက်ဆောင်ကတော့ နှလုံးသားရေးအဆင်ပြေခြင်းပဲ ဖြစ်ပါတယ် ။ ဟုတ်ပါတယ် ၊ အချစ်ရေးကံလေးတွေ သိသိသာသာတက်လာဖို့ရှိနေတယ် ။

အချစ်ရေးမှတော့မဟုတ်ဘူး ၊ လူမှုဆက်ဆံရေးမှာဆိုလည်း ကိုယ့်ရဲ့အချစ်ဆုံးသူငယ်ချင်း ၊ ကိုယ့်အတွက်အရေးပါသူတွေနဲ့ ဆက်ဆံရေးလေးတိုးလာဖို့ရှိတယ် ။ အင်တာဗျူးကိစ္စ ၊ စပ်တူကိစ္စတွေ စာချုပ်စာတမ်းတွေမှာလည်း ကံအထောက်အပံ့လေးတွေရှိနေဖို့မြင်တယ် ။ Virgo Single တွေအတွက် Relationship တစ်ခုစတင်ဖို့အားသာသလို အနည်းဆုံးတော့ကိုယ့်အတွက် ရွေးချယ်စရာ Option အသစ်လေးတွေပေါ်လာတာ ၊ Crush နဲ့ပတ်သက်ပြီး ပိုနီးစပ်အဆင်ပြေလာတာမျိုး အားသာပါတယ် ။

နောက်ထပ်ပြောရရင် Virgo In a Fresh Relationship တွေ ဟိုမရောက်ဒီမရောက်အတွဲလေးတွေကြား Commitment လေးတွေမြင်လာရဖို့ရှိတယ် ။ Long Term အချစ်ရေးတွေအတွက်လည်း Romance လေးတွေ Commitment လေးတွေ ပြန်အသက်ဝင်လာမယ် ။ လက်ရှိ အိမ်ထောင်ရေးမပြေလည်သူတွေအတွက်လည်း ကိုယ်အသာရဖို့တော့မဟုတ်ပေမယ့် ကိုယ်မနစ်နာတဲ့ နှစ်ဖက်လုံးညှိနှိုင်းအဆင်ပြေမယ့်နည်းလမ်းတွေ ပေါ်လာပါလိမ့်မယ် ။

တကယ်လိုများ.. ဒီတစ်လအတွင်း အလုပ်နဲ့ပတ်သက်ပြီး Risk ယူစရာရှိတာလေးတွေ ၊ အသစ်တွေးထားတာလေးတွေရှိရင် စတင်ဖို့အဆင်ပြေပါတယ် ။ အထူးသဖြင့် အခုမှထစီစဥ်တာမျိုးထက် အရင်ထဲကစီစဥ်ပြီးချိန်ဆနေရတဲ့အရာတွေ လျောလျောရှူရှူခရီးရောက်ဖို့ ရှိနေတယ် ။

ကိုယ်ပြောသမျှပြုသမျှ အရာထင်ဖို့ရှိတဲ့လတစ်လမို့ ယုံကြည်မှု ၊ အကောင်းမြင်စိတ်ကလေးနဲ့ ပိုကောင်းအောင်လုပ်ယူပါ ။ ဒီတစ်လမှာ ငွေဝင်များလာဖို့ရှိသလို ကိုယ်အလိုရှိတဲ့အရာတွေအတွက် သုံးစွဲခွင့်ရဖို့ရှိတယ် ။ ကောင်းမွန်တဲ့ Appreciation လေးတွေမြင်မိလို့ ကိုယ့်အရည်အချင်းလေးတွေ ကိုယ့်အလှတရားတွေနဲ့ပတ်သက်ပြီး ထူးထူးခြားခြားလုပ်မယူရပဲ ချီးကျူးခံရတာမျိုးလည်း အားသာပါတယ် ။ တကယ်လို့များ လတ်တလောမှာအထင်လွဲခံရတာမျိုးရှိနေရင် အလိုလိုပြေလည်သွားဖို့ရှိတယ် ။

ဖေဖော်ဝါရီဟာရာထူးတိုး ၊ လစာတိုးမျှော်မှန်းနိုင်တဲ့လပါ ။ လကုန်ပိုင်းက လဆန်းထက်စာရင်တော့ စိတ်ရှုပ်ရမှာလေးတွေရှိတယ် ။ ကြံဖန်သတိထားစရာလေးဆိုရင် အာရုံများပြီးမေ့တာပျောက်တာ ၊ တကယ့် Serious Moment မှာစကားမှားတတ်တာလေးတော့ ရှိနေပါလိမ့်မယ် ။ ဒါကလည်း စိတ်ထဲထည့်နေဖို့တော့မဟုတ်ဘူး ။ စိတ်တအားမလောဖို့ ၊ အရေးကြီးစကားပြောစရာတွေမှာ စိတ်ထဲပေါ်ရာမပြောပဲ ကြိုတင်စာစီပြီးပြောဖို့ ၊ အလုပ်ကိစ္စအပြင်ထွက်စရာတွေမှာ ဖုန်းမှာဖြစ်ဖြစ် စာရွက်နဲ့ဖြစ်ဖြစ် Gist လေးနဲ့ To do list လေးလုပ်ထားဖို့ပါပဲ ။

အကြံပေးရရင် လဆန်းပိုင်းမှာ ချစ်သူ ၊ မိသားစု ၊ မောင်နှမတွေ မိတ်ဆွေတွေနဲ့ပျော်ပျော်ပါးပါးလေး Enjoy လုပ်ပါ ။ ဖေဖော်ဝါရီ နောက်ဆုံးအပတ်ဝန်းကျင်ကိုတော့ အရင်အတိုင်းစနစ်တကျလေး အလုပ်နဲ့ဘဝတက်လမ်းတွေဖက် ပြန် Focus တာကောင်းတယ် ။ ဘာလိုပဲဖြစ်ဖြစ် စိန်ခေါ်မှုလေးတွေထက် ပျော်ရွှင်မှုလေးတွေပိုများလို့ ဒီလအတွင်း Engagement တွေ ၊ Commitment တွေအတွက် စိတ်ပိုင်းဖြတ်သင့်တယ်လို့မြင်ပါတယ်

ရေးသားသူ – Ellie

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။