နတ်မောက်တွင် “PDF မကြောက်လို့ ဥက္ကဋ္ဌ လုပ်တာကွ” ဟု မိုက်ဖြင့် အော်၍ စိန်ခေါ်သူ ပန်းညို ရွာ အုပ်ချုပ်ရေးမှူး ဘိုသိန်း PDF က ပစ်ခတ်၍thayဆုံး၊ ငါန်းဇွန်၊ သံဘိုးရွာ အုပ်ချုပ်ရေးမှူး လင်မယားလည်း အthetခံရ

Local News

နတ်မောက်တွင် “PDF မကြောက်လို့ ဥက္ကဋ္ဌ လုပ်တာကွ” ဟု မိုက်ဖြင့် အော်၍ စိန်ခေါ်သူ ပန်းညို ရွာ အုပ်ချုပ်ရေးမှူး ဘိုသိန်း PDF က ပစ်ခတ်၍thayဆုံး၊ ငါန်းဇွန်၊ သံဘိုးရွာ အုပ်ချုပ်ရေးမှူး လင်မယားလည်း အthetခံရ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ နတ်မောက်တွင် “PDF မကြောက်လို့ ဥက္ကဋ္ဌ လုပ်တာကွ” ဟု မိုက်ဖြင့် အော်၍ စိန်ခေါ်သူ ပန်းညို ရွာ အုပ်ချုပ်ရေးမှူး ဘိုသိန်း PDF က ပစ်ခတ်၍thayဆုံး၊ ငါန်းဇွန်၊ သံဘိုးရွာ အုပ်ချုပ်ရေးမှူး လင်မယားလည်း အthetခံရ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ရန်ကုန်၊ ဇန်နဝါရီ ၆

မကွေးတိုင်း ၊ နတ်မောက်မြို့တွင် “PDF မကြောက်လို့ ဥက္ကဋ္ဌ လုပ်တာကွ” ဟု မိုက်ဖြင့် အော်၍ စိန်ခေါ်သူ ပန်းညိုကျေးရွာအုပ်ချုပ်ရေးမှူး ဘိုသိန်းကို PDF က ပစ်ခတ်သဖြင့် thayဆုံးသွားကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။

ဇန်နဝါရီလ ၄ ရက်နေ့ ညပိုင်း နတ်မောက်မြို့နယ် ပန်းညိုကျေးရွာ စစ်ကောင် စီ ခန့်အုပ်ချုပ်ရေးမှူး ဘိုသိန်းကို တိုက်ဒေါင်း ပြည်သူ့ ကာကွယ်ရေးအဖွဲ့က ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း အဆိုပါအဖွဲ့ထံမှ သိရှိရသည်။
“ပန်ညိုဥက္ကဋ္ဌ ဘိုသိန်းက မိုက်နဲ့ စိန်ခေါ်ထားတာ။ ဘယ် PDF မှမကြောက်လို့ ဥက္ကဋ္ဌလုပ်နေတာဆိုပြီးတော့။ အဲဒါ PDF ပစ်လို့thayတာပဲ” ဟု ဒေသပြည်သူ တစ်ဦးက ပြောသည်။

ဓာတ်ပုံ-နတ်မောက်မြို့နယ်တွင် “PDF မကြောက်လို့ ဥက္ကဋ္ဌ လုပ်တာကွ” ဟု မိုက်ဖြင့် အော်၍ စိန်ခေါ်သူ ပန်းညိုကျေးရွာအုပ်ချုပ်ရေးမှူး ဘိုသိန်းကို PDF က ပစ်ခတ်သဖြင့် thayဆုံးသွားစဉ်။

အလားတူ မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်၊ သံဘိုးကျေးရွာအုပ်ချုပ်ရေးမှူး စိုးနိုင်နှင့် ၎င်းဇနီးဖြစ်သူ အေးမြကို ပစ် ခတ်ရှင်းလင်းရာ ပစ်ခတ်ရှင်းလင်းရာ ပွဲချင်းပြီးthayဆုံးသွားကြောင်း TGYR ပြောက်ကျား တပ်ဖွဲ့ ခေါင်းဆောင် ကို အီးစီအို ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ဇန်နဝါရီလ ၅ ရက် ညနေ ညနေ ၄၅ မိနစ်ခန့်က သံဘိုကျေးရွာအတွင်း ၎င်းတို့ဖွင့်လှစ်ထားသော ဈေးဆိုင်အတွင်း အုပ်ချုပ်ရေးမှူး စိုးနိုင်အား ပစ်ခတ်ရှင်းလင်းစဉ် ဇနီးဖြစ်သူ ဒေါ်အေးမြမှ ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့ဝင်များ၏ thayနတ်ကို ဝင်ရောက်လုယူရာ ခုခံပစ်ခတ်ရင်း thayဆုံးသွားခြင်းဖြစ်ကြောင်း သိရသည်။

“ဈေးသွားရင်း သေချာတာနဲ့ ရှင်းလိုက်တာ၊ သူ့အမျိုးသားကိုရှင်းနေချိန်မှာ သူ့မိန်းမက ဝင်ရိုက်ပြီး thay နတ်လုလို့ ပစ်ခတ်ရှင်းလင်းလိုက်ရတာပါ။ သူတို့ကို တစ်ရွာလုံးက မုန်းနေကြတာ၊ ရွာကို စစ်ခေါ်ပြီး ပြည်သူတွေကို ထင်တိုင်းကြဲနေတာဆိုတော့၊ သူတို့ကြောင့် အပြစ်မဲ့တဲ့ ပြည်သူတစ်ဦးလည်း အဖမ်းခံခဲ့ ရဖူးတယ်၊ ပျူစောထီးဖွဲ့ဖို့လဲ လုပ်နေတယ်” ဟု TGYR ပြောက်ကျားတပ်ဖွဲ့မှ ခေါင်းဆောင် ကို အီးစီအို က ပြောဆိုသည်။

အဆိုပါ ပစ်ခတ်ရှင်းလင်းမှုကို TGYR – Youth Guerilla Counter Revolution (LPDF)၊ မာန်စွယ်ကျား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၊ BHGF –Black Hero Guerilla Force တို့ပူးပေါင်းကာ အကြမ်းဖက်စစ် ကောင်စီသတင်းပေး ရှင်းလင်းခြင်း စွန်ရဲ စစ်ဆင်ရေး ၅ အဖြစ် ရှင်းလင်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ရေးသားသူ – ခေတ်သစ်မီဒီယာ

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။