ကျောင်းသားနှင့်စာမေးပွဲယတြာ
မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ကျောင်းသားနှင့်စာမေးပွဲယတြာ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။
ကျွန်တော့်မိတ်ဆွေအချို့ကကျွန်တော့်ဆီကိုသူတို့ရဲ့ဆယ်တန်းစာမေးပွဲဖြေဆိုရမယ့်ကလေးတွေအတွက်(နေ့သားသမီးအလိုက်ယတြာ)ပို့စ်တစ်ခုတင်ပေးဖို့ဖုန်းဆက်ပြီးထပ်မံတောင်းဆိုလာတာကြောင့်ရေးသားလိုက်ရပြန်ပါပြီ။
တစ်ခုပြောလိုတာကအခုရေးသားမယ့်နေ့သားသမီးအလိုက်ယတြာတွေဟာစာမကြိုးစားပဲအချောင်ခိုအောင်မြင်ချင်ကြတဲ့သူတွေအတွက်လုံး၀အသုံးပြုလို့မရဘူးဆိုတာရယ်ပါ။
ဒီယတြာမှမဟုတ်ပါဘူး။
ဘယ်တန်ခိုးရှင်ဘယ်ပုဂ္ဂိုလ်မှ(စာမရတဲ့သူကို)စာမေးပွဲအောင်အောင်လုပ်မပေးနိုင်ဘူးဆိုတာတစ်သက်လုံးမှတ်သားထားစေချင်ပါတယ်။အောင်ကိုအောင်စေရမယ်ဘယ်လောက်ငွေပေးလို့ပြောလာတဲ့သူဟာလူလိမ်လူညာဆိုတာနားလည်သဘောပေါက်ပါ။
ဟုတ်ပြီ။ဒါဆိုကျွန်တော်တို့ကဘာလို့စာမေးပွဲယတြာတွေလုပ်ပေးနေရတာလဲ။ရေနစ်သူအတွက်ကောက်ရိုးတစ်မျှင်ဟာအားကိုးရာဖြစ်စေနိုင်သလို၊အောင်မြင်စေမှုမှာစိတ်ဟာ၉၀%ပါဝင်ပါတယ်။မြင်းကောင်းခွာလိပ်မဖြစ်စေဖို့၊ကျက်မှတ်ထားတဲ့စာတွေမမေ့လျော့စေဖို့၊စာဖြေဆိုနေစဥ်ကာလအတွင်းလူမှုရေးအခက်အခဲတွေမကြုံတွေ့စေဖို့၊ကျန်းမာရေးကောင်းမွန်နေစေဖို့၊ကျက်မှတ်ထားတဲ့သင်ခန်းစာနဲ့မေးခွန်းတိုက်ဆိုင်စေဖို့အတွက်ရည်ရွယ်ပါတယ်။
ကဲ…၊စလိုက်ကြရအောင်
စာမေးပွဲဖြေဆိုမယ့်ကျောင်းသားတစ်ယောက်အနေနဲ့စာကြည့်စားပွဲမှာထိုင်ကာနီးတိုင်းအောက်ပါဂါထာကိုပီပီသသမှန်မှန်ကန်ကန်ရွတ်ဆိုပေးပါ။
အောင်တော်မူဂါထာတော်
မာရံယက္ခံဂဇံစောရံ
စိဉ္စမာဏဉ္စသစ္စက
နာဂံဗကံဇိနောဇနိဟောတုမေဇေယျမင်္ဂလံ
(၉)ခေါက်။
၁။တနင်္ဂနွေသားသမီးဖြစ်ပါကအနောက်အရပ်ကိုမျက်နှာမူ၍စာကျက်ပါ။စာကြည့်စားပွဲခုံအောက်မှာသီဟိုဠ်ရွက်ထားပေးပါ။
၂။တနလာင်္သားသမီးဖြစ်ပါကအနောက်မြောက်အရပ်မျက်နှာမူ၍စာကျက်ပါ။စာကြည့်စားပွဲခုံအောက်မှာဒန်းရွက်ထားပေးပါ။
၃။အင်္ဂါသားသမီးဖြစ်ပါကမြောက်အရပ်မျက်နှာမူ၍စာကျက်ပါ။စာကြည့်စားပွဲခုံအောက်မှာအုန်းရွက်ထားပေးပါ။
၄။ဗုဒ္ဓဟူးသားသမီးဖြစ်ပါကအရှေ့မြောက်အရပ်ဖက်နှာမူ၍စာကျက်ပါ။စာကြည့်စားပွဲခုံအောက်မှာကြံရွက်ထားပေးပါ။
၅။ကြာသပတေးသားသမီးဖြစ်ပါကအရှေ့တောင်အရပ်ဖက်မျက်နှာမူ၍စာကျက်ပါ။စာကြည့်စားပွဲခုံအောက်မှာဆီးရွက်ထားပေးပါ။
၆။သောကြာသားသမီးဖြစ်ပါကအနောက်တောင်အရပ်ဖက်မျက်နှာမူ၍စာကျက်ပါ။စာကြည့်စားပွဲခုံအောက်မှာဝါးရွက်ထားပေးပါ။
၇။စနေသားသမီးဖြစ်ပါကတောင်အရပ်ဖက်မျက်နှာမူ၍စာကျက်ပါ။စာကြည့်စားပွဲခုံအောက်မှာပျဉ်းတော်သိမ်းရွက်ထားပေးပါ။
ကံ၊ဥာဏ်၊ဝိရိယပေါင်းစုံ၍အောင်မြင်နိုင်ကြပါစေ။
စာမေးပွဲအတွက်ယတြာ
တက္ကသိုလ်ဝင်စာမေးပွဲကြီးနီးသည်ထက်နီးလာပါပြီ။
စာမေးပွဲအောင်ဖို့က “စာပိုင်ရန်” အဓိကဖြစ်ပါတယ်။
စာမေးပွဲ “အောင်ကိုအောင်စေရမယ်၊ဂုဏ်ထူးတွေအများကြီးပါကိုပါစေရမယ်၊ပိုက်ဆံဘယ်လောက်ပေး”လို့လိမ်ညာပြောဆိုနေလေ့ရှိတဲ့ “ဆြာလိမ်များ”ကိုမယုံကြဖို့အထူးအရေးကြီးပါတယ်။ကျွန်တော်အပါအဝင်ဘယ်သူမျှ(သိကြားမင်းကြီးအပါအဝင်)မကယ်မ’နိုင်ပါ။
ဒါဆိုယတြာတွေကိုဆရာတို့ဗေဒင်ဆရာတွေကဘာလို့ပေးနေကြသေးလဲ။
ဟုတ်ကဲ့ “မြင်းကောင်းခွါလိပ်၊ပန်းကောင်းအညွန့်ကျိုး”မဖြစ်စေဖို့ကြိုတင်သတိပေးတဲ့အနေနဲ့ဆောင်ရန်၊ရှောင်ရန်တွေပြောပြပေးနေကြတာရယ်ပါ။ဒါကလည်းမဆောင်သင့်တာဆောင်မိရင်တော့(နားမလည်တဲ့သူပေးတဲ့အဆောင်ကြောင့်) “ပေါ့စေလိုလို့ကြောင်ရုပ်ထိုး၊ဆေးကြောင့်လေး”ဖြစ်ပြီးဆောင်တဲ့ကလေးကိုအစစအရာရာထိခိုက်စေတတ်လို့ရယ်ပါ။ဥပမာ…တနင်္ဂနွေသားသမီးကိုသူ့နေ့နံအုန်းညွန့်တက်နင်းခိုင်းပြီးသွားဖြေခိုင်းတာမျိုးဟာအန္တရာယ်အရမ်းများစေတတ်ပါတယ်။
အခုကျွန်တော်ပြောပြမယ့်ယတြာကဘယ်နေ့သားသမီးမဆိုအန္တရာယ်ကင်းကင်းနဲ့ပြုလုပ်ပေးနိုင်တဲ့ယတြာဖြစ်ပါတယ်။
ယတြာကခက်ခက်ခဲခဲကြီးမဟုတ်ပါဘူး။
ဘယ်နေ့သားသမီးမဆိုစာမေးပွဲမဖြေဆိုခင်တစ်ပတ်အလို(သို့)တစ်ရက်အလိုမှာ….
မျောက် (သို့) ဘဲ (သို့)မြင်း သတ္တဝါတစ်ကောင်ကောင်ကိုအစာကျွေးပေးရင်းဖြေဆိုနိုင်စေရန်ဆုတောင်းပါ။နေ့စဥ်ကျွေးပြီးမှသွားရောက်ဖြေဆိုရင်လည်းရပါတယ်။ဒါမှမဟုတ်အောင်စာရင်းမထွက်မချင်းလည်းအဆင်ပြေရင်ပြေသလိုအဟာရဒါနအနေနဲ့ကျွေးပေးရင်းလည်းဆုတောင်းလိုကတောင်းနိုင်ပါသေးတယ်။အောင်မြင်ပါစေ။
ရေးသားသူ – စာရေးဆရာ သာထက်ဇော်(မကွေး)တဲရော့ ၊ ဗေဒ ၊ လက္ခဏာ
မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။