ငှက်မွှေးတို့၏ မှော်ဂုဏ်သတ္တိများ
မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ငှက်မွှေးတို့၏ မှော်ဂုဏ်သတ္တိများ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။
ဒီတစ်ခါမှာတော့ Dream catcher ရဲ့ အစိအပိုင်းတစ်ခုဖြစ်တဲ့ ငှက်မွှေးလေးတွေရဲ့ မှော်ဂုဏ်သတ္တိတွေကို ပြောပြပါ့မယ်။ ငှက်မွှေးတွေမှာ ကိုယ်ပိုင်အစွမ်းတွေရှိကြပါတယ်။ ဒီအစွမ်းတွေကိုဆုံးဖြတ်ပေးတာကတော့ ငှက်မွှေးအရောင်နဲ့ ငှက်အမျိုးအစားတွေပါပဲ။ အောက်မှာဖော်ပြထားတာတွေက ဥရောပမှ အစဉ်အလာစကားတွေကို ကိုးကားထားတာကြောင့် တခြားသောအရောင်ဆိုင်ရာမှော်ဂုဏ်သတ္တိများနှင့် ကွားခြားမှုရှိနိုင်ပါသည်။
ဝယ်ယူရရှိသည့်ငှက်မွှေးများအစား ဒီတိုင်းကောက်ရသည့်ငှက်မွှေးများက အကောင်းဆုံးပင်။ ပန်းခြံ သို့မဟုတ် တိရိစ္ဆာန်ဥယျာဉ်တို့တွင် လည်ပတ်ရင်းကနေ ရရှိနိုင်ပါသည်။ ငှက်မွှေးထားသူဆိုပါကလည်း ကျွတ်လာသည့်ငှက်မွှေးများကို အလွယ်တကူ ယူသုံးရုံပင်ဖြစ်သည်။
ငှက်မွှေးရဖို့အတွက် ငှက်ကိုဘယ်တော့မှ နာကျင်အောင်မလုပ်ပါနှင့်။
ငှက်မွှေးဖြူ – သန့်စင်ခြင်း၊ စိတ်ဝိဥာည်ဆိုင်ရာ၊ မျှော်လင့်ချက်၊ အကာအကွယ်၊ ငြိမ်းချမ်းခြင်း၊ လ၏ Blessings
အစိမ်း – ငွေကြေး၊ မျိုးပွားနိုင်စွမ်း၊ ကြီးထွားဖွံဖြိုးခြင်း
အညို – ကျန်းမာရေး၊ တည်ငြိမ်မှု၊ မြေဓာတ်ဖြည့်ခြင်း၊ အိမ်
လိမ္မော် – ဆွဲဆောင်မှု၊ အောင်မြင်သော စွမ်းအင်များ
အဝါ – ဥာဏ်ရည်ဥာဏ်သွေးထက်ခြင်း၊ နေ၏ Blessing
အနီ – သတ္တိ၊ ကံကောင်းခြင်း၊ ဘဝ
ပန်းရောင် – ချစ်ခြင်းမေတ္တာ
မီးခိုးရောင် – ငြိမ်းချမ်းရေး၊ ကြားနေရေး
အပြာ – စိတ်ပိုင်းဆိုင်ရာ အလင်းပေါက်မှု၊ ငြိမ်းချမ်းရေး၊ ကျန်းမာရေး
ငှက်မွှေးအနက် – ညွှန်းဆိုချက် မရှိပါ။
အနီနှင့်အညိုစပ် – တိရိစ္ဆာန်များအား ကုစားခြင်း
အညိုနှင့်အဖြူစပ် – ပျော်ရွှင်မှု
မီးခိုးနှင့်အဖြူစပ် – မျှော်လင့်ချက်၊ ညီမျှခြင်း
အနက်နှင့်အဖြူစပ် – ပေါင်းစည်းခြင်း၊ အကာအကွယ်
အစိမ်းနှင့်အနီစပ် – စီးပွားရေး
အပြာ၊ အဖြူ၊ အနက် စပ် – ပြောင်းလဲမှု
အနက်နှင့်ခရမ်းစပ် – နက်ရှိုင်းသည့် စိတ်ဝိဥာည်ပိုင်းဆိုင်ရာ
မိမိ၏ဆန္ဒနဲ့ကိုက်ညီတဲ့ ငှက်မွှေးအရောင်ကို ရွေးချယ်အသုံးပြုနိုင်ပါတယ်။ Dream catcher တွင်မှမဟုတ် တခြားသောမှော်အစီအရင်များတွင်လည်း ထည့်သွင်းသုံးနိုင်ပါတယ်။
ရေးသားသူ – ဇာဇာဗေဒင်
မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။