စိတ်ပိုင်းဆိုင်ရာ အရ သန်မာပီးခွန်အားရှိသလို သြဇာကြီးတဲ့ ရာသီခွင်ခြောက်ခု
မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ စိတ်ပိုင်းဆိုင်ရာ အရ သန်မာပီးခွန်အားရှိသလို သြဇာကြီးတဲ့ ရာသီခွင်ခြောက်ခု ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။
စိတ်ပိုင်းဆိုင်ရာ အရ သန်မာပီးခွန်အားရှိသလို သြဇာကြီးတဲ့ ရာသီခွင်ခြောက်ခု
Aries
Aries လေးတွေဟာ သန်မာပီး ရည်မှန်းချက်ကြီးသလို စိတ်ဓာတ်ခိုင်မာကြသူလေးတွေပါ သူတို့အလိုရှိတဲ့ ဆန္ဒတွေနဲ့ပတ်သက်ရင် ဘယ်လောက်ပဲအခက်အခဲရှိနေပါစေ မျှော်လင့်ချက်ကို လွယ်လွယ်မစွန့်လွှတ်ဘဲ ရအောင်ဆောင်ရွက်နိုင်ကြသူတွေပါ သူတို့လမ်းကြောင်းပေါ်ဘယ်လိုအခက်အခဲတွေပဲရောက်လာပါစေ လုပ်ဆောင်နေသမျှကိုရပ်တန့်ပီးနောက်ဆုတ်သွားမှာမဟုတ်တဲ့ရာသီခွင်လေးပါ ဒါကြောင့်သန်မာပီး သြဇာရှိတဲ့ရာသီခွင်တွေထဲမှာ Aries လေးတွေက ထိပ်ဆုံးကပါဝင်နေပါတယ်
Cancer
Cancer လေးတွေကတော့ ထိလွယ်ရှလွယ်တဲ့စိတ်ကလေးတွေ အကြင်နာတရားကြီးမားပီး ချစ်သူခင်သူ မိသားစုဝင်တွေအပေါ် အရိပ်တခုလိုအုပ်မိုးစောင့်ရှောက်လိုစိတ်ပြင်းပြပီး မိသားစုကိုကာကွယ်ဖို့ စိတ်ခွန်အားအပြည့်နဲ့ သန်မာကြသူလေးတွေပါ
မိသားစုအပေါ် သြဇာညောင်းပီး ပတ်ဝန်းကျင်ကလဲလေးစားအောင်နေတတ်ထိုင်တတ်ကြတဲ့ရာသီခွင်လေးပေါ့ နှလုံးသား နူးညံ့သိမ်မွေ့သလို ထက်မြက်တဲ့စိတ်စွမ်းအားအပြည့်ရှိပီး သြဇာလွှမ်းမိုးနိုင်တဲ့ရာသီခွင်လေးတွေထဲက နှစ်ခုမြောက်ရာသီခွင်လေးအဖြစ် Cancerလေးတွေပါဝင်ပါတယ်
Scorpio
Scorpio လေးတွေဟာ ခေါင်းကြောမာပီး မိမိအလိုရှိရာကိုလုပ်ဆောင်ဖို့ ရာအတွက် တိတ်တိတ်ဆိတ်ဆိတ်နဲ့ဗျူဟာကျကျလုပ်ဆောင်တတ်ကြသူလေးတွေပါ သန်မာပီး ဘယ်လိုအကျိုးဆက်တွေပဲရှိနေပါစေအလိုရှိတဲ့ပန်းတိုင်ကိုရောက်အောင်သွားဖို့ ဝန်မလေးကြသူလေးတွေပေါ့ စိတ်ပိုင်းဆိုင်ရာ စွမ်းရည်ရောရုပ်ပိုင်းဆိုင်ရာစွမ်းရည်ရော ပြည့်စုံပီး သူတပါးအပေါ် လွှမ်းမိုးနိုင် တာတွေကြောင့် သြဇာကြီးမားတဲ့ရာသီခွင်လေးတွေထဲမှာသုံးခုမြောက်ရာသီခွင်အဖြစ် Scorpio လေးတွေလဲပါဝင်နေပါတယ်
Capricorn
Capricorn လေးတွေဟာ ကိုယ်ကောင်းရင်ကိုယ်မှန်နေရင်ဘယ်လိုအရာကိုမှ ကြောက်စရာမဟုတ်ဘူးလို့သတ်မှတ်ထားကြသူလေးတွေပါ အကြောက်တရားနဲတတ်ကြသလို မှန်တယ်ထင်ရင် သတ္တိရှိရှိ ဆက်လက်လုပ်ဆောင်တတ်ကြပီး သန်မာတဲ့စိတ်ခွန်အားကိုပိုင်ဆိုင်ထားကြပါတယ်
ကိုယ်ရဲ့ professional အလုပ် နဲ့ပတ်သက်ရင်ပဲ ဖြစ်ဖြစ် လူအများကြားထဲမှာပဲ ဖြစ်ဖြစ် သြဇာလွှမ်းမိုးမှုရအောင်နေတတ်ထိုင်တတ်ကြပါတယ် လက်တွေ့ကျပီး ထက်မြက်တဲ့စိတ်စွမ်းရည်တွေကြောင့် Capricorn လေးတွေဟာစိတ်ခွန်အားကြီးမားပီးသြဇာလွှမ်းမိုးနိုင်တဲ့ရာသီခွင်လေးတွေထဲမှာ လေးခု
မြောက်ရာသီခွင်အဖြစ်ပါဝင်နေပါတယ်
Leo
Leo လေးတွေဟာ ဘယ်ကိစ္စကို မဆိုအကောင်းမြင်တတ်ပီး အပြုသဘောဆောင်တဲ့စိတ်စွမ်းရည်လေးတွေရှိကြပါတယ် ကိုယ့်ကိုကိုယ်ယုံကြည်မှုအပြည့်ရှိသလို စိတ်ခွန်အားကြီးမားကြပီး အဖိုးတန်တဲ့စကားလုံးတွေနဲ့ တဖက်သူအပေါ် သြဇာလွှမ်းမိုးနိုင်စွမ်းရှိကြသူလေးတွေပါ
တက်ကြွဖျတ်လတ်ပီး စိတ်အားထက်သန်မှုများတဲ့ Leo လေးတွေမှာ သူတို့အပေါ်လေးစားအားကျရတဲ့နောက်လိုက်ကောင်းတွေအမြဲရှိနေတတ်ပါတယ် ဒါကြောင့် Leo လေးတွေဟာစိတ်ခွန်အားကြီးမားပီးသြဇာလွှမ်းမိုးနိုင်တဲ့ရာသီခွင်လေးတွေထဲမှာ ငါးခုမြောက်ရာသီခွင်အဖြစ်ပါဝင်နေပါတယ်
Pisces
Pisces လေးတွေဟာ ကိုယ်ချင်းစာတရားနဲ့ စာနာမှု အပြည့်ရှိကြသူလေးတွေပါ ကိုယ်ချင်းစာမှု စာနာသနား အားနာတတ်မှုတွေကြောင့် ပျော့ညံ့သယောင်ထင်မြင်ရသော် စိတ်စွမ်းရည် ခွန်အားနဲ့ထက်မြက်မှုတွေက လျော့ကျနေတာတော့မဟုတ်ပါဘူး
ဘယ်အရာမဆို အချိန်ပေးလုပ်ဆောင်နိုင်မှု စိတ်ရှည်ဇွဲကောင်းမှုတွေအပြင် သူတပါးအပေါ် ကောင်းမွန်တဲ့အတွေးအမြင်တွေကို ညွှန်ပြပေးနိုင်ကြသူလေးတွေမို့ လူအများက Pisces လေးတွေရဲ့စကားတွေကို နားထောင်လိုကြပါတယ် ဒါကြောင့် Pisces
လေးတွေဟာစိတ်ခွန်အားကြီးမားပီးသြဇာလွှမ်းမိုးနိုင်တဲ့ရာသီခွင်လေးတွေထဲမှာ ခြောက်ခုမြောက်ရာသီခွင်အဖြစ်ပါဝင်နေပါတယ်
ရေးသားသူ – Athena reads the Tarot
မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။