ပယောဂါတို့၏ သဘောလက္ခဏာများ
မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ပယောဂါတို့၏ သဘောလက္ခဏာများ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။
ပယောဂါတို့၏ သဘောလက္ခဏာများ
အမြဲတမ်း မှိုင်ခြင်း၊ ထမင်းကောင်းစွာ မစားခြင်း။စကားကောင်းစွာ မပြောခြင်း၊ ညနေပိုင်းတွင်ငိုခြင်း။အော့အန်နေတတ်ခြင်း။ ရေအသောက်များခြင်း။ည ဘက်ချွေးစီးပျံခြင်း ရင်ဘတ်အောင့်ခြင်း။ဝမ်းဗိုက်တစ်ဝိုက် မခံမရပ်နိုင်အောင့်ခြင်း နာခြင်း။သူတပါးမျက်နှာ ရဲရဲ မကြည့်ရဲခြင်း။ခြေလက် ကုပ်ခြင်း၊ ရုန်းခြင်း လူးခြင်း တက်ခြင်း။ပူးခြင်းကပ်ခြင်း ငိုခြင်း ရယ်ခြင်း တဖျတ်ဖျတ် လူးလိမ့်နေခြင်းကိုယ်အမြဲပူခြင်း။ ညီးတွားနေတတ်ခြင်းမျက်လုံးနီမြန်း၍ ကြောင်တောင်ကြည့်တတ်ခြင်း။လူစိတ်ပျောက်၍ ပူးကာ ငိုငို ရီရီ ဖြစ်ခြင်း။အသားအရေ အလွန်ယားယံခြင်းခြေလက်များကို ကြမ်းတမ်းစွာအမြဲတမ်းပွတ်သပ်နေတတ်ခြင်းတစ်အိမ်သားလုံး တစ်ယောက်ပြီးတစ်ယောက် ဖျားနာခြင်း။မတော်တဆထိခိုက်မှုများ ဆင့်ကဲ ဖြစ်တတ်ခြင်း။အလုပ်ကိုင်များ ပျက်ယွင်းခြင်း ပြသနာပေါ်တတ်ခြင်း။အလုပ်များက သိသာစွာ ပျက်စီး၍မအောင်မြင်မှု များသထက်များလာခြင်းခြေလက်များ တုံတုံရီရီဖြစ်ခြင်း။မကြာခဏဆိုသလို ကြက်သီးမွေးညှင်းများထခြင်း။တစ်နေရာရာသို့ ငေးမော မှိုင်တွေနေတတ်ခြင်း။ရံဖန်ရံခါတစ်ယောက်တည်း စကားများပြောနေတတ်ခြင်း။
လူသာမာန်တို့ မမြင်ရ / မမြင်အပ် သည်များကို
မကြာခဏ မြင်တွေ့ထိပ်လန့်နေတတ်ခြင်း။
လူနှစ်ယောက် မ ချီ မနိုင်အောင် လေးလံခြင်း။
အလိုလိုနေရင်း ပတ်ဝန်းကျင်ကို ထိပ်လန့်တုန်လှုပ်နေခြင်း။
ကျင်ကြီးကျင်ငယ် မထိမ်းနိုင်ခြင်း တအီအီ ငိုနေတတ်ခြင်း။
ကိုယ်လက်အင်္ဂါများ အရိုးအဆစ်များ နာကျင်ကိုက်ခဲနေတတ်ခြင်း။
ဘာလုပ်လုပ် အစဉ်မပြေဖြစ်နေတတ်ခြင်း။
[ ခွေးသော်၎င်း ကြောင်သော်၎င်း ငှက်သော်၎င်း
ရုတ်တရက် နေအိမ်(သို့)ခြံစည်းရိုး တစ်ခုခုသို့
ဝင်တိုက်၍ ကျthayခြင်း လဲကျthayခြင်း ]။
[ ခွေးသော်၎င်း ကြောင်သော်၎င်း ငှက်သော်၎င်း
အကောင်းအတိုင်းလာ၍ မိမိခြံ/အိမ်ရောက်မှ
ရုတ်တရက် လဲကျthayဆုံးသွားခြင်း ]
အောက်ပါ လက္ခဏာတွေမိမိမှာရှိနေပြီး
ဆေးရုံဆေးခန်းမှာရောဂါရှာသော်လည်းမတွေ့ တွေ့ပါသော်လည်းအမျိုးမျိုးကုသ၍မပျောက်ပါက နီးစပ်ရာ အထက်လမ်းဆရာများထံမှာ အမှောင့်ပယောဂ စစ်ဆေးကြည့်ကြပါ။
ဆရာတို့သိအပ်သော ပယောဂကုထုံးယကျမ်းအရ ပယောဂလက္ခဏာ ၁၅ချက်မှာ
(1)ခပ်ဆေးမိသော်။
မနက်စောစောမှိုင်ခြင်း၊ ထမင်းကောင်း
စွာမစားခြင်း၊ စကားကောင်းစွာမပြော
၊ ညနေပိုင်းတွင် ငိုခြင်း။
(2)အခါမိသော်အခါ
မနက်ပိုင်းတွင် အော့အန့်ခြင်း၊ ညဘက်
ချွေးစီပျံခြင်း ၊ရင်ဘက်အောင့်ခြင်း။
(3)ဗူးသွင်းခံရသော်အခါ
နံနက် ညနေ အော့အန်ခြင်း၊ ငိုခြင်း၊
သူတစ်ပါးမျက်နှာရဲရဲမကြည့်ရဲခြင်း။
(4)စုန်း နတ် ဖမ်းစားခံရသော်
နံနက်ပိုင်ကြည်လင်သလောက်၊ နေ့
လည်ပိုင်း စိတ်နောက်ကျိခြင်း ညပိုင်း
ခြေလက်ကုပ်ခြင်း။ ရုန်းခြင်း။ လူးခြင်း။
တက်ခြင်း။
(5)ကဝေဖမ်းစားသော်
ဆရာနဲ့တွေ့သော်အခါ ပူးခြင်း၊ ကပ်ခြင်းခွာခြင်း၊ ငိုခြင်း၊ ရီခြင်း၊ ဆဲခြင်း၊ မခန်
့လေးစားလုပ်ခြင်း၊ အယုတ္တအနတ္တပြောဆိုခြင်း။
(6)ဆယ့်နှစ်ကြိုးစက်မိသော်
နေ့စဉ်အောင့်ခြင်း၊ စကားပြောခက်ထန်ခြင်း၊ မာကျော့ခြင်း၊ အစားမဝင်ခြင်း၊
တဖျတ်ဖျတ်လူးလိမ့်နေခြင်း။
(7)ဇော်ဂနီဖမ်းစားသော်
နေ့ညမပြတ် ပူးခြင်း၊ ညီးတွားနေတက်ခြင်း။
(8)၃၇မင်းနတ်ဖမ်းစားသော
အသားအမြဲပူခြင်း၊ အသားအညိုဖြစ်ခြင်း၊ မျက်လုံးနီခြင်း၊ အစားမဝင်ခြင်း၊
စကားပြောမာကာ အော်ငေါက်တက်ခြင်း။
(9)သရဲ သစ္ဆေဖမ်းစားသော်
ပူးခြင်း ငိုငို ရီရီဖြစ်ခြင်း။
(10)မှင်စာဖမ်းစားသော်
ခြေဖဝါး အလွန်ယားခြင်း ဝမ်းဗိုက်နာ။လူ မကြည့်ရဲခြင်း။
(11)သူယောင်ဖမ်းစားသော်
အမြဲပူးကာ ဆေးကုသလို လုပ်နေတက်ခြင်း။ ဘဝင်မြင့်စကားများပြောခြင်း။
စိတ်ကြီးဝင်ကာ ဟန်တစ်လုံး မာန်တစ်လုံး ပြောတက်ခြင်း။
(12)ဥစ္စာစောင့်ဖမ်းစားသော်
သီးသန့် သီးခြား တစ်ကိုယ်တည်းနေတတ်ခြင်း၊ မူယာ၊မာယာများခြင်း။
အလှပြင်နေတက်ခြင်း။
(13)အောက်လမ်းမိသော်
အစားအသောက်ကြမ်းခြင်း ညစ်ပတ်စွာ စား သောက် ဝတ်စားနေထိုင်တက်ခြင်း။
ဆဲဆိုခြင်း။ မဖွယ်မရာ အပြုအမူများပြုလုပ်တက်ခြင်း ရိုင်းစိုင်းသော်စကား
များပြောဆိုတက်ခြင်း။
(14)အတိုက်ခံရသော်း
တစ်အိမ်လုံး တစ်ယောက်ပြီးတစ်ယောက်ဖျားနာတက်ခြင်း။ ချူခြာခြင်း။
မူးဝေအော့အန်ခြင်း။ မှိန်းနေတက်ခြင်း။မတော်တဆ ထိခိုက်မှုများ ဆင့်ကဲ ဆင့်ကဲဖြစ်တက်ခြင်း။ အလုပ်အကိုင်များပျက်ယွင်းခြင်း။ ပြဿနာပေါ်ခြင်း။ အလုပ်များက သိသားစွာပျက်စီခြင်း မအောင်မြင်မှုများ များသထက်များလာခြင်း။
(15)ရုက္ခစိုးကိုင်သော်
တုံတုံရီရီဖြစ်ခြင်း။ လူနှစ်ယောက်မချီနိုင်အောင်လေးလ့ခြင်း ချီးသေးမနိုင်
ခြင်း။ တအီအီငိုနေတက်ခြင်း။
ဒါမှမဟုတ်….ဒီလိုအဖြစ်တွေ ကြုံနေရပြီလား
၁။ သင့်အိမ်ရှိစီးပွားရေး ရုတ်တရက်
ကျဆင်းသွားခြင်း။
၂။ ရောဂါရှာမရ ဆေးမတိုးခြင်း၊
တရှောင်ရှောင်ဖြစ်နေခြင်း။
၃။ ဘုရားတရားလုပ်ချင်စိတ်မရှိခြင်း၊
လုပ်မရခြင်း။
၄။ အိမ်ရှိလူများနှင့် မျက်နှာခြင်းဆိုင်ရုံ
နှင့် ပြသနာဖြစ်ခြင်း။
၅။ အရင်ထက် စိတ်တ်တို/ ဒေါသ
ထွက်လွယ်ခြင်း။
၆။ လင်မယားချင်း အကြောင်းကြီးငယ် မယ်မယ်ရရမရှိဘဲ မကြာခဏ စကား
များရန်ဖြစ်ကြခြင်း။
၇။အိပ်မက်ဆိုးမက်ခြင်း
၈။ ဘီလူးစီးသကဲ့သို့ဖြစ်ခြင်း
၉။ အနီးအနားမှာ တစ်စုံ တစ်ဦးရှိနေသလို /လိုက်နေသလို ခံစားရခြင်း။
၁၀။ ညနေစောင်းလျှင် ဝမ်းနည်း တွေ
ဝေ ငေးငိုင်နေတတ်ခြင်း။
၁၁။တနေ့တခြား ရန်လိုလာခြင်း
၁၂။ အိပ်မက်ထဲတွင် ခွေးကိုက် မြွေကိုက်
ခြင်း။
၁၃။ မကြာခဏ ကျက်သီးထခြင်း။
၁၄။ အိပ်မက်ထဲတွင် မကြခဏ တောင်တောင် လျှိမြောင် ကြည်လင်သောရေ
ကန်မျာ မြင်မက်ခြင်း။
၁၅။ မရောက်ဖူးသော ဘုရား ကျောင်းကန် စေတီပုထိုး နေရာဒေသတို့ရောက်
လျှင် ဝမ်းနည်း လွမ်းဆွေးသလိုဖြစ်ခြင်း၊ မျက်ရည်ကျခြင်း။
၁၆။ ကိုယ်ပြောလိုက်သည့်အတိုင်း/ကျိန်လိုက်မိသည့်အတိုင်း တကယ်ဖြစ်
နေတတ်ခြင်း။
၁၇။ မိမိဝမ်းဗိုက်ထဲတွင် တစ်စုံတစ်ခု ရှိနေ မွှေနေ လည်နေ ခံစားရခြင်း။
၁၈။ ဆိုးဆိုးဝါးဝါး ဗိုက်အောင့်ခြင်း
(အစာအိမ်ရောဂါနှင့် မှားတတ်သည်)ဗိုက်ထဲမှာ ပူလောင်နေခြင်း။
၁၉။ အိမ် ခြံဝင်းအတွင်း မကောင်းသော. အနံ အငွေ့အသက် များခံစားမိခြင်း၊
အရိပ်အယောင်များတွေ့ရှိခြင်း။
၂၀။ ရှေးနန်းတွင်း မင်းဝတ်မင်းစား
နှင့် လူများဖြင့် အိပ်မက်ထဲတွင် တွေ့ဆုံ
စကားပြောရခြင်း။
၂၁။အိပ်မက်ထဲတွင် တစ်စုံတစ်ယောက်
မှ လာရောက်ကာမဆက်ဆံသလို ခံစား
ရခြင်း။
၂၂။တစ်ချိန်လုံးနီးပါး အကြောတွေ
တက်နေခြင်း။
၂၃။ အိမ်မှာ နေခြင်စိတ်မရှိခြင်း
၂၄။တစ်စုံတစ်ခုကို အမြဲလိုလို ကြောက်လန့်နေတတ်ခြင်း။
၂၅။ လူတွေနှင့် မျက်နှာခြင်းမဆိုင်လိုခြင်း၊ ဆိုင်ရမှာ ကြောက်ရွံ့နေခြင်း။
၂၆။ မကြာခဏ သတ်သေခြင်စိတ်ရှိနေခြင်း၊ သတ်သေချင်အောင်လည်း
တစ်စုံ တစ်ဦးမှ တိုက်တွန်းနေခြင်း။
၂၇။ဘုရားဆင်းတုများ လူကြီးသူမများကိုမြင်လျှင် စော်ကားလိုစိတ်ဖြစ်ပေါ်ခြင်း၊ မဖွယ်မရာများလုပ်လိုခြင်း။
၂၈။တချိန်လုံးကာမစိတ်ဖြစ်ပေါ်နေခြင်း။(မူမမှန်သော ကာမဆက်ဆံမှုများအပါအဝင်)
စသည်အချက်များခံစားရတတ်ပါသည်။
ရေးသားသူ – credit
မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။