အဘပြောခဲ့တဲ့မှော်တံမြက်စည်း”
မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ အဘပြောခဲ့တဲ့မှော်တံမြက်စည်း” ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။
ဂမ္ဘီရလောကီ မှော်အတတ်ပညာမှာ တံမြက်စည်း အရိုးရဲ့:အဖျားဘက်မှာ အခေါင်းပေါက်လေး ပါတာ ရှိတာကို ၀ယ်ရတယ် ။
အဲဒီအပေါက်လေးထဲကို သစ်သားအစို့ကလေး လုပ်ပြီး ပိတ်စို့ထားကာ အစွပ်ကလေးတစ်ခု စွပ်ထားရမယ် ။အရိုးပေါ်ကို အဝါ ၊ အစိမ်း ၊အနီ ဂမ္ဘီရဆေးရောင် သုံးကန့် ခြယ်ထားပါ ။
အဲဒီတံမျက်စည်းကို ဘာမှမလှဲမကျင်းပဲနဲ့ အရိုးကိုအောက်က အဖျားကိုအပေါ်ကထောင်ပြီး အိမ်တွင်း အဝင်ဝနားမှာ ထားပါ ။
ဥာဏ်ရှိသလို အသုံးပြုကြရမှာပဲ ဖြစ်တယ် ။
မလာစေချင်တဲ့လူတွေကို မလာစေချင်ဘူးဆိုရင် အဲဒီတံမြက်စည်းကို လေထဲမှာတင် အိမ်အပြင်ဘက်ကို…
“ထွက် ၊ ထွက် ၊ ထွက်”
လို့ ပြောပြီး မလာစေချင်သူရဲ့မျက်နှာကိုအာရုံပြု လှည်း လိုက်ယုံပါပဲ ။
တံမြက်စည်းနှစ်ချောင်းကို အိမ်အပေါက်ဝမှာ တစ်ချောင်းကို တစ်ဖက်စီကိုင်ပြီး အရိုးတံနှစ်ခုရိုက်ရင်း နှုတ်မှ…
”ထွက် ၊ ထွက် ၊ ထွက် ၊ အိမ်မှာရှိတဲ့ မကောင်းတဲ့ဘာတွေထွက် ၊ ညာတွေထွက်”
ဆိုပြီး ရိုက်မယ်ဆို အိမ်မှာမကောင်းသော အိမ်ဆူ တာတွေ အိမ်သူအိမ်သား ပြဿနာတွေ ပြေပျောက် ပါတယ် ။
နောက်လည်း မိမိအိမ်အပေါက်ကနေ
“မကောင်းတဲ့ကြမ္မာဆိုး ဒုက္ခအခက်အခဲတွေ လွင့်ပျောက်ပြယ်စေ ”
“လာဘ်ပိတ်တာတွေ လွင့်စင်ပပျောက် လွင့်စင်စေ ”
ဒီလိုလုပ်ရင် ဒုက္ခဆိုတာ ဂျိုနဲ့လား ဖြစ်သွားပါမယ် ။
မိမိမှာ ပိုက်ဆံငွေကြေးခက်ခဲနေရင် ပိုက်ဆံ အိတ် ဒါမှမဟုတ် ပိုက်ဆံထားတဲ့ အံဆွဲအပေါ်လေး ကနေ လေထဲမှာတံမြက်စည်းလှည်းသလိုလေး လုပ် ပြီး ဝှေ့ယမ်းရင်း နှုတ်မှ…
”ငွေဝင်ဖို့ ခုနေထစ်နေတာတွေ သွားတော့ ၊ သွား တော့”
ဆိုပြီး ပြောရုံပါပဲ ။
သိုက်က လာခေါ်သလိုလို သိုက်ကြိုးဖြတ်ပွဲထိုးဖြတ်စရာမလိုပါဘူး ။ နာတာရှည်ရောဂါသည် ကံဆိုးမိုးမှောင်ကျတာ ဘာဖြစ်ဖြစ် ဂမ္ဘီရတံမြက်စည်းနဲ့ လူတစ်ယောက် ပက်လက်အိပ်စေပြီး အပေါ်ကနေ အညာစောင်ကြမ်းတစ်ထည်ခြုံလွှမ်းပြီး ဆံဖျားကနေ ခြေဖျားထိ လေပေါ်ကနေ (၇)ကြိမ်လှဲပေးရင်း ဆုတောင်းပြောလိုက်ရုံပါပဲ ။
ရေးသားသူ – သာထက်ဇော်မကွေး
မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။