ကြိုသိတော့ဘုမ္မိလည်းကြောက်စရာမလိုပါ
မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ကြိုသိတော့ဘုမ္မိလည်းကြောက်စရာမလိုပါ
ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။
(၄)ခွင် ဘုမ္မိ၊ ဘုမ္မိကြီး ၊ ဘုမ္မိလေး၊ အပြင်ရန်၊ အတွင်းရန် ၊ မရဏဂြိုဟ်များ အကြောင်း”
ဘုမ္မိ
(၄)ခွင်ဘုမ္မိ ဆိုသည်မှာမြန်မာ့ရိုးရာ မဟာဘုတ်ဗေဒင်ပညာတွင် မိမိ၏ မွေးနေ့ဂြိုဟ်မှစတင်၍ ရေတွက်သော်(၄)ခုမြောက်ဂြိုဟ်ဖြစ်ပါသည်။
ဘုမ္မိကြီး
ဘုမ္မိကြီးဆိုသည်မှာ မိမိမွေးနေ့ဂြိုဟ်မှ (၄)ခုမြောက်ဂြိုဟ်တွင် ဂြိုဟ်အိပ်နေပြီး သက်ခတ်ရာဂြိုဟ်သည် မိမိမွေးနေ့ဂြိုဟ်မှ ရေတွက်သော် (၇)ခုမြောက်ဂြိုဟ်ဖြစ်ပါသည်။
ဘုမ္မိလေး
ဘုမ္မိလေးဆိုသည်မှာ မိမိမွေးနေ့ဂြိုဟ်မှစတင်၍ ရေတွက်သော် (၇) ခုမြောက်ဂြိုဟ်ဖြစ်ပါသည်။
အပြင်ရန်
အပြင်ရန်ဆိုသည်မှာ ဦးညို၊ ခေမာ ၊ သုတ ၊ ဝေရီ ရန်စီစီ ဆိုသည့်အတိုင်း မွေးနေ့နှင့် ရန်ဘက်ကျရောက်သော ဂြိုဟ်တို့ကို ဆိုလိုပါသည်။
အတွင်းရန်
အတွင်းရန်ဆိုသည်မှာ မိမိမွေးနေ့နှင့် မိမိကျရောက်သော သက်ခတ်ဂြိုဟ်မှာ ဓမ္မာ၊ သောက ၊ အင်း၀ ၊ ရာဇာ ဆိုသော အတွင်း ရန်မိသွားခြင်းကို ဆိုလိုပါသည်။
မရဏဂြိုဟ်
မရဏဂြိုဟ်ဆိုသည်မှာ မိမိမွေးသော မြန်မာသက္ကရာဇ်ကို တည်ပြီး(၇) နေ့နံနှင့်စား၍ရသော အကြွင်းကို တည်၍ “အောင်၊ လံ ၊ ထူ၊ စစ် ၊ သူ ၊ ကြီး ၊ ပွဲ” စသော လင်္ကာအရ မရဏကွက်တွင် ကျရောက်နေသော နေ့တွင် ရောက်ရှိသက်ခတ်သောဂြိုဟ်မှာ မရဏဂြိုလ် ဖြစ်ပါသည်။
ခုနှစ်နေ့သားသမီး (၄/၇)ခွင်ဘုမ္မိများ
၁တနင်္ဂနွေ (၄)ခွင် ဘုမ္မိ ဗုဒ္ဓဟူး
(၇) ခွင်ဘုမ္မိ ရာဟု
၂တနင်္လာ (၄)ခွင်ဘုမ္မိ စနေ၊
(၇)ခွင် ဘုမ္မိ သောကြာ
၃အင်္ဂါ (၄)ခွင်ဘုမ္မိ ကြာသပတေး
(၇) ခွင် ဘုမ္မိ တနင်္ဂနွေ
၄ဗုဒ္ဓဟူး (၄)ခွင်ဘုမ္မိ ရာဟု
(၇)ခွင်ဘုမ္မိ တနင်္လာ
၅စနေ (၄)ခွင်ဘုမ္မိ သောကြာ
(၇) ခွင်ဘုမ္မိ အင်္ဂါ
၆ကြာသပတေး (၄)ခွင်ဘုမ္မိ တနင်္ဂနွေ
(၇) ခွင်ဘုမ္မိ ဗုဒ္ဓဟူး
၇သောကြာ (၄)ခွင်ဘုမ္မိ အင်္ဂါ၊
(၇) ခွင်ဘုမ္မိ ကြာသပတေး
၁။တနင်္ဂနွေနေ့သားသမီးများဟောကိန်း
တနင်္ဂနွေနေ့သားသမီးများ၏(၄)ခုမြောက် ဗုဒ္ဓဟူးဂြိုလ်သည် တနင်္ဂနွေ ၊ဗုဒ္ဓဟူး(၁x၄)အင်း၀အတွင်းရန်ဖြစ်ပြီး အကယ်၍ တနင်္ဂနွေသားသမီးသည် (၁)ကြွင်း တနင်္ဂနွေဖြစ်ပါက ထိုရန်ကျ ရောက်သော ဗုဒ္ဓဟူးဂြိုလ်သည် မိမိ၏ မရဏဂြိုဟ်လဲဖြစ်နေပါသည်။
ထို့ကြောင့် (၁)ကြွင်း တနင်္ဂနွေသားသမီးအပါအ၀င် တနင်္ဂနွေသားသမီးများအားလုံး အသက် ၄နှစ်၊ ၁၂နှစ်၊ ၂၀နှစ်၊ ၂၈နှစ်၊ ၃၆နှစ်၊ ၄၄နှစ်၊ ၅၂နှစ်၊ ၆၀နှစ်၊ ၆၈နှစ်၊ ၇၆နှစ်များသည် (၄)ခွင် ဘုမ္မိကျရောက်ပြီး ၊ အသက် (၃၆)နှစ်၊ (၄၄)နှစ်တို့မှာ မရဏဂြိုလ်ကျရောက်နေသဖြင့် ကျန်းမာရေးနှင့် ပတ်သက်လျှင် လေဖြတ်တတ်ခြင်း၊လေဖျန်းတတ်ခြင်း၊ လိပ်ခေါင်းရောဂါ၊ အစာအိမ်ရောဂါ၊ ကျောက်ကပ်အစရှိသော ကိုယ်ခန္ဓာအတွင်းပိုင်းရောဂါများနှင့် အိမ်ထောင်ရေးအဆင်မပြေခြင်း၊ အိမ်ထောင်ပြိုကွဲတတ်ခြင်း၊ အိမ်ထောင်ဘက်အနိစ္စရောက်တတ်ခြင်း၊ ကွဲကွာတတ်ခြင်း ၊ ခွဲခွာရခြင်းများ ကြုံတွေ့နိုင်ပါသဖြင့် အထူးသတိပြုရမည့် နှစ်များဖြစ်ပါသည်။
(၇)ခွင်ဘုမ္မိ (ဘုမ္မိလေး)သည်လည်း ကျန်းမာရေး ထိခိုက်စေမှုနှင့် တိုက်ဆိုင်တတ်ပါသည်။ သတိထားကြစေလိုပါသည်။
၂။#တနင်္လာနေ့သားသမီးများဟောကိန်း
တနင်္လာနေ့သားသမီးများအနေဖြင့်် တနင်္လာဂြိုဟ်မှစတင်၍ ရေတွက်လျှင် (၄)ခုမြောက် စနေဂြိုဟ်သည် (၄)ခွင် ဘုမ္မိနယ်မြေဖြစ်ပါသည်။
အကယ်၍ တနင်္လာသားသမီးသည် (၄)ကြွင်း တနင်္လာဖြစ်ခဲ့သော် ထိုစနေဂြိုလ်ခွင်သည် မရဏနယ်မြေဖြစ်သဖြင့် ပို၍သတိထားရန် လိုအပ်ပါသည်။
ထို့ကြောင့် (၄)ကြွင်း တနင်္လာနေ့သားသမီးများနှင့်တကွ တနင်္လာသားသမီးများအားလုံးသည် အသက် ၄နှစ်၊ ၁၂နှစ်၊ ၂၀နှစ်၊ ၂၈နှစ်၊ ၃၆နှစ်၊ ၄၄နှစ်၊ ၅၂နှစ်၊ ၆၀နှစ်များတွင် အမှုအခင်းဖြစ်တတ်ခြင်း၊ အချုပ်အနှောင်ခံရတတ်ခြင်း ၊ဆေးရုံဆေးခန်းရောက်တတ်ပြီး ခွဲစိတ်ခံရခြင်း၊ အိမ်ထောင်ပြိုကွဲတတ်ခြင်း ၊ အုပ်စုကွဲခြင်း၊အလုပ်ပြုတ်တတ်ခြင်း၊ မီးလောင်ခံရတတ်ခြင်း၊ အမြင့်မှ ပြုတ်ကျတတ်ခြင်းတို့အပြင် အဆိပ်ရှိသောသတ္တဝါများ အကိုက်ခံရတတ်ခြင်း၊ ခွေးကိုက်ခံရတတ်ခြင်း၊ဓားရှတတ်ခြင်း၊ခြေလက်ကျိုးတတ်ခြင်းတို့ ဖြစ်ပေါ်တတ်သဖြင့် အထူးသတိပြုရန် လိုအပ်ပါသည်။
(၇) ခွင်ဘုမ္မိ (ဘုမ္မိလေး)သည်လည်း ကျန်းမာရေး ထိခိုက်စေမှုနှင့် တိုက်ဆိုင်တတ်ပါသည်။ သတိထားကြစေလိုပါသည်။
၃။အင်္ဂါနေ့သားသမီးများဟောကိန်း
အင်္ဂါနေ့သားသမီးများအတွက် အင်္ဂါဂြိုဟ်ခွင်မှစ၍ရေတွက်လျှင် (၄) ခုမြောက်ဂြိုဟ်သည် ဘုမ္မိနယ်မြေ ကြာသပတေးဂြိုဟ် ကြာသပတေး သက်ရောက် ဖြစ်ပါသည်။
အကယ်၍ အင်္ဂါသားသမီးသည် (၂)ကြွင်းအင်္ဂါဖြစ်ခဲ့သော် ထိုနယ်မြေသည် မရဏနယ်မြေ ဖြစ်ပါသည်။
ထို့ကြောင့် (၂)ကြွင်း အင်္ဂါသားသမီးများအားလုံးသည် အသက် ၄နှစ် ၊ ၁၂နှစ် ၊ ၂၀နှစ်၊ ၂၈နှစ် ၊ ၃၆နှစ် ၊ ၄၄နှစ် ၊ ၅၂နှစ် ၊ ၆၀နှစ် ၊ ၆၈နှစ် ၊ ၇၆နှစ်များတွင် စီးပွားရေးလုပ်ငန်းများ ရပ်တန့်သွားတတ်ခြင်း၊ ကျန်းမာရေးညံ့တတ်ခြင်း၊ ငွေကြေးများ ဆုံးရှုံးနစ်နာတတ်ခြင်း အစရှိသည်တို့ကို တွေ့နိုင်သည်ဖြစ်ပါ၍ ထိုသို့သော အသက်အပိုင်းအခြားသို့ ရောက်ရှိ သက်ခတ်ကြသူများ အထူးသတိရှိကြရန် လိုပါသည်။
(၇) ခွင်ဘုမ္မိ (ဘုမ္မိလေး)သည်လည်း ကျန်းမာရေး ထိခိုက်စေမှုနှင့် တိုက်ဆိုင်တတ်ပါသည်။ သတိထားကြစေလိုပါသည်။
၄။ဗုဒ္ဓဟူးနေ့သားသမီးများဟောကိန်း
ဗုဒ္ဓဟူးနေ့သားသမီးများ(ရာဟုသားသမီးများ)အတွက် ဗုဒ္ဓဟူးဂြိုဟ်ခွင်မှစ၍ ရေတွက်လျှင် (၄)ခုမြောက် ရာဟုဂြိုဟ်သည် ဗုဒ္ဓဟူးသားသမီးများ၏ ဘုမ္မိနယ်မြေ ဖြစ်ပါသည်။
ဦးညို ၊ ခေမာ ၊ သုတ ၊ ဝေရီ ဆိုသည့်အတိုင်း (ဝေရီ) အပြင်ရန်လည်း ဖြစ်ပါသည်။ အကယ်၍ ဗုဒ္ဓဟူးသားသမီးသည် (၁)ကြွင်းဖြစ်ခဲ့သော် ရာဟုနယ်မြေသည် မရဏနယ်မြေ လည်းကျရောက်နေပါသည်။
ထို့ကြောင့် (၁)ကြွင်း ဗုဒ္ဓဟူးနေ့သားသမီး(ရာဟုသားသမီး)နှင့်တကွ ဗုဒ္ဓဟူးနေ့သားသမီးများ အားလုံးသည် အသက် ၄နှစ်၊ ၁၂နှစ်၊ ၂၀နှစ်၊ ၂၈နှစ်၊ ၃၆နှစ်၊ ၄၄နှစ်၊ ၅၂နှစ်၊ ၆၀နှစ်၊ ၆၈နှစ်၊ ၇၆နှစ်များတွင် စီးပွားရေးလုပ်ငန်းများ အတိုက်အခံ ဖြစ်ပေါ်တတ်ခြင်း၊ ကျန်းမာရေးရုတ်တရက်ညံ့ခြင်း၊ လေဖြတ်တတ်ခြင်း၊လေဖျန်းတတ်ခြင်း ၊အိမ်ထောင်ပြိုကွဲတတ်ခြင်း၊ လင်ငယ် မယားငယ် ပြဿနာပေါ်ပေါက်တတ်ခြင်း အစရှိသည်တို့ကို ကြုံတွေ့နိုင်ပါ၍ အထူးသတိပြုရန်လိုအပ်ပါသည်။
(၇) ခွင်ဘုမ္မိ (ဘုမ္မိလေး)သည်လည်း ကျန်းမာရေး ထိခိုက်စေမှုနှင့် တိုက်ဆိုင်တတ်ပါသည်။ သတိထားကြစေလိုပါသည်။
၅။စနေနေ့သားသမီးများဟောကိန်း
စနေနေ့ သားသမီးများအတွက် စနေဂြိုဟ်မှစ၍ ရေတွက်ခဲ့သော် (၄)ခုမြောက် ဂြိုဟ်မှာသောကြာဂြိုဟ် ဘုမ္မိနယ်မြေဖြစ်ပါသည်။
စနေနေ့သားသမီးများသည် သောကြာဂြိုဟ်နှင့် အပြင်ရန် သုတ (၆x၀) ကျရောက်လျက်ရှိပြီး အကယ်၍ (၃)ကြွင်း စနေဖြစ်ခဲ့ပါက ထိုသောဂြိုဟ်သည် မရဏဂြိုဟ် ကျရောက်မည် ဖြစ်ပါသည်။
ထို့ကြောင့်(၃)ကြွင်း စနေနေ့သားသမီး နှင့်တကွ စနေနေ့သားသမီးများအားလုံးသည် အသက် ၄နှစ် ၊ ၁၂နှစ်၊ ၂၀နှစ် ၊ ၂၈နှစ် ၊ ၃၆နှစ် ၊ ၄၄နှစ် ၊ ၅၂နှစ် ၊ ၆၀နှစ် ၊ ၆၈နှစ်၊ ၇၆နှစ်များတွင် ခရီးဝေးသွားမိ၍ ကားမှောက်တတ်ခြင်း၊ ရထား မှောက်တတ်ခြင်း၊ လှေမှောက်တတ်ခြင်း၊ သင်္ဘောနစ်တတ်ခြင်း၊ လေယာဉ်ပျံ ပျက်ကျတတ်ခြင်း၊ ကားအစရှိသော ယာဉ်ရထားများ တိုက်မိ၍ထိခိုက်ဒဏ်ရာရရှိခြင်း၊စီးပွားရေးလုပ်ငန်း အတိုက်အခံပေါ်လာခြင်း၊ အမှုအခင်းအချုပ်အနှောင်ကျရောက်တတ်ခြင်း အစရှိသည်တို့ကို ကြုံတွေ့နိုင်၍ အထူးသတိပြုရန် လိုအပ်ပါသည်။
(၇)ခွင်ဘုမ္မိ (ဘုမ္မိလေး)သည်လည်း ကျန်းမာရေး ထိခိုက်စေမှုနှင့် တိုက်ဆိုင်တတ်ပါသည်။ သတိထားကြစေလိုပါသည်။
၆။ကြာသပတေးနေ့သားသမီးများဟောကိန်း
ကြာသပတေးနေ့သားသမီးများအတွက် ကြာသပတေးဂြိုဟ်မှစ၍ ရေတွက်လျှင် (၄)ခု မြောက်ဂြိုဟ်သည် တနင်္ဂနွေဂြိုဟ် ဘုမ္မိနယ်မြေဖြစ်ပါသည်။
အကယ်၍ ကြာသပတေးနေ့ သားသမီးသည် (၅)ကြွင်း ကြာသပတေးဖြစ်ခဲ့သော် မရဏနယ်မြေလည်းဖြစ်ပါသည်။ ထို့ကြောင့် (၅)ကြွင်း ကြာသပတေးနေ့သားသမီးသည် တနင်္ဂနွေဂြိုဟ် တနင်္ဂနွေသက်ရောက် နယ်မြေသို့ ရောက်ခဲ့သော် မရဏနယ်မြေဖြစ်၍ အထူး သတိပြုရန် လိုအပ်ပါသည်။
ထို့ကြောင့် (၅)ကြွင်းကြာသပတေးသားသမီးနှင့်တကွ ကြာသပတေးသားသမီးများအားလုံးသည် အသက် ၄နှစ်၊ ၁၂နှစ်၊ ၂၀နှစ်၊ ၂၈နှစ်၊ ၃၆နှစ်၊ ၄၄နှစ်၊ ၅၂နှစ်၊ ၆၀နှစ်၊ ၆၈နှစ်၊ ၇၆နှစ်များတွင် ကျန်းမာရေးနှင့်ပတ်သက်၍ အမျိုးသမီးများသည် သားအိမ်နှင့်ပတ်သက်သော ရောဂါများ ရရှိတတ်ကြပါသည်။ အမျိုးသားများမှာမူ အူကျရောဂါ၊ အစာအိမ်ရောဂါများ ရရှိတတ်ကြပါသည်။အိုးအိမ်ခြံမြေ ၊ အမွေကိစ္စများရှုပ်ထွေးတတ်ကြခြင်း ဖြစ်တတ်၍ ဤအသက်အပိုင်းအခြားများတွင် ခရီးဝေးထွက်ခဲ့လျှင် ဓားပြတိုက်ခံရတတ်ခြင်း၊ အမျိုးသမီးဖြစ်က မုဒိမ်းမှုများနှင့် တိုက်ဆိုင် ဖြစ်ပေါ်နိုင်ပါ၍ အထူးသတိပြုရန် လိုအပ်ပါသည်။
(၇) ခွင်ဘုမ္မိ (ဘုမ္မိလေး)သည်လည်း ကျန်းမာရေး ထိခိုက်စေမှုနှင့် တိုက်ဆိုင်တတ်ပါသည်။ သတိထားမိကြစေလိုပါသည်။
၇။သောကြာနေ့သားသမီးများဟောကိန်း
သောကြာနေ့သားသမီးများအတွက် သောကြာဂြိုဟ်မှစ၍ ရေတွက်ခဲ့သော် (၄)ခုမြောက် အင်္ဂါ ဂြိုဟ်သည် ဘုမ္မိနယ်မြေဖြစ်ပါသည်။
အကယ်၍ သောကြာသားသမီးများသည် (၀)ကြွင်း သောကြာဖြစ်ခဲ့သော် အင်္ဂါနယ်မြေသည် မရဏဂြိုဟ်လည်းဖြစ်ပါသည်။
ထို့ကြောင့် (၀)ကြွင်း သောကြာသားသမီးများနှင့်တကွ သောကြာသားသမီးများအားလုံး အသက် ၄နှစ်၊ ၁၂နှစ်၊ ၂၀နှစ်၊ ၂၈နှစ်၊ ၃၆နှစ်၊ ၄၄နှစ် ၊ ၅၂နှစ် ၊ ၆၀နှစ် ၊ ၆၈နှစ် ၊ ၇၆နှစ် ၊ ၈၄နှစ်များတွင် ဗြုန်းခနဲ အက်ဆီးဒင့်ဖြစ်သေဆုံးတတ်ခြင်း၊ အလုပ်အကိုင်များ အပြောင်းအလဲဖြစ်သွားတတ်ခြင်း၊ လက်ရှိစီးပွားရေး ကမောက်ကမဖြစ်၍ ရပ်ဆိုင်းသွားတတ်ခြင်း၊ မြစ်ကူးချောင်းဖျား ဝေးလံသောနေရာများသို့ ပြောင်းရွှေ့နေထိုင်ရတတ်ခြင်း၊ အတူနေမိသားစုများ အထင်လွဲ၍ စိတ်၀မ်းကွဲသွားတတ်ကြခြင်း၊ အိမ်ထောင်ဘက်နှင့် မကြာခဏ စကားများခြင်း၊ ငွေကြေးကိစ္စများ အမှုအခင်းများဖြစ်တတ်ခြင်း၊ ကြွေးတင်၍ ပြန်မဆပ်နိုင်တတ်ခြင်း၊ မိမိရရှိရန်ရှိသော ငွေကြေးများ မရရှိတတ်ခြင်း အစရှိသော အမှုကိစ္စများ ကြုံတွေ့နိုင်ပါ၍ အထူးသတိပြုရန် လိုအပ်ပါသည်။
(၇) ခွင်ဘုမ္မိ (ဘုမ္မိလေး)သည်လည်း ကျန်းမာရေး ထိခိုက်စေမှုနှင့် တိုက်ဆိုင်တတ်ပါသည်။ သတိထားကြစေလိုပါသည်။
ထိုသို့ ရင်ဆိုင်ကြုံတွေ့ရတတ်သော ဘုမ္မိ ၊ ရန် ၊ မရဏပြဿနာများသည် အန္တရာယ်ကြီးမားလှသော်ငြားလည်း နည်းလမ်းသိရှိပါက မခက်ခဲပါ။ အဘဆရာကြီးဒေါက်တာမင်းသိင်္ခကိုယ်တိုင်ကျွနု်ပ်တို့ကိုသင်ပြထားခဲ့သောပညာရပ်များဖြင့်ဖြေရှင်းလိုက်ပါက ကံကြမ္မာအညံ့အခိုက်များလွယ်ကူစွာ ကျော်ဖြတ်နိုင်ပြီး ကျန်းမာ ချမ်းသာ အောင်မြင်ပါမည်ဖြစ်ကြောင်း အသိပေးအပ်ပါသည်။
သို့တည်းမဟုတ်ပါကလည်း နီးစပ်ရာအမှန်စင်စစ် တတ်ကျွမ်းနားလည်သော မဟာဘုတ်ပညာရှင်ကြီးများ နှင့် သက်ခတ်ပညာရှင်ကြီးများထံမှာ နဝင်းစီးယတြာများကို မေးမြန်းတောင်းခံနိုင်ကြပါသည်။
ရေးသားသူ – စာရေးဆရာ သာထက်ဇော်(မကွေး) တဲရော့ ၊ ဗေဒ ၊ လက္ခဏာ
မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။