ဆီးနှင်းရှင်းယာဉ်မတော်တဆမှုဖြစ်ခဲ့တဲ့ ဂျရမီ ရန်နာ ပြန်လည်သက်သာလာပြီး ဆေးရုံကဆင်းရပြီ
မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ဆီးနှင်းရှင်းယာဉ်မတော်တဆမှုဖြစ်ခဲ့တဲ့ ဂျရမီ ရန်နာ ပြန်လည်သက်သာလာပြီး ဆေးရုံကဆင်းရပြီ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။
အသက် ၅၂ နှစ်အရွယ်ဟောလိဝုဒ်မင်းသား ဂျရမီ ရန်နာဟာ သူ့အိမ်အနီးနားမှာ ဆီးနှင်းရှင်းယာဉ်မတော်တဆမှုဖြစ်ပြီး ရင်ဘတ်နဲ့အရိုးအကြောပိုင်းဆိုင်ရာဒဏ်ရာတွေရရှိခဲ့လို့ ဆေးရုံတက်ရောက်ကုသမှုခံယူနေခဲ့ရတာပါ။ အခုဆို ဆေးရုံတက်ပြီး (၂) ပတ်ကျော်အကြာမှာ ပြန်လည်သက်သာလာခဲ့ကာ ဇန်နဝါရီ ၁၇ ရက်နေ့မှာ ဆေးရုံကဆင်းပြီး အိမ်ပြန်ရောက်နေပါပြီ။
သူ ဆေးရုံကဆင်းပြီး အိမ်ပြန်ရောက်နေတယ်ဆိုတာကို သူ့ရဲ့လူမှုကွန်ယက်အကောင့်ကနေ ပရိသတ်တွေကို အသိပေးခဲ့တာပါ။ “ကျွန်တော် ပြန်လည်သက်သာနေပါပြီ။ အိမ်မှာ သူ့မိသားစုနဲ့အတူ The Mayor of Kingstown အပိုင်း ၂၀၁ ကို ကြည့်ဖို့အတွက် အရမ်းစိတ်လှုပ်ရှားမိပါတယ်”လို့ ရေးသားခဲ့တာပါ။
တနင်္လာနေ့က ဂျရမီဟာ အိမ်ကို လွမ်းနေတယ်ဆိုတဲ့စာသားနဲ့အတူ နှင်းကျနေတဲ့မြင်ကွင်းဓာတ်ပုံကို အင်စတာဂရမ်မှာ တင်ခဲ့ပြီး တစ်ရက်အကြာမှာ ဆေးရုံကဆင်းပြီး အိမ်ပြန်ရောက်ရှိနေတာပါ။
ဂျရမီရန်နာဟာ နှစ်သစ်ကူးနေ့က နှင်းတွေထူထပ်နေတဲ့တောင်ရဲ့နံဘေးရှိ သူ့ရဲ့အိမ်အပြင်ဘက်မှာ သောင်တင်နေတဲ့ကားတစ်စီးကို ကူညီရန်ကြိုးပမ်းခဲ့စဉ် ဆီးနှင်းရှင်းယာဉ်မတော်တဆမှုဖြစ်ခဲ့တာဖြစ်တယ်လို့ ရီနိုမြို့တော်ဝန် ဟီလာရီချိဗ်ရဲ့ပြောစကားအရ သိရပါတယ်။
ရေးသားသူ – Yoyarlay
မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။