ကလေးငယ်များ နှာပိတ်နေလျှင်အကောင်းဆုံးနည်း
ဝဲနှင်းခူအတွက်_ရွှေဖရုံအရွက်
မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ကလေးငယ်များ နှာပိတ်နေလျှင်အကောင်းဆုံးနည်း ဝဲနှင်းခူအတွက်_ရွှေဖရုံအရွက် ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။
ကလေးသူငယ်များ နှာစေး နှာပိတ် ဖြစ်တဲ့အခါများမှာ ဆေးအဖြစ်အသုံးဝင်တဲ့ ရွှေဖရုံသီးအညှာရွှေဖရုံသီး၏ အညှာကို ကလေးသူငယ်များအတွက် ဆေးဝါးတစ်ခုအနေနဲ့အသုံးပြုလိုရပါတယ်။
ကလေးသူငယ်များ နှာစေး နှာပိတ် ဖြစ်တဲ့အခါများမှာ သုံးပေးလို့ရပါတယ်။ဒီဆေးနည်းလေးဖြင့် သင့်ပတ်ဝန်းကျင်မှာရှိတဲ့ ကလေးသူငယ်များ နှာစေးနှာပိတ်ဖြစ်တဲ့အခါများမှာ ကုသပေးလို့ရပါတယ်။
ငယ်ရွယ်တဲ့ ကလေးသူငယ်များမှာ နှာစေးနှာပိတ် ဖြစ်သော်လည်း မပြောတတ် မသိတတ်သေးပါ။ကလေးများ အသက်ရှုမဝြပီး ပါးစပ်ကလေး ဟ-ဟပြီး အသက်ရှုနေတာကိုတွေလျှင် လူကြီးမိဘများက ကလေးနှာစေး နှာပိတ် ဖြစ်နေပြီဆိုတာကို သိနားလည်ပေးရပါမယ်။
အဲဒီလို နှာစေးရင် ရွှေဖရုံသီးအညှာကို ကျောက်ပျဉ်မှာ ရေနဲ့သွေးပြီး ကလေး၏နှာတံပေါ်ကို အထက်မှအောက်သို. ဆွဲလိမ်းချပေးလိုက်ပါ။(၃)(၄)ကြိမ်လိမ်းပေးရပါမယ်။
အဲဒီလို လိမ်းပေးပြီး နာရီဝက် မှ တစ်နာရီအတွင်းမှာ ကလေးများ နှာစေး နှာပိတ်တာချက်ခြင်း ပျောက်ပြီး အသက်ရှု ကောင်းလာတာကို မြင်တွေ.ရပါမယ်။ကလေးသူငယ်များ နှာစေးနှာပိတ်ဖြစ်နေလျှင် ယခုနည်းဖြင့် လက်တွေ့ကုသပေးနိုင်ပါတယ်။
ဝဲနှင်းခူအတွက်_ရွှေဖရုံအရွက်
” ဝဲနှင်းခူ အစို သက်သာပျောက်ကင်းစေသော ဆေးနည်း ”
ဝဲနှင်းခူအစို သက်သာပျောက်ကင်းစေသော ဆေးနည်းပင် ဖြစ်ပါသည်။ဤဆေးသည် ဟင်းသီးဟင်းရွက်ပဲအဓိက သုံးရတဲ့ဆေးနည်းကောင်း ဖြစ်ပါသည်။ လူသားများ၏ ခြေသလုံးတွင် ပေါက်တတ်သော ဝဲနှင်းခူအစိုကို ရွှေဖရုံရွက် မီးရှို့ပြာချပြီး ၎င်းပြာကို အုန်းဆီနှင့် ဖျော်စပ်၍ လူးလိမ်းပေးခြင်းပင် ဖြစ်ပါသည်။
ရေးသားသူ – San thitsa news
မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။