ဆားလင်းကြီးမြို့နယ်၊ ဖောင်းကတာကျေးရွာနှင့် ဘင်္ကါကျေးရွာကို စစ်တပ်က ယခု မီးတင်ရှို့နေပြီး ပြည်သူ ၁၀၀၀၀ ကျော် ထွက်ပြေးနေရ

Local News
ဆားလင်းကြီးမြို့နယ်၊ ဖောင်းကတာကျေးရွာနှင့် ဘင်္ကါကျေးရွာကို စစ်တပ်က ယခု မီးတင်ရှို့နေပြီး ပြည်သူ ၁၀၀၀၀ ကျော် ထွက်ပြေးနေရ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ဆားလင်းကြီးမြို့နယ်၊ ဖောင်းကတာကျေးရွာနှင့် ဘင်္ကါကျေးရွာကို စစ်တပ်က ယခု မီးတင်ရှို့နေပြီး ပြည်သူ ၁၀၀၀၀ ကျော် ထွက်ပြေးနေရ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။


ရန်ကုန်၊ ဇန်နဝါရီ ၆

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ ဖောင်းကတာကျေးရွာနှင့် ဘင်္ကါကျေးရွာကို စစ်တပ်က ယနေ့ မွန်းလွဲပိုင်းတွင် ဝင်ရောက်မီးရှို့နေကြောင်း ဒေသပြည်သူများနှင့် ကာကွယ်ရေးတပ်ဖွဲ့များထံမှ သိရှိရသည်။

ဇန်နဝါရီ ၆ ရက်နေ့ မွန်းလွဲ ၁ နာရီအချိန်တွင် စစ်တပ်က ဆားလင်းကြီးမြို့နယ်၊ ဖောင်းကတာကျေးရွာနှင့် ဘင်္ကါကျေးရွာကို စစ်တပ်က ယနေ့ မွန်းလွဲပိုင်းတွင် ဝင်ရောက်မီးရှို့ခြင်းဖြစ်ကြောင်း၊ မီးရှို့နေသော စစ်ကြောင်းသည် အင်အား ၁၀၀ ကျော်ရှိပြီး lat nat ကြီးများ ပစ်ခတ်ကာ ကျေးရွာများအတွင်း ဝင်ရောက်လာခြင်းဖြစ်ကြောင်း၊ ယင်းနောက် ကျေးရွာရှိ ပြည်သူပိုင်နေအိမ်များကို မီးတင်ရှို့ခြင်းဖြစ်ကြောင်း သိရှိရသည်။

 

“ဆားလင်းကြီးမြို့နယ်အတွင်းမှာ ဇန်နဝါရီ ၃ ရက်နေ့ မုံရွာကနေ မော်တော်အမြန်ယာဥ်တစ်စီးနဲ့ လာတဲ့ ခွေးတွေက ဆားလင်းကြီးမြို့ပေါ်ကနေ တဆင့်‌ ဇန်နဝါရီလ ၅ ရက်နေ့မှာ အင်အား ၁၀၀ ကျော်နဲ့ စစ်ကြောင်းထိုးတယ်။ ဇန်နဝါ ရီလ ၆ ရက်နေ့မှာ ဘင်္ကါးကျေးရွာ၊ ဖောင်းကတာ ကျေးရွာ ပြည်သူနေအိမ်တွေကို မီးရှို့ဖျက်ဆီးနေပါတယ်” ဟု ယင်းမာပင်ခရိုင်တပ်ရင်း ၂၈၊ ဓားမဆိုင်းတပ်မတော်D.M.S.Aအထူးတိုက်ခိုက်ရေးအဖွဲ့မှ ဗိုလ်ထွဋ်ခေါင်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

လက်ရှိတွင် ကျေးရွာများမှ ပြည်သူ ၁၀၀၀၀ ကျော်မှာလည်း ထွက်ပြေးတိမ်းရှောင်နေရပြီး လတ်တလော စစ်တပ်၏ ဖမ်းဆီးမှုခံရသော ပြည်သူ မရှိကြောင်း သိရှိရသည်။

ရေးသားသူ – ခေတ်သစ်မီဒီယာ

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...