တိုက်စစ်မှူးသစ်ဂတ်ပို၏ စိတ်ဓာတ်နှင့် ခြေစွမ်းကို နည်းပြကလော့ပ်ချီးကျူး မိုချန်ဂလာဘက်ချ်တိုက်စစ်မှူး မားကပ်ရှ်သူရမ်ကို ခေါ်ယူရန် ချဲလ်ဆီးကြိုးပမ်း

Sports

တိုက်စစ်မှူးသစ်ဂတ်ပို၏ စိတ်ဓာတ်နှင့် ခြေစွမ်းကို နည်းပြကလော့ပ်ချီးကျူး
မိုချန်ဂလာဘက်ချ်တိုက်စစ်မှူး မားကပ်ရှ်သူရမ်ကို ခေါ်ယူရန် ချဲလ်ဆီးကြိုးပမ်း

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ တိုက်စစ်မှူးသစ်ဂတ်ပို၏ စိတ်ဓာတ်နှင့် ခြေစွမ်းကို နည်းပြကလော့ပ်ချီးကျူး မိုချန်ဂလာဘက်ချ်တိုက်စစ်မှူး မားကပ်ရှ်သူရမ်ကို ခေါ်ယူရန် ချဲလ်ဆီးကြိုးပမ်း ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

တိုက်စစ်မှူးသစ်ဂတ်ပို၏ စိတ်ဓာတ်နှင့် ခြေစွမ်းကို နည်းပြကလော့ပ်ချီးကျူး

ဝုဗ်အသင်းနဲ့ အက်ဖ်အေဖလားပွဲစဉ်မှာ ပွဲဦးထွက် ကစားမယ့် လီဗာပူး တိုက်စစ်မှူးသစ်ဂတ်ပိုရဲ့စိတ်ဓာတ်နဲ့ ခြေစွမ်းကို နည်းပြ ကလော့ပ်ကချီးကျူးပါတယ်။

ဂတ်ပိုဟာ ဟော်လန်ကလပ်ပီအက်စ်ဗွီကနေ ပေါင် ၄၄ သန်းနဲ့ ပြောင်းရွှေ့လာခဲ့ပြီးနောက် တနင်္ဂနွေနေ့မှာကစားမယ့် ဝုဗ်အသင်းနဲ့ အက်ဖ်အေဖလားပွဲစဉ်က ပထမဦးဆုံးပွဲစဉ်ဖြစ်လာမှာပါ။

တိုက်စစ်မှူးသစ်ဂတ်ပိုအပေါ် ပထမဆုံးထင်မြင်ချက်က အလွန်ကောင်းမွန်ပြီး ဝုဗ်အသင်းနဲ့ပွဲစဉ်မှာ သေချာပေါက်ပါဝင်လာမှာဖြစ်တယ်လို့ နည်းပြ ကလော့ပ်ကလည်းအတည်ပြုပါတယ်။

ဒါ့အပြင် လာမယ့်ရာသီမှာ လီဗာပူးအသင်းက ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့ အာမ မခံနိုင်တဲ့ အခုလိုအခြေအနေမှာ ဂတ်ပိုဟာ ရထားပေါ်ကို အရန်သင့် ခုန်တက်လိုက်ချင်သူမဟုတ်ဘဲ ရထားကို တွန်းပေးဖို့ ဆန္ဒရှိသူဖြစ်ကြောင်းလည်း နည်းပြကလော့ပ်က ချီးကျူးခဲ့ပါတယ်။

မိုချန်ဂလာဘက်ချ်တိုက်စစ်မှူး မားကပ်ရှ်သူရမ်ကို ခေါ်ယူရန် ချဲလ်ဆီးကြိုးပမ်း

Chelsea 'join Man Utd in Marcus Thuram transfer race' as they prepare to  launch January bid for France World Cup star | The Sun

ချဲလ်ဆီးအသင်းဟာ ဂျာမန်ကလပ် မိုချန်ဂလာဘက်ရှ်တိုက်စစ်မှူး မားကပ်ရှ်သူရမ်ကိုခေါ်ယူဖို့ ကြိုးပမ်းနေပါတယ်။

အသက် ၂၅ နှစ်ရှိ ပြင်သစ်တိုက်စစ်မှူးကို အင်္ဂလန်နဲ့ တခြားဥရောပကလပ်တွေကလည်း ခေါ်ယူဖို့ စောင့်ကြည့်နေကြတာပါ။

သူဟာ အခုနှစ်ရာသီအကုန်မှာ အသင်းနဲ့စာချုပ်သက် တမ်းကုန်ဆုံးမှာဖြစ်ပြီး တိုက်စစ်ပိုင်းအားနည်းနေတဲ့ ချဲလ်ဆီးကခေါ်ယူဖို့ မျက်စိကျလာခဲ့တာပါ။

ပြင်သစ်ဂန္ထဝင်ကစားသမား လီလီယန်သူရဲ့သားဖြစ်သူ မားကပ်ရှ်သူရမ်ဟာ ပြီးခဲ့တဲ့ ၂၀၂၂ ကမ္ဘာ့ ဖလားမှာ ပါဝင်ကစားခဲ့ပါသေးတယ်။

ဘွန်ဒက်စ်လီဂါပွဲစဉ် ၁၅ ပွဲမှာ ၁၀ ဂိုးသွင်းယူထားပြီး ချဲလ်ဆီးအသင်းက အရေးပေါ်အခြေအနေနဲ့ အမြန်ဆုံးခေါ်ယူသွားဖို့ ကြိုးပမ်းနေတယ်လို့ သတင်းတွေကဖော်ပြခဲ့ကြပါတယ်။

ချဲလ်ဆီးအသင်းဟာ နော်တင်ဟမ်ဖောရက်စ်နဲ့ သရေကျခဲ့ပြီးနောက် မန်စီးတီးကို ထပ်ရှုံးခဲ့လို့ ပရီးမီးယားလိဂ်အဆင့် ၁၀ မှာရပ်တည်နေပါတယ်။

ရေးသားသူ – DVB TV News

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...