ခေါင်ရမ်းပန်းသို့မဟုတ်ဆည်းလည်းပန်းအသုံး၀င်ပုံ

Astrology

ခေါင်ရမ်းပန်းသို့မဟုတ်ဆည်းလည်းပန်းအသုံး၀င်ပုံ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ခေါင်ရမ်းပန်းသို့မဟုတ်ဆည်းလည်းပန်းအသုံး၀င်ပုံ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ခေါင်ရမ်းပန်းသို့မဟုတ်ဆည်းလည်းပန်းအသုံး၀င်ပုံ

ကမ္ဘာပေါ်မှာ လာပွင့်တဲ့နတ်ပန်းကို ပြပါဆိုရင်
” ခေါင်ရမ်းပန်း”ကို လက်ညှိုးထိုး ပြရလိမ့်မယ် ။
ခေါင်ရမ်းပန်းနဲ့ ပတ်သက်ပြီးကျွန်တော်တို့ လူမျိုးဟာ အစွဲကြီးခဲ့ကြတယ် ။

ဒါဟာအသုဘပန်း ၊ အလောင်းတွေမှာပန်ရတာမကောင်းတဲ့ပန်း ၊ အမင်္ဂလာပန်းလို့သမုတ်ပြီး
ဒီပန်းတွေကိုတွေ့ရရင်ကို စိတ်ထဲမှာအဆင်မပြေကြတာတွေ ၊ ထိမိတို့မိရမှာကိုတောင် လက်ရွံ့ကြတဲ့အထိ လူအတော်များများ မလိုလားတဲ့ပန်း ဖြစ်နေခဲ့တယ် ။

တတ်သလောက် ဘိုလိုမှုတ်ရရင် ခေါင်ရမ်းပန်းတွေဟာ Negative Energy Wave တွေကို ပြန်ဆင့်ခေါ်နိုင်တဲ့ ပန်းအမျိုးအစားပဲ ။

နားလည်လွယ်အောင်ပြောရရင်ကုန်ဆုံးသွားတဲ့ စွမ်းအင်တွေ ပြန်ဖြည့်တဲ့ပန်း ၊ ကိုယ့်မှာ မရှိတော့တာတွေကို ရှိအောင် ပြန်လုပ် ပေးနိုင်တဲ့ပန်းပဲ ။

ဥပမာဆိုရရင် အမျိုးသမီးတစ်ယောက်ကအရွယ်ရောက်လို့မှ သီးချိန်တန် မသီး
ပွင့်ချိန်တန် မပွင့်ဖြစ်ရင် ခေါင်ရမ်းပန်းကို ပန်ပြီးအချစ်သီချင်း မြူးမြူးလေးတွေ ဆိုပေးမယ်ဆိုရင် ချစ်တဲ့ကြိုက်တဲ့ အမျိုးသားတွေ တစ်ပုံကြီး ပေါ်လာတော့တာပဲ ။ဒီလိုပဲအရွယ်လွန်တဲ့အပျိုကြီးတွေလည်းအိမ်ထောင်ကျကိုကျတယ် ၊ ဆိုမယ့်သီချင်းရွေးသာထားပြီး ခေါင်ရမ်းပန်းသာရှာထားပေတော့ ။

ဒါ့ပြင် ငွေကြေးခက်ခဲတဲ့ မိသားစုတွေမှာဆိုရင်လည်း ခေါင်ရမ်းပန်းပင် စိုက်ထားရုံနဲ့ခေါင်ရမ်းပန်းက သူ့ပတ်ဝန်းကျင်မှာ ရှိသင့်ရှိထိုက်ပြီး လိုအပ်နေတာတွေ ဖြည့်ပေးတဲ့အစွမ်းရှိလို့ ငွေကြေးအဆင်ပြေလာမယ် ။

အဲဒီလိုပဲ လင်ကပစ်ပစ် မယားကပစ်ပစ် အဲ့လိုလူတွေ ၊ ခေါင်ရမ်းပန်းပန်ပြီး(၅)ရက်လောက်သာ ညအိပ်လိုက် ၊ ရောက်ရာအရပ်ကနေ အိမ်ရောက်လာလိမ့်မယ် ။

အဲဒီလို ရှိရင်းစွဲကနေ ဆုံးရှုံးသွားတဲ့ အရာတွေကို
ပြန်ဆွဲယူနိုင်တဲ့ အစွမ်းရှိလို့ ရှေးအခါက သေသွားတဲ့ မသာတွေကို ပါးစပ်ထဲမတ်စေ့ထည့် ၊ ခေါင်ရမ်းပန်းပန်ပေးပြီး မန်းမှုတ်လိုက်တာနဲ့ မသာက သူ့ဟာသူ ကူးတို့ဆိပ်ထိသွား ၊ တစ်ဖက်ကမ်းထိ ကိုယ့်ဘာသာ လှေလှော်ပြီးသွားသေတယ် ။ “ကိုယ့်မသာကိုယ်ချ”ဆိုတဲ့စကား အဲဒီမှာ စတယ်ထင်တာပါပဲ ။

ဒါတင်ပဲလားဆိုတော့ အကယ်၍ မိမိဟာ ဆံပင်ကျွတ်ခြင်း ၊ဆံပင်ပါးခြင်း ၊ ဆံပင်မသန်ခြင်းနှင့် ဦးရေပြားပေါ်၌ ဘောက်စွဲကပ်ခြင်းများ ဖြစ်နေတယ်ဆိုရင် ခေါင်ရမ်းပန်း(သို့) ဆည်းလည်းပန်း(Chinese Hibiscus)အပွင့်ကိုအုန်းဆီ(Coconut Oil)ဖြင့် ဆီကျန်သည့်တိုင်အောင် ကြော်ချက်ပါ ။

(ဆီကျန်သည့်တိုင်အောင်ဆိုတာက ပန်းပွင့် အိုးကပ် ၊ ဂျိုးကပ်ပြီး ညိုမဲသွားသည်အထိ ကြော်ခိုင်းတာပါ။) ပြီးရင် အေအးခံပါ ။ အအေးခံပြီးပါက ကျန်ရှိတဲ့ဆီကို စစ်ယူပြီး ပုလင်းတစ်လုံးထဲ၌သိမ်းဆည်း၍ ညအိမ်ယာမဝင်မှီ မိမိ၏ ဆံပင်နဲ့ဦးရေးပြားထဲ စိမ့်ဝင်အောင် ပွတ်လိမ်းပေးပါက ဆံပင်ပေါက်ခြင်း ၊ ဆံပင်သန်ခြင်းနှင့် ဦးရေပြား ဘောက်စွဲကပ်ခြင်းများ ကင်းစင်ပပျောက်လာပါလိမ့်မယ်…တဲ့ဗျာ ။

အဲဒီလိုမသာချခြင်း ၊ အသုဘတွေမှာသာသုံးသည့် အမင်္ဂလာပန်းမဟုတ်ကြောင်းလေး ပြောရင်း( ၇ ) ရက်သားသမီးတို့ ဥာဏ်ပွင့်သလို လိုရင်လိုသလို အသုံးပြုနိုင်စေရန် ရေးသားပေးလိုက်ပါတယ် ။
မယုံရင် လက်တွေ့လုပ်ကြည့်ပါ ။

ရေးသားသူ – စာရေးဆရာ သာထက်ဇော်(မကွေး) တဲရော့ ၊ ဗေဒ ၊ လက္ခဏာ

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။