ကားအတွင်း အပူလွန်ပြီး thayဆုံးမှုကို ကာကွယ်တဲ့ ကိရိယာကို တီထွင်ခဲ့တဲ့ ကလေးမလေး

International News Tech

ကားအတွင်း အပူလွန်ပြီး thayဆုံးမှုကို ကာကွယ်တဲ့ ကိရိယာကို တီထွင်ခဲ့တဲ့ ကလေးမလေး

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ကားအတွင်း အပူလွန်ပြီး thayဆုံးမှုကို ကာကွယ်တဲ့ ကိရိယာကို တီထွင်ခဲ့တဲ့ ကလေးမလေး ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ကားအတွင်း အပူလွန်ပြီး thayဆုံးမှုကို ကာကွယ်တဲ့ ကိရိယာကို တီထွင်ခဲ့တဲ့ ကလေးမလေး

ကားအတွင်း ကလေးတွေကျန်ရစ်ပြီး အပူဒဏ်ကြောင့် သတိလစ်thayဆုံးရတဲ့သတင်းတွေကို လူတော်တော်များများမြင်ရ၊ကြားရမှာပါ။ ဒီကလေးမလေးကလည်း ဒီလိုဆိုးရွားတဲ့ဖြစ်ရပ်တွေကို ရပ်တန့်ပေးချင်ခဲ့တဲ့အတွက် ကားအတွင်းကလေးတွေကျန်နေရစ်တဲ့အခါ အချက်ပြမယ့် ကားထိုင်ခုံကိရိယာတစ်ခုကို တီထွင်ဖန်တီးခဲ့ဖူးပါတယ်။ ၂၀၂၀ ခုနှစ်တုန်းက သူ့ရဲ့ကိရိယာဟာ CITGOရဲ့ Fueling Education Student Challenge မှာလည်း အနိုင်ရခဲ့ပြီး ဒေါ်လာ ၂၀၀၀၀ ရရှိခဲ့ပါတယ်။ အဲဒီတုန်းက သူ့အသက်ဟာ ၁၂ နှစ်ပဲရှိပါသေးတယ်။

မြောက်ကာရိုလိုင်းနားက လင်ဒီယာ ဒန်တန် ဆိုတဲ့ အဲဒီကလေးမလေးက ကားအတွင်း ကလေးတွေ ကျန်ရစ်ခဲ့ပြီး အပူလွန်thayဆုံးတဲ့သတင်းကို မြင်တွေ့ခဲ့ရပြီးတဲ့နောက် ဒီကိရိယာကို တီထွင်ဖို့ ဆုံးဖြတ်ခဲ့တာပါ။ အစကတော့ လင်ဒီယာက အဲဒီကလေးမိခင်တွေအတွက် ရန်ပုံငွေရှာပေးဖို့ တွေးခဲ့ပေမဲ့ ဒါက ပြဿနာကို ပြေလည်စေမှာမဟုတ်တာကြောင့် အခုလိုအဖြစ်မျိုးနဲ့thayဆုံးတာကို ကာကွယ်ပေးနိုင်တဲ့ အရာကို တီထွင်ဖို့ဖြစ်လာခဲ့တာပါ။

သူက စမတ်ထိုင်ခုံစနစ်တွေပါတဲ့ ဈေးကြီးတဲ့ကားအသစ်တွေမှာထက် လူတော်တော်များများဆီ ပိုရောက်နိုင်တဲ့ ဈေးနှုန်းသင့်တဲ့ ကိရိယာတစ်ခုကို ဖန်တီးချင်ခဲ့တာပါ။ သူ့ကိရိယာကို ကားထိုင်ခုံတစ်ခုကနေ တစ်ခုဆီလည်း ရွှေ့လို့ရစေချင်ခဲ့တယ်။ သူ ခေါင်းစားအောင် အကြံတွေထုတ်ပြီးတဲ့နောက်မှာ “Beat The Heat Car Seat” ရဲ့ရှေ့ပြေးပုံစံကို ဖန်တီးနိုင်ခဲ့ပါတယ်။ သူ့ရဲ့ထီထွင်မှုဟာ ကားထိုင်ခုံအဖုံးအောက်က ဖိအားဒိုင်ခွက်ပြားကတဆင့် လုပ်ဆောင်ပါတယ်။ ကလေးတစ်ယောက် ထိုင်လိုက်တဲ့အခါ အဲဒီစနစ်က သူ့ဘာသူစတင်အလုပ်လုပ်ပြီး ကားအတွင်း အပူချိန်ကို စောင့်ကြည့်စစ်ဆေးမှာဖြစ်ပါတယ်။

အပူချိန်က ၁၀၂ ဒီဂရီကျော်သွားရင် ထိုင်ခုံဟာ LCD မျက်နှာပြင်ပေါ်မှာ သတိပေးချက်နဲ့အတူ အချက်ပြသံမြည်ပြီး မိဘတွေရဲ့ဖုန်းကို စာတိုပေးပို့မှာပါ။ ၆၀ စက္ကန့်အတွင်း မိဘတွေက ခလုတ်ကို ပြန်မပိတ်ဘူးဆိုရင် အဲဒီစနစ်က ကားရဲ့တည်နေရာကို အရေးပေါ်ဝန်ဆောင်မှုတွေဆီ ပေးပို့မှာဖြစ်ပါတယ်။ လင်ဒီယာရဲ့ကိရိယာက ကောင်းကောင်းအလုပ်လုပ်ပြီး ဒေသတွင်း 911 စင်တာနဲ့ ကိရိယာကို စမ်းသပ်ခဲ့ပါသေးတယ်။

လင်ဒီယာက စီးပွားရေးလုပ်ငန်းအကြောင်းလည်း လေ့လာသင်ယူနေပါတယ်။ ဒါမှ အနာဂတ်မှာ သူ့ရဲ့တီထွင်မှုကို ထုတ်လုပ်နိုင်မှာပါ။ တစ်နေ့ကျရင် သူ့ရဲ့တီထွင်မှုကို ဆိုင်မှာ တင်ရောင်းဖို့နဲ့ ကလေးတွေကို ကယ်တင်ဖို့ မျှော်လင့်နေတာပါ။

ရေးသားသူ – Yoyarlay

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။