ဘုမ္မိဂြိုဟ်နှင့်ဆက်နွယ်ခြင်း
မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ဘုမ္မိဂြိုဟ်နှင့်ဆက်နွယ်ခြင်း ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။
ဘုမ္မိဂြိုဟ် ဆိုးရင် ဘယ်လိုဆိုးသလဲ
အလိုလိုနေရင်း ..စိတ်ရှုပ်စရာတွေများလာပါတယ် ။
ကိုယ်နဲ့မဆိုင်ဘဲ ဓါးခုတ်ရာလက်၀င်လျှိုမိ သွားတတ်ပါတယ် ။
သူ့များအပူ ကိုယ့်ခေါင်းပေါ်တည့်တည့်ကျလာတတ်ပါတယ် ။
သပွတ်အူထဲမှာ…အပ်ချည်စ …အစရှာရသလိုပါပဲတစ်ကယ့်ပွေလီရှုပ်ထွေး ဇာတ်ထုပ်ကြီးကိုခေါင်းပေါ်ရွက်ထားရတတ်ပါတယ်။ အမှုပွေလီ ပြီး ဖြေရှင်းရခက်ခဲလာစေပါတယ် ။
အညစ်အကြေးစွန့် အင်္ဂါအစိတ်ပိုင်းများမှာ ဥပါဒ်ပေးခြင်း ၊ ဆီး၀မ်းသွေးလေ မမှန်ကန်ခြင်း ၊ စွန့်ပစ်ခံရခြင်းမျိုး ဆိုးကျိုးတွေ ကျရောက်လာစေတတ်ပါတယ် ။
ဘာလုပ်သင့်သလဲ
ဗုဒ္ဓဘာသာ၀င်များ အဖို့
ထွေးခံ ၊ အမှိုက်ပုံး စသည်တို့မှာ (ထင်ထင်ရှားရှား) ဆော့ပန်မာဂါဖြင့် မိမိနာမည်သေချာရေးထိုးပြီး လှုပါ။ တတ်နိုင်ရင် ကုဋီဆောက်လုပ်ပြီးလှုပါ ။
ဘာသာခြားများအဖို့….
မိမိအခန်းရှေ့ သို့မဟုတ် ခြံရှေ့မှာ အများသူငါ အသုံးပြုနိုင်သော အမှိုက်ပုံးလေးတစ်ခုကို မိမိနာမည်ရေးထိုးပြီး သန့်ရှင်းရေးပရကုသိုလ်ပြုထားသင့်ပါတယ် ။
တစ်ကယ်ထိရောက်ရဲ့လား
လုပ်ကြည့်ပါ။
တော်ရုံဆေးရုံတက် ခွဲရစိတ်ရသည့် လူနာများသော်မှ….ဒီသဘာ၀ယတြာလေးတွေနဲ့ ကောင်းကောင်း အဆင်ပြေသွားကြတာမနဲပါ ။
ဗုဒ္ဓဘာသာ၀င်ပဲဖြစ်ဖြစ် ဘာသာခြားပဲဖြစ်ဖြစ်ဒုက္ခတစ်ကယ်ရောက်လာရင် သဘာ၀ကိုပြန်လည်တည့်မတ်ပေးနိုင်တဲ့ နည်းစနစ်ကောင်းလေးတွေ လိုအပ်ပါတယ် ။
ဘုမ္မိဂြိုဟ်ကောင်းရင် ဘယ်လိုကောင်းသလဲ
မရွယ်ဘဲ စော်ကဲမင်းဖြစ်ကိန်းမျိုး ကြုံလာပါတယ် ။
ကိုယ်နဲ့မသက်ဆိုင်ဘဲ…မဆီမဆိုင် ကောင်းကျိုးမျိုး ခံစားရပါတယ် ။
မထင်မှတ်ဘဲရလိုက်တဲ့ ကောင်းကျိုးသုခမျိုး ကြုံလာစေပါတယ် ။
အပိုပစ္စည်းမျိုးတွေ ၀င်လာစေပါတယ်။
စိုင်ကော်လို့ ခြုံပေါ်ရောက်ပြီး….ဘယ်ရီသီးလေးတွေ မြုံ့နေရုံ ကာလမျိုးပါပဲ ။
ဘယ်လိုနာမည်ရှင်တွေ ဘုမ္မိဂြိုဟ်အကျိုးပေးနဲ့ ပိုမိုဆက်နွယ်နေပါသလဲ?
(၁) ဘာနေ့သားသမီးပဲဖြစ်ဖြစ် အမည်ကို…
တနင်္ဂနွေနံအစ .+ ဗုဒ္ဓဟူးနံအဆုံး ( အေးအေး၀င်း ၊ အောင်လင်း) ။
တနင်္လာနံအစ+ စနေနံအဆုံး ( ကျော်ထွေး၊ ခင်ခင်နိုင်၊ ချမ်းငြိမ်းထွန်း)။
အင်္ဂါနံအစ + ကြာသာပတေးနံအဆုံး(စိန်မြင့်၊ စန်းစန်းမိုး၊ ဆွေရည်မွန်) ။
ဗုဒ္ဓဟူးနံအစ+ရာဟုနံအဆုံး (၀တ်ရည်၊ လင်းနေရောင်၊ ယင်းမာရွှေ) ။
ကြာသာပတေးနံအစ+တနင်္ဂနွေနံအဆုံး(မျိုးအေး၊ မွန်မွန်ဦး၊ မင်းခန့်အိမ်) ။
သောကြာနံအစ+ အင်္ဂါနံအဆုံး (သိန်းဆွေ၊ သန်းသန်းညွန့်၊ သီဟစစ်) ။
စနေနံအစ + သောကြာနံအဆုံး( ထွန်းသိန်း၊ ထက်ထက်သူ၊ တင်မာသွယ်) ။
ရာဟုနံအစ+တနင်္လာနံအဆုံး(ရွှေရည်ကို ၊ ရွှန်းလဲ့ကို၊ ရှင်းသန့်ခိုင်) ။
အထက်ပါအတိုင်းအမည်တွဲမှည့်ခေါ်ထားသူများအားလုံးဟာ ဘုမ္မိဂြိုဟ်မှ ပေးသော ကောင်းကျိုး ဆိုးကျိုးများနဲ့ ကံဆက်နွယ်မှု ပိုမိုရှိနေတတ်ကြပါတယ်။ အလားတူစွာပဲ…
(၂)
တနင်္ဂနွေနေ့ဖွား ဖြစ်ပြီး အမည်အဆုံးမှာ .ဗုဒ္ဓဟူးနံဖြင့် မှည့်ခေါ်ထားခဲ့ရင်
တနင်္လာနေ့ဖွား ဖြစ်ပြီး အမည်အဆုံးမှာ…စနေနံဖြင့် မှည့်ခေါ်ထားခဲ့ရင်
အင်္ဂါနေ့ဖွားဖြစ်ပြီး..အမည်အဆုံးမှာ…ကြာသာပတေးနံဖြင့် မှည့်ခေါ်ထားခဲ့ရင်…
ဗုဒ္ဓဟူးနေ့ဖွား ဖြစ်ပြီး အမည်အဆုံးမှာ …ရာဟုနံ (ရ) ဖြင့် မှည့်ခေါ်ထားခဲ့ရင်
ရာဟုဖွားဖြစ်ပြီး အမည်အဆုံးမှာ….တနင်္လာနံ ဖြင့် မှည့်ခေါ်ထားခဲ့ရင်
ကြာသာပတေးနေ့ဖွားဖြစ်ပြီး အမည်အဆုံးမှာ…တနင်္ဂနွေနံဖြင့် မှည့်ခေါ်ထားခဲ့ရင်
သောကြာနေ့ဖွားဖြစ်ပြီး အမည်အဆုံးမှာ…အင်္ဂါနံဖြင့် မှည့်ခေါ်ထားခဲ့ရင်
စနေနေ့ဖွား ဖြစ်ပြီး အမည်အဆုံးမှာ…သောကြာနံဖြင့်မှည့်ခေါ်ထားခဲ့ရင်……
ဒီ ဘုမ္မိဂြိုဟ်ရဲ့ဆိုးကျိုး ကောင်းကျိုး ကံများနဲ့ ထဲထဲ၀င်၀င် တစ်ဘ၀လုံး ပတ်သက်ဆက်နွယ်လာပါမယ် ။
ရေးသားသူ – စာရေးဆရာ သာထက်ဇော်(မကွေး) တဲရော့ ၊ ဗေဒ ၊ လက္ခဏာ
မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။