အသက်မဟာဘုတ်ဟောကိန်း

အသက်မဟာဘုတ်ဟောကိန်း

Astrology
အသက်မဟာဘုတ်ဟောကိန်း

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ အသက်မဟာဘုတ်ဟောကိန်း ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

အသက်မဟာဘုတ်ဟောကိန်း

No photo description available.

အခုဟောကိန်းကတော့ အများသူငါအကြိုက် အကောင်းဟောကိန်းနည်းပြီး ၊ အဆိုးဟောကိန်းများတဲ့ ဟောကိန်းဆိုတာ ကြိုတင်ပြောထားပါရစေ ။ ကျွန်တော်ရဲ့ မူပိုင်ဟောကိန်းလည်း လုံး၀ မဟုတ်ပါ ။ ရှေးဟောင်း ဗေဒင်ကျမ်းတစ်ဆူကို ဆရာကြီးဒေါက်တာဒဂုန်ကနေ ဖော်ထုတ်ရေးသားထားတာကို ကျွန်တော်က တဆင့်ခံ မိတ်ဆွေတို့ကို ပြန်လည်မျှ​ေ၀ပေးခြင်းမျှသာ ဖြစ်ပါတယ် ။ ကြိုက်နှစ်သက်မှုမရှိပါက ကျော်သွားစေလိုပါတယ် ။

No photo description available.

ဒီတစ်ခါတော့ ရောက်သက်မဟာဘုတ်ဟောပုံတစ်မျိုးကို တင်ပြလိုက်ပါတယ် ။
မိမိလက်ရှိရောက်အသက်ကို သိဖို့လိုပါသည် ။
ဥပမာ – (၆၆) နှစ် မှ တစ်ရက်စွန်းလျှင် (၆၇) နှစ် နဲ့ တွက်ရပါမယ် ။
အသက်ကိုတည် (၇) နှင့်စားပါ ။ အကြွင်းကို ယူရပါမယ် ။ ဂဏန်းပေါင်းစက်နဲ့ မတွက်ပါနဲ့ ။ ပြတ်လျှင် အကြွင်းကို (၇) ယူပါ ။
အသက် (၆၇) ဖြစ်ပါက
(၇) နှင့်စားပါက (၄) ကြွင်းပါမယ် ။
အကြွင်း (၄) နှင့်မဟာဘုတ်တိုင် ထူရပါမယ် ။


၊ ၁ ၊
—————
(၃) ၊ ၆ ၊ ၂
—————
၇ ၊ ၄ ၊ ၅
အင်္ဂါသား အသက်(၆၇)နှစ်ရှိသူဟာ အထွန်းအိမ်မှာ ရောက်ရှိနေပါမယ် ။
ဒီနေရာမှာ (၆၇) ရောက်သက်တွင် ရောက်နေတဲ့အထွန်းအိမ်အတွက် ဟောရန်မှာ ရွှေပုလ္လင်ရကိန်းကို ဟောရပါမယ် ။

No photo description available.

တကယ်လို့ မရဏ အိမ်တွင် မွေးနံကျရောက်နေရင် သုဝဏ္ဏသျှံကိန်းကို ဟောရပါမယ် ။
တကယ်လို့ ဘင်္ဂအိမ်မှာ မွေးနံကျရောက်နေရင် အရိန္ဒမ မင်းကြီးကိန်းကို ဟောရပါမယ်။

တကယ်လို့ ပုတိအိမ်မှာ ကျရောက်နေရင် သူရိယမင်းသားကိန်းကို ဟောရပါမယ် ။
တကယ်လို့ သိုက်အိမ်၌ ကျရောက်နေရင်မျောက်မထားကိန်းကို ဟောရပါမယ် ။
တကယ်လို့ ရာဇအိမ်မှာ ကျရောက်နေရင် တောထွက်ကိန်းကို ဟောရပါမယ် ။
တကယ်လို့ အဓိပတိအိမ်မှာ ကျရောက်နေရင် ဝေသန္တရာကိန်းကို ဟောရပါမယ် ။ သူရိယမင်းသားကိန်းကို ဟောရပါမယ် ။

အရိန္ဒမမင်းကြီးကိန်း (ဘင်္ဂအိမ်)

ဒီနှစ်မှာ စီးပွားရေးနှင့် ပတ်သက်၍ ဝင်ငွေနှင့် ထွက်ငွေမမျှ ဖြစ်နေမည်။ ဝင်သည့်ငွေမှာ မမြဲပါ ။ အလုပ်ကို ကြိမ်ဖန်များစွာ လုပ်နေရမည် ။အရင်းအနှီးထုတ်ထားသော ငွေများလည်း စုစုစည်းစည်းမရှိဘဲ ပြန့်နေလိမ့်မည်။ ဤနှစ်တွင် ငွေရင်းများများဖြင့် အလုပ်မလုပ်သင့်ပါ။.

သုဝဏ္ဏသျှံကိန်း (မရဏအိမ်)

ဤနှစ်တွင် ကျန်းမာရေး သတိထားရပါမည်။ ဆေးမှားခြင်း၊ ထိခိုက်မိခြင်း၊ မတော်တဆ ဥပါဒ် ကြုံတွေ့ခြင်း၊ လေနာ လေအောင့်၊ ဝမ်းဗိုက်ကို ဒုက္ခပေးခြင်း၊ အဆင်မသင့်လျှင် ခွဲစိတ်ကုသ ခရနိုင်သည်။ မျှော်လင့်ထားသော ကိစ္စများ အားလုံး အဆင်ပြေမည်။ ကျန်းမာရေးကိုသာ ဂရုစိုက်ရန် လိုအပ်ပါသည်။

ရွှေပလ္လင်ရကိန်း (အထွန်းအိမ်)

ဤနှစ် ငွေဝင်မည်။ စီးပွားဖြစ်မည်။ ထီပေါက်မည်။ အောင်မြင်မှုများ ထပ်ခါတစ်လဲလဲ ရမည်။ သူများက မိမိကို လေးလေးစားစားဖြင့် အခွင့်အရေး ပေးမည်။ ဂုဏ်သရေရှိသော လူကြီးလူကောင်းများက ကိုယ့်ကို ကူညီ မ.စ မည်။ ရာထူးတက်မည်။ ငွေစုဆောင်းနိုင်မည်။

မျောက်မထားကိန်း (သိုက်အိမ်)

အလုပ်အကိုင်နှင့် ပတ်သက်ပြီး ခရီးမသွားသင့်ပါ။ ခရီးသွားလျှင်လည်း အကြံအစည်များ ပျက်မည်။ အိမ်ထောင်ရေး စိတ်ဆင်းရဲစရာ တွေ့ကြုံနိုင်သည်။ အဆင့်အတန်း မရှိသောသူက ကိုယ့်ကို လာပြိုင် လိမ့်မည် ။ သူများ၏ စိတ်အနှောက်အယှက်ဖြစ်စရာ ပြဿနာများကို မိမိက ဦးဆောင်ပြီး ဖြေရှင်းပေးနေရမည် ။

တောထွက်ကိန်း (ရာဇအိမ်)

ဤနှစ်တွင် ကံကောင်းသယောင်နှင့် စိတ်ဆင်းရဲရတတ်သည် ။ ရပြီးသား အခွင့်အရေးများ လက် လွတ် ဆုံးရှုံးရတတ်သည် ။ အလုပ်အပြောင်းအရွှေ့၊ အိုးအိမ် ပြောင်းလွဲမှု ၊ ဌာနအသစ် ပြောင်းရမှု၊ အရှုပ် အရှင်းများ ဖြေရှင်းရမှုများ ဖြစ်တတ်ပါသည်။ အရာရာကို စွန့်လွှတ်ရတတ်သည် ။

သူရိယမင်းသားကိန်း (ပုတိအိမ်)

ဤနှစ်တွင် အချစ်ရေး၊ အိမ်ထောင်ရေးနှင့် ပတ် သက်ပြီး စိတ်ညစ်ရတတ်သည်။ မိန်းမနှင့်ပတ်သက် ၍ အမှုဖြစ်တတ်သည်။ ပြဿနာ ဖြေရှင်းရမည်။ မိန်းမ၏ အလှည့်စားခံရမည်။ အဆင့်အတန်း မရှိသော မိန်းမကြောင့် မိမိဘုန်းတန်ခိုး နိမ့်ပါးမည်။ ရန်သူနှင့်တူသော မိန်းမကို တွေ့မည်။

ဝေသန္တရာကိန်း (အဓိပတိအိမ်)

ဤနှစ်တွင် ပတ်ဝန်းကျင်က အထင်အမြင်လွဲမည်။ အတိုက်အခံများမည်။ အခွင့်အရေးများ လက်လွတ် ဆုံးရှုံးနိုင်သည်။ ကိုယ့်ကို ဘေးက အပြစ်ရှာမည်။ ပြဿနာ ရှာလိမ့်မည်။ ဒါကြောင့်မို့ ပတ်ဝန်းကျင်နှင့် မိမိ သဘောထားချင်း မတိုက်ဆိုင်ဘဲ ဖြစ်နေမည်။
(ဆရာဒဂုန်၏ မြန်မာ့ရိုးရာ မဟာဘုတ်ဗေဒင်ပညာ တတိယတွဲ)

မှတ်ချက်။ ။ဤဗေဒင်မှာ အဆိုးများလွန်းပါသည် ။

ရေးသားသူ – စာရေးဆရာ သာထက်ဇော်(မကွေး)တဲရော့ ၊ ဗေဒ ၊ လက္ခဏာ

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...