ငွေဝင် လာဘ်ရွှင် ယတြာအစီအရင်
မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ငွေဝင် လာဘ်ရွှင် ယတြာအစီအရင် ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။
ငွေဝင် လာဘ်ရွှင် ယတြာအစီအရင်
ငွေကြေး လာဘ် အလွန် ပိတ်နေခြင်း ၊
ရှာသမျှပြန်ကုန်နေခြင်း ၊ ကြွေးငွေရစရာများ မရခြင်း ၊ ပေးစရာများ မပေးနိုင်ခြင်းစသော ငွေကြေးအခက်အခဲများအတွက် သုံးနိုင်ပါတယ် ။
တနင်္ဂနွေ သားသမီးများအနေနဲ့ သောကြာနေ့ မနက် ၉နာရီတွင် ရွှေထီး (၅)လက်လှူပါ ။
တနင်္လာသားသမီးများအနေနဲ့ စနေ့မနက် ၉နာရီတွင် ရွှေထီး (၁၂)လက် လှူပါ ။
အင်္ဂါသားသမီးများအနေနဲ့ တနင်္ဂနွေနေ့ မနက် ၉နာရီတွင် ရွှေထီး (၇)လက် လှူပါ ။
ဗုဒ္ဓဟူးသားသမီးများအနေနဲ့ တနင်္လာနေ့ မနက် ၉နာရီတွင် ရွှေထီး (၅)လက်လှူပါ။
ကြာသာပတေးသားသမီးများအနေနဲ့ အင်္ဂါနေ့ မနက် ၉နာရီတွင် ရွှေထီး (၇)လက်လှူပါ ။
သောကြာသားသမီးများအနေနဲ့ ဗုဒ္ဓဟူးနေ့ မနက် ၉နာရီတွင် ရွှေထီး (၁၁)လက် လှူပါ ။
စနေသားသမီးများအနေနဲ့ ကြာသပတေးနေ့ မနက် ၉နာရီတွင် ရွှေထီး (၉)လက် လှူပါ ။
မည်သည့် ဘုရားတွင်မဆို လှူနိုင်ပါတယ် ။ အိမ်ဘုရားတွင် လှူလို့ရပါတယ် ။
လှူဒါန်းသည့်အချိန် ရွတ်ဆိုရမည်မှာ… ဒိဝါတပတိ”ဂါထာတော်ဖြစ်ပါတယ် ။ ဂါထာတော်ကို (၄၅)ခေါက်ရွတ်ဖတ် ပူဇော်ပေးပါ။
ငွေကြေးအတွက် မိမိအဖြစ်လိုဆုံးဆုကို တောင်းပါ ။ သုံးပတ်ဆက်တိုက် ဤကဲ့သို့ပြုလုပ်ပါ ။ထူးခြားစွာ တိုးတက်လာမှုများ တွေ့ရပါလိမ့်မယ် ။
မူလ လှူထားသည့်ရွှေထီးများကို မစွန့်ရပါ ။ နောက် တစ်ပတ်လှူသည့် ထီးများနှင့် ထပ်ပေါင်း၍ လှူပါ ။ သုံးပတ်ပြည့်ပြီးမှသာ စွန့်ပါ။
ရေးသားသူ –
မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။