Valentine’s Day ဟာ တော်လှန်ရေးနေ့ဖြစ်တယ်လို့ ရှင်းပြလိုက်တဲ့ ကိုဇင်ဇေ
မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ Valentine’s Day ဟာ တော်လှန်ရေးနေ့ဖြစ်တယ်လို့ ရှင်းပြလိုက်တဲ့ ကိုဇင်ဇေ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။
Valentine’s Day ဟာ တော်လှန်ရေးနေ့ဖြစ်တယ်လို့ ရှင်းပြလိုက်တဲ့ ကိုဇင်ဇေ
တကယ်တော့ … Valentine’s Day ရယ်လို့ ဖြစ်လာစေခဲ့တဲ့ ဘုန်းတော်ကြီး Valentine ဟာ တော်လှန်ရေးသမား တစ်ဦးပဲဗျ ( အာဏာပိုင်တွေက လက်ထပ်ပေးတာကို တားမြစ်ထားချိန်မှာ သူက ခိုးလုပ်ပေးနေခဲ့တာ … ဒါကြောင့် ကွပ်မြက်ခံခဲ့ရတာ … ဆိုတော့ ခုခေတ် စကားနဲ့ဆို CDM ဘုန်းကြီး ပေါ့ လေ … ) ။
ဒီတော့ အဲ့ ဇာတ်ကြောင်းအရဆို ဒီနေ့လေးက အနှစ်သာရ တစ်ခု ရှိပါတယ် ။ နောက်ပိုင်းကျမှ စီးပွါးရေးသမားတွေက ချော့ကလက်တွေ ၊ ပန်းစည်းတွေ ၊ လိင်မှု ကိစ္စ အသားပေး ဝန်ဆောင်မှုတွေနဲ့ ပုံဖျက်လိုက်ကြတာပဲ ။ ( တကယ့် အနှစ်သာရကနေ ကင်းကွာသွားလို့ ပုံ ဖျက်တယ် လို့ ဆိုလိုတာပါ )
Valentine’s Day မှာ ပျော်တတ်ကြတဲ့ / ပျော်နေကြတဲ့ လူငယ်တွေကို အပြစ်မတင်ဘူးနော် … ( Sex ကိစ္စဆိုတာ လည်း အသက် ပြည့်ပြီးသူတွေ နှစ်ဦးနှစ်ဖက် ကျေနပ် ကြည်ဖြူနေသရွေ့ နောက်ဆက်တွဲ တာဝန်ယူမှု တွေ ရှိနေသရွေ့ ကျွန်တော်တို့လို ကြားလူတွေက ဟိုဒီ ဆုံးမခွင့် မရှိဘူးလို့ပဲ မြင်ပါတယ် ။ ကျန်းမာရေး ၊ လူမှုရေး ကိစ္စ သတိပေးတာလောက်ပဲလုပ်ချင် လုပ်ခွင့် ရှိမယ် ထင်တာပဲ ။ )
အဓိကက ( Saint Valentine ဟာ တော်လှန်ခဲ့သူ တစ်ယောက်ဆိုတာကို သိစေချင်တာရယ် ) စီးပွါးရေး သမားတွေ ရဲ့ လုပ်ကွက်တွေကို သိစေချင်တာပါ ။
Diamonds are forever. ဆိုပြီး မင်္ဂလာဆောင်တဲ့ အခါ စိန်လက်စွပ်မှ မပေးရင်ထာဝရ မမြဲနိုင်တော့သလိုလို ( တစ်ချို့ မိန်းကလေးတွေ စိတ်ထဲ စွဲသွားအောင် ) မှိုင်းသွင်းခဲ့တာလည်း သူတို့ပဲ ဒါလေး တစ်ချက် ( မသိသေးသူတွေ ထဲက သိချင်သူတွေ ရှိမလား လို့ ) ပြောပြချင်တာပါ …
ရေးသားသူ – Zin Zae Lwin ‘s facebook
မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။