ပျားရည်ကြက်သွန်ဖြူစားခြင်းအကျိုးကျေးဇူးများ
မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ပျားရည်ကြက်သွန်ဖြူစားခြင်းအကျိုးကျေးဇူးများ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။
ပျားရည်ကြက်သွန်ဖြူစားခြင်းအကျိုးကျေးဇူးများ
ကြက်သွန်ဖြူရော ပျားရည်တို့က ကိုယ်ခံအားစနစ်ကိုလည်း ကောင်းစေပါတယ်။
ကြက်သွန်ဖြူ
ကြက်သွန်ဖြူက သွေးစီးဆင်းမှုအားကိုလည်း ကောင်းစေပါတယ်။ ကြက်သွန်ဖြူက အစာအိမ်ထဲမှာရှိတဲ့ အစာခြေရေတွေ ကောင်းကောင်းမွန်မွန်ထွက်ရှိအောင် ကူညီပေးပါတယ်။
အဲ့ဒီအပြင် သူ့မှာ ဗီတာမင်ဓာတ်တွေနဲ့ သတ္တုဓာတ်တွေလည်း အများကြီးပါဝင်ပါတယ်။
သွေးအတွင်း ကိုလက်စထရောဓာတ်ကို လျော့ချပေးပြီး သွေးကြောတွေထူပြီး မာနေတာတွေကို သက်သာစေကာ သွေးကို ကောင်းကောင်းမွန်မွန် စီးဆင်းစေပါတယ်။ ဒါကြောင့် နှလုံးရောဂါကိုလည်း ကာကွယ်ပေးပါတယ်။
အသားအရေကို ကောင်းမွန်စေ
ကြက်သွန်ဖြူမှာ ဆဲလ်တွေကို အားကောင်းစေတဲ့ Antioxidants တွေလည်း ပါဝင်ပါတယ်။ ဒီ ဓာတ်တွေက အသားအရေကို ချောမွေ့၊ နူးညံ့ပြီး ၀က်ခြံကင်းစင်တဲ့ အသားအရေကို ရစေပါတယ်။
ဈေးကြီးတဲ့ အလှကုန်ပစ္စည်းတွေ သုံးစရာမလိုဘဲ ကျန်းမာတဲ့ အသားအရေကို ရစေပါတယ်။
ကိုယ်ခံအား စနစ်ကို မြှင့်တင်ပေး
ကြက်သွန်ဖြူက ကိုယ်ခံအားစနစ်ကို ပိုကောင်းစေပြီး ဘက်တီးရီးယား ပိုးမွှားတွေ ကူးစက်မှုကနေ ကာကွယ်ပေးပါတယ်။
ပျားရည်
ကိုယ်အလေးချိန်ကို ကျဆင်းစေ
ပျားရည်မှာ အချိုဓာတ်တွေပါဝင်ပေမယ့် ပျားရည်နဲ့ ကြက်သွန်ဖြူတို့ကို အစာအိမ်ထဲမှာ အစာမရှိခင်ထားရင် အစာစားချင်စိတ်ကို လျော့ချပေးပါတယ်။
အစာစားချင်စိတ်ကို လျော့ချပေးတာကြောင့် ကိုယ်အလေးချိန်ကို ကျဆင်းစေပါတယ်။
ယောင်ယမ်းတာတွေကို ကျစေ
ခန္ဓာကိုယ်မှာ နာကျင်၊ ကိုက်ခဲတာတွေကိုလည်း သက်သာပျောက်ကင်းစေပါတယ်။ ဖျားချင်ချင်ဖြစ်တဲ့အချိန်တွေမှာလည်း သောက်သုံးသင့်ပါတယ်။
ပါဝင်ပစ္စည်းများ
ကြက်သွန်ဖြူ ၁၂ မွှာ
ပျားရည် ၁ ခွက် (၃၃၅ ဂရမ်)
ရေခရား ၁ ခွက်
ပြုလုပ်နည်း
ကြက်သွန်ဖြူတွေကို ကြိတ်တာဖြစ်ဖြစ် ပါးပါးလှီးတာဖြစ်ဖြစ်လုပ်လိုက်ပါ။
ပျားရည်ကို ရေခရားထဲထည့်ပါ။
ကြက်သွန်ဖြူနဲ့ ရောပါ။
ပြီးရင် ရေခရားကို အဖုံးနဲ့ပိတ်ပြီး ၁ ပတ်လောက် မှောင်တဲ့နေရာမှာ ထားလိုက်ပါ။
မနက်မိုးလင်းရင် ဘာမှမစားရသေးခင်မှာ ကြက်သွန်ဖြူနဲ့ ပျားရည် ရောထားတဲ့ အရည်ကို စားပွဲတင်ဇွန်း ၁ ဇွန်းလောက် နေ့တိုင်းပုံမှန်စားပေးပါ။
ရေးသားသူ – shweu
မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။