မသောက်ဘဲ မူးသူ (သို့မဟုတ်) ကိုယ်ပိုင်အရက်ချက်စနစ် ဆင်ဒရုန်းရှိသူ
မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ မသောက်ဘဲ မူးသူ (သို့မဟုတ်) ကိုယ်ပိုင်အရက်ချက်စနစ် ဆင်ဒရုန်းရှိသူ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။
မသောက်ဘဲ မူးသူ (သို့မဟုတ်) ကိုယ်ပိုင်အရက်ချက်စနစ် ဆင်ဒရုန်းရှိသူ
ဗြိတိန်နိုင်ငံသား မက်သရူးဟော့ဟာ ရှားပါးဝေဒနာတစ်မျိုးကြောင့် ယမကာ မသောက်ဘဲ မူးယစ်ရီဝေခြင်း ခံစားနေရသူပါ။ ကိုယ်ပိုင်အရက်ချက်စနစ် ဆင်ဒရုန်းကြောင့် ကာဘိုဟိုက်ဒရိတ် ပါဝင်တဲ့ စားစရာတွေ (ဟမ်ဘာဂါ၊ ဒိုးနတ်၊ ပီဇာ၊ ကိတ်မုန့် အစရှိသဖြင့်) စားလိုက်တာနဲ့ သူ့ရဲ့ခန္ဓာကိုယ်က အီသနော(ethanol) ထုတ်လုပ်ပေးတာကြောင့် အရက်သောက်ထားသလို မူးယစ်ရီဝေလာတာ ဖြစ်ပါတယ်။
သကြား၊ ကာဘိုဟိုက်ဒရိတ် ပါဝင်တဲ့ စားစရာတွေ စားပြီး နောက်တစ်နေ့ဆိုရင် အရက်နာကျတဲ့ ဝေဒနာမျိုးတောင် ခံစားရသူပါ။ ပိုက်ဆံတပြားတချပ်မှ မကုန်ဘဲ မူးယစ်ရီဝေခွင့်ရတာ ကံကောင်းတယ်လို့ထင်စရာရှိပေမဲ့ စားချင်တာ မစားရတဲ့ သူ့ဘဝက ထိတ်လန့်ခြောက်ခြားဖွယ် ဖြစ်ရပ်တစ်ခုပါလို့ Vice သတင်းဌာနနဲ့ အင်တာဗျူးမှာ မက်သရူးဟော့က ဆိုခဲ့ပါတယ်။
ရေးသားသူ – Yoyarlay
မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။