ရေတွင်းထဲပြုတ်ကျပြီး ၁၆ နာရီကြာ ပိတ်မိနေတဲ့ မြန်မာကလေးငယ်ကို ထိုင်းကယ်ဆယ်ရေးသမားတွေ ကယ်တင်
မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ရေတွင်းထဲပြုတ်ကျပြီး ၁၆ နာရီကြာ ပိတ်မိနေတဲ့ မြန်မာကလေးငယ်ကို ထိုင်းကယ်ဆယ်ရေးသမားတွေ ကယ်တင် ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။
ရေတွင်းထဲပြုတ်ကျပြီး ၁၆ နာရီကြာ ပိတ်မိနေတဲ့ မြန်မာကလေးငယ်ကို ထိုင်းကယ်ဆယ်ရေးသမားတွေ ကယ်တင်
ထိုင်း – မြန်မာ နယ်စပ်မှာ ၄၂ ပေအနက်ရှိ ရေတွင်းထဲ ပြုတ်ကျသွားတဲ့ မြန်မာကလေးငယ်ကို ထိုင်းကယ်ဆယ်ရေးအဖွဲ့တွေက ညလုံးပေါက် တူးဖော်ပြီး ကယ်တင်နိုင်ခဲ့ပါတယ်။ မြန်မာရွှေ့ပြောင်းလုပ်သားတစ်ဦးရဲ့ ရင်သွေးဖြစ်တဲ့ ၁၉ လသမီးအရွယ် မိန်းကလေးငယ်ဟာ တနင်္လာနေ့ မွန်းလွဲပိုင်းက ကစားနေရင်း အချင်းတစ်ပေပဲ ရှိတဲ့ ရေတွင်းထဲကို ပြုတ်ကျသွားခဲ့တာပါ။
မြန်မာအလုပ်သမားဇနီးမောင်နှံ နှစ်ယောက်ဟာ အလုပ်ကို အာရုံစိုက်နေတုန်းခဏမှာ ကလေးကို ရှာမတွေ့တာကြောင့် လိုက်ရှာတဲ့အခါ ရေတွင်းပေါက်ကနေ ကလေးငိုသံကို ကြားခဲ့ကြရပါတယ်။
အဲ့ဒီနောက် မဲဆောက်မြို့က သဘာဝဘေးကာကွယ်ရေးနဲ့ လျော့ပါးရေးဌာနကို အကူညီတောင်းတာကြောင့် ကလေးငယ်ကို အသက်ရှင်ဖို့ ရေတွင်းပေါက်ထဲကို အောက်ဆီဂျင်ထည့်ပေးကြရသလို မြေတူးစက်တွေနဲ့လည်း တူးဖော်ခဲ့ကြပါတယ်။
ကလေးငယ်က ရေတွင်းထဲမှာ ၁၆ နာရီကြာ ပိတ်မိခဲ့ပြီး ကယ်ဆယ်ရေးသမားတွေက ကင်မရာကို ရေတွင်းထဲ ချကြည့်ချိန်မှာ ကလေးငိုနေတာကို တွေ့ခဲ့ရပါတယ်။ ကလေးငယ်ကို ကယ်တင်ဖို့ လူ ၁၀၀ ကျော် ပါဝင်တဲ့ ကယ်ဆယ်ရေးအဖွဲ့တွေက ညလုံးပေါက် တူးဖော်ခဲ့ကြပြီး ကလေး အသက်ရှူနိုင်အောင် ရေတွင်းထဲကို အောက်ဆီဂျင် လွှတ်ပေးခဲ့ပါတယ်။
ဖေဖော်ဝါရီလ ၇ ရက်နေ့နံနက် ဒေသစံတော်ချိန် ၉ နာရီခွဲမှာ ကယ်ဆယ်ရေးသမားတွေက ကလေးဆီ ရောက်သွားခဲ့ပြီး နောက်တစ်နာရီအကြာမှာ ကလေးကို ကယ်ထုတ်လာနိုင်ခဲ့တာပါ။ ကလေးငယ်ကို ကျန်းမာရေးစစ်ဆေးမှုတွေလုပ်ဖို့ ဆေးရုံတင်ပို့ထားပါတယ်။ ထိုင်း-မြန်မာ နယ်စပ်မှာရှိတဲ့ တာ့ခ်ခရိုင်မှာ အခုလို ဖြစ်ပွားခဲ့တာပါ။
ရေးသားသူ – Yoyarlay
မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။