ကော်ဖီမှုန့်လိုမျိုး ရေနဲ့ အသင့်ဖျော်သောက်နိုင်မယ့် ဘီယာမှုန့်ကို ဂျာမန်ဘီယာချက်စက်ရုံက တီထွင်

International News Tech
ကော်ဖီမှုန့်လိုမျိုး ရေနဲ့ အသင့်ဖျော်သောက်နိုင်မယ့် ဘီယာမှုန့်ကို ဂျာမန်ဘီယာချက်စက်ရုံက တီထွင်

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ကော်ဖီမှုန့်လိုမျိုး ရေနဲ့ အသင့်ဖျော်သောက်နိုင်မယ့် ဘီယာမှုန့်ကို ဂျာမန်ဘီယာချက်စက်ရုံက တီထွင် ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ကော်ဖီမှုန့်လိုမျိုး ရေနဲ့ အသင့်ဖျော်သောက်နိုင်မယ့် ဘီယာမှုန့်ကို ဂျာမန်ဘီယာချက်စက်ရုံက တီထွင်

ပုံမှန် ဘီယာတွေလို အမြှုပ်ထ၊ အရသာရှိပြီး ကော်ဖီမှုန့်လိုမျိုး ရေနဲ့ အသင့်ဖျော်သောက်နိုင်မယ့် ဘီယာမှုန့်ကို ဂျာမန်ဘီယာချက်စက်ရုံဖြစ်တဲ့ နော့ဇယ်လဲ ခလို့စ်တက်ဘွိုင် က ဖန်တီးလိုက်ပြီ ဖြစ်ပါတယ်။

နော့ဇယ်လဲ ခလို့စ်တက်ဘွိုင် ဟာ နှစ်ပေါင်း ၅၀၀ နီးပါး သက်တမ်းရှိပြီဖြစ်တဲ့ ဘီယာချက်စက်ရုံဖြစ်ပါတယ်။ ဘီယာကြိုက်သူတွေဟာ သူတို့ထုတ်ထားတဲ့ ဘီယာမှုန့်အနည်းငယ်ကို ဖန်ခွက်ထဲထည့်၊ ရေနဲ့ရောပြီး မွှေလိုက်ရုံဖြင့် အသင့်သောက် ဘီယာတစ်ခွက်ကို ရရှိနိုင်မှာဖြစ်ပါတယ်။

ဒါဟာ ဘီယာဈေးကွက်ကို ပြောင်းလဲစေမယ့် ဖန်တီးမှုကြီးပါ။ အခုလက်ရှိ ဘီယာဈေးကွက်မှာ ကုမ္ပဏီတွေဟာ ဘီယာကို သူတို့နိုင်ငံမှာ သူတို့ရေနဲ့ ချက်လုပ်ပြီး သံဘူး ဒါမဟုတ် ပုလင်းတွေနဲ့ ထုပ်ပိုးကာ ဝယ်လက်တွေဆီ ပို့ရပါတယ်။ ဒီလုပ်ငန်းစဉ်ဟာ ဘီယာ သယ်ယူပို့ဆောင်တဲ့အချိန်မှာ နေရာပိုယူပြီး အလေးချိန် ပိုများပါတယ်။
ဒါပေမယ့် သူတို့ရဲ့ ဘီယာမှုန့်ဟာ ရေ၊ သံဘူးနဲ့ ပုလင်းတွေလိုမှာမဟုတ်တဲ့အတွက် သယ်ယူပို့ဆောင်ရာမှာ အလေးချိန်ကို အရင်ကထက် ၉၀ ရာခိုင်နှုန်း လျှော့ချပေးနိုင်မယ်လို့ နော့ဇယ်လဲ ခလို့စ်တက်ဘွိုင် အထွေထွေမန်နေဂျာ စတီဖန် ဖရစ်ချာ က ပြောလာပါတယ်။

လက်ရှိမှာတော့ ဘီယာမှုန့်မှာ အရက်မပါဝင်သေးပါဘူး။ ဒါပေမယ့် မကြာခင် အရက်ပါတဲ့ ဘီယာကို ထုတ်သွားမှာဖြစ်ပြီး ကမ္ဘာ့အနှံ့တင်ပို့ဖိုအထိ မျှော်လင့်ထားတယ်လို့ စတီဖန်က ပြောပါတယ်။

ရေးသားသူ – Popular News Journal

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။