ကမ္ဘာ့အကြီးဆုံးငှက်ပျောမျိုးစိတ်

International News
ကမ္ဘာ့အကြီးဆုံးငှက်ပျောမျိုးစိတ်

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ကမ္ဘာ့အကြီးဆုံးငှက်ပျောမျိုးစိတ် ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ကမ္ဘာ့အကြီးဆုံးငှက်ပျောမျိုးစိတ်

ငှက်ပျောသီးဟာ အာဟာရဓာတ်အကြွယ်ဝဆုံးအသီးတွေထဲတစ်မျိုးဆိုတာ လူတိုင်းအသိပါပဲ။ လူတော်တော်များများ စားသုံးလေ့ရှိကြတဲ့ ငှက်ပျောသီးတွေက သာမန်အရွယ်အစားပဲရှိပါတယ်။ အဲ့ဒီထက်အရွယ်အစားကြီးတဲ့ ငှက်ပျောမျိုးစိတ်ရှိပါသေးတယ်။ အဲ့ဒီလိုငှက်ပျောမျိုးစိတ်တစ်ဖီးက ၆၀ ကီလိုဂရမ်အလေးချိန်ရှိပါတယ်။

အာနက်သ် ရူရူပါနာဂူဒီ ဆိုတဲ့အမျိုးသားဟာ ဒီငှက်ပျောမျိုးစိတ်ပါဝင်တဲ့ ဗီဒီယိုအတိုလေးကို တင်ခဲ့ပြီးတဲ့နောက်မှာ လူမှုကွန်ယက်အသုံးပြုသူတွေက ဒီငှက်ပျောမျိုးစိတ်နဲ့ပတ်သက်ပြီး သိချင်လာကြပါတယ်။ Papua New Guinea ကျွန်းတွေမှာ ဖြစ်ထွန်းတဲ့ ဒီငှက်ပျောမျိုးစိတ်ကို လူတွေ ကိုက်စားပြနေတာကို ဗီဒီယိုမှာ တွေ့ရပါတယ်။ အမျိုးသားတစ်ဦးကလည်း ငှက်ပျောသီးရဲ့ဘေးမှာ သူ့လက်ကို ကပ်ပြပြီး သူ့လက်လောက်ရှည်တယ်ဆိုတာကိုလည်း ပြခဲ့ပါတယ်။

ဒီငှက်ပျောသီးတစ်လုံးက အလေးချိန် ၃ ကီလိုဂရမ်ရှိပြီး အသီးမှည့်ဖို့ အချိန် ၅ နှစ်ယူရတာကြောင့် တွင်ကျယ်စွာ မစိုက်ပျိုးနိုင်ပါဘူး။ Musa ingens ဆိုတဲ့ အဲ့ဒီငှက်ပျောမျိုးစိတ်ကို ကမ္ဘာ့ဂင်းနက်စ်စံချိန်မှတ်တမ်းက အကြီးဆုံးငှက်ပျောမျိုးစိတ်အဖြစ် အသိအမှတ်ပြုထားပြီးသားပါ။ အပင်ရဲ့ပင်မပင်စည်က များသောအားဖြင့် အမြင့် ၁၅ မီတာအထိ ပေါက်ရောက်ပြီး အရွက်တွေက မြေပြင်ကနေ မီတာ ၂၀ အထိ ပြန့်ကား​နေတယ်လို့ဆိုထားပါတယ်။

ရေးသားသူ – Yoyarlay

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။