မဏ္ဍလ(သို့)စင်္ကြာဝဠာစမတော်အလင်းတိုင်

Astrology
မဏ္ဍလ(သို့)စင်္ကြာဝဠာစမတော်အလင်းတိုင်

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ မဏ္ဍလ(သို့)စင်္ကြာဝဠာစမတော်အလင်းတိုင်ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

မဏ္ဍလ(သို့)စင်္ကြာဝဠာစမတော်အလင်းတိုင်

ပထမဆုံးကြွေပန်းကန်ပြား အဖြူရောင်(ပန်းလုံးဝမပါ)တစ်ချပ်ကို ဝယ်ပါ ။
ပြီးလျှင် ဖော်ပြပါစင်္ကြာဝဠာစမတော်ပုံကိုစက္ကူအဖြူရောင် တစ်ရွက်ပေါ်မှာဆော့ပင်န်နဲ့ သေချာကျနစွာရေးဆွဲပါ ။

ထို့နောက်ရေးဆွဲပြီးသား စ’မတော်စာရွက်ကိုကော်သုတ်ပြီးဖယောင်းတိုင်မှာကပ်ပါ ။
ကော်ခြောက်သွေ့ပြီဆိုရင်တော့နေအိမ်ရှိဘုရားကျောင်းဆောင်သို့မဟုတ်ဘုရားကျောင်းဆောင်အောက်နားမှာခုံငယ်တစ်လုံးချကာဖော်ပြထားတဲ့အတိုင်း
ထွန်းညှိပေးရပါမယ်။

ဘာအတွက် ထွန်းရတာလဲဆိုတော့?
ရောဂါဘယရန်အန္တရာယ်ကနေကင်းဝေးချမ်းသာရာရစေဖို့ရောဂါအမြန်ပျောက်ကင်းစေဖို့ ရောဂါနဲ့ဆေးအမြန်တွေ့စေဖို့ ကျန်းမာရေးအမြန်ကောင်းမွန်လာစေဖို့
အတွက်ရယ်ပါ။

အနည်းဆုံးတစ်နေ့တစ်တိုင်ထွန်းသင့်ပါတယ်။
ထွန်းညှိပြီးရင်လည်းကျန်းမာရေးကိစ္စအတွက်အသံထွက်ပြီးဆုတောင်းပေးရပါမယ်။ကမ္ဘာသုံးစင်္ကြာဝဠာတံဆိပ်တော်ဖြစ်ပါတယ်။

အဘဆရာကြီး ဒေါက်တာမင်းသိင်္ခ ကိုယ်တိုင်လည်း လူအများကိုကူညီပေးခဲ့သော အောင်မြင်ခဲ့သည့် ပွဲတွေ့စင်္ကြာဝဠာ စ’မတော်အစီအရင်ဖြစ်ပါတယ် ။

မှတ်ချက်။။အလင်းတိုင်အခြေမှာ ရေလက်တစ်ဆစ်ခန့် အနည်းငယ် ထည့်ပေးထားရပါမယ် ။ ကြွေပန်းကန်ပြား မကွဲစေဖို့ဖြစ်ပါတယ် ။

ရေးသားသူ – စာရေးဆရာ သာထက်ဇော်(မကွေး)တဲရော့ ၊ ဗေဒ ၊ လက္ခဏာ

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။