စနေဂြိုဟ် (နိန္ဒာ)၊ စနေ သက်ရောက်(ကဲ့ရဲ့ခံရခြင်း လောကဓံ)

Astrology
စနေဂြိုဟ် (နိန္ဒာ)၊ စနေ သက်ရောက်(ကဲ့ရဲ့ခံရခြင်း လောကဓံ)

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ စနေဂြိုဟ် (နိန္ဒာ)၊ စနေ သက်ရောက်(ကဲ့ရဲ့ခံရခြင်း လောကဓံ) ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

စနေဂြိုဟ် (နိန္ဒာ)၊ စနေ သက်ရောက်(ကဲ့ရဲ့ခံရခြင်း လောကဓံ)

စနေဂြိုဟ်သွား ဖောက်ပြန်မှုနှင့် အကြံပြု ဟောဆိုချက်များ – ဗေဒင်သုတ

စနေ(နိန္ဒာ)ဂြိုဟ်သည် လူသားအားလုံးတို့အား ဥပစ္ဆေဒကကံဟု ဆိုအပ်သော လွန်စွာကြောက်စရာကောင်းသော ဥပါဒ်ဘေးဆိုးတို့ကို ဖြစ်စေသော ဂြိုဟ်ကြီး ဖြစ်သည်။
လောကဓံ (၈) ပါး သက်ရောက်ပညာရပ် အယူအဆအရ လောကုတ္တရာနယ်မြေ၏ အစဂြိုဟ်ဖြစ်သော အင်္ဂါဂြိုဟ် (အယသော) လောကဓံဂြိုဟ်မှစ၍ မကုန်သေးသ၍ ကျန်ရှိနေသော စီးပွားဥစ္စာ ငွေကြေးတို့သည် လက်စသတ်သောအားဖြင့် နောက်ဆုံး ကုန်သောနေရာ ဖြစ်သည်။

(၇)ရက်သားသမီးတို့သည် စနေ (နိန္နာ)ဂြိုဟ်သို့ ရောက်ရှိ နေခဲ့ပြီး လက်ရှိစီးပွားဖြစ်ထွန်း နေလျက်ရှိသော် တသက်လုံးစောင့်ထိန်း အပ်သော စီးပွားရေးလုပ်ငန်းဖြစ်သည်။
စနေဂြိုဟ်တွင် ဖြတ်လမ်းစီးပွားရေး သမားများ၊ မတော်လောဘ စိတ်ကြီးသူများ အတ္တစိတ်ကြီးသူများအတွက် thetကွင်း၊ thayကွင်းဖြစ်သည်။

စနေ (နိန္နာ)ဂြိုဟ်၏ အဓိကအချက်များမှာ

၁။ လက်ရှိပစ္စည်း ဥစ္စာအားလုံး တခုမကျန်
ကုန်ဆုံးခြင်း၊

၂။ ရှိရှိသမျှ ဂုဏ်သိက္ခာအားလုံး ကျဆင်းခြင်း၊

၃။ လျှပ်တပြက် သွားလာရာလမ်းတွင် ဘေး
ဥပါဒ် တွေ့ခြင်း၊

၄။ မိမိ နေထိုင်ရာ အိုးအိမ်မီးလောင်ခြင်း၊

၅။ ထောင်ထမင်း၊ ဆေးရုံထမင်း စားရခြင်းတို့
တိုက်ဆိုင်တတ်သည်။

စနေဂြိုဟ်သည် ကဲ့ရဲ့ခံရသော ဂြိုဟ်ဖြစ်သဖြင့် ပတ်ဝန်းကျင် အနီး၊ အဝေး၊ အုပ်စု အဖွဲ့အစည်း အားလုံး၏ အပယ်ခံဘဝသို့ရောက်ရခြင်းများ တိုက်ဆိုင်တတ်သည်။ အဆိုပါသက်ရောက်ဂြိုဟ်တွင် ထင်ပေါ်မှုရှိလျှင် အသက်ပါ Thayသည့်အထိ ခံစားတိုက်ဆိုင်ရတတ်သည်။

လောဘ၊ ဒေါသ၊ မောဟကြီးသူများ ထောင်ထမင်း၊ ဆေးရုံ ထမင်းစားရသည်အထိ ဖြစ်ပေါ်တိုက်ဆိုင်တတ်သည်။ ကိုယ်၊ နှုတ်၊ စိတ်၊ (၃)ပါး မတည်ငြိမ်သူများ ပြဿနာ ပေါင်းစုံ တက်ကြရသည်။ မိဘမောင်ဖွားများမသိဘဲ ထင်ပေါ်ရှုပ်ထွေး ကြလျှင် မိန်းကလေးများဖြစ်ပါက သွေးနှင့် ပတ်သက်သော ရောဂါဘေးများ ကြောင့် ခွဲစိတ်ရသည်အထိ အသက်ဘေးနီးကြသည်။

ငယ်ရွယ်သော မိန်းက လေးများ တိတ်တိတ်ပုံး ကိုယ်ဝန်များရရှိ၍ ဂုဏ်သိက္ခာကျပြီး အရှက်ကွဲကြ သည်။ အဆိုပါသက်ရောက်ဂြိုဟ်တွင် ကိုယ်ဝန် ဖျက်ချပါက အသက်ပါthayသည့်အထိ တိုက်ဆိုင်တတ်သည်။

အမျိုးသမီးများ စနေတိုင်၏ (ခိုက်) ဖြစ်သော စကား၊ ခရီးမှားပါက မူလတွင်ရှိသော စနေဂြိုဟ် ပရိယာယ် (ကိုယ်ဝန်ပျက်ခြင်း၊ သားပျက်သားလျှော)ခြင်း ဖြစ်စေပါသည်။
အမျိုးသားများသည်လည်း ဂြိုဟ်၏ စွမ်းအားကြောင့် ပတ်ဝန်းကျင် အနီးအဝေးအားလုံး မိမိအား လုံး၀ သုံးမရအောင် ပြောဆို နှိမ့်ချဆက်ဆံခံရခြင်းများ တိုက်ဆိုင်တတ်ပြီး ထင်ပေါ်လိုစိတ်၊ ဒေါသစိတ်တို့ဖြင့် ယှဉ်ပြိုင်မှုပြုလျှင် မိမိ သာခံရနိုင်သည်။

မတော်လောဘဖြင့် စီးပွားရှာပါက အမှုအခင်းများတိုက်ဆိုင်ပြီး ထောင်ကျခြင်းတို့ ဖြစ်တတ်သည်။ ထိုဂြိုဟ်တွင်ဖြစ်သော စီးပွားရေးမှာ ပြန်လည်ကုန်သည့်အပြင် ကြွေးများ ပါတင်၍ အရှက်ကွဲကြရသည်အထိ တိုက်ဆိုင်တတ်သည်။

ငွေကြေးကြွယ်ဝသူများ ခန္ဓာကိုယ်ချွတ်ယွင်း တတ်၍ ငွေကြေးကုန်ကြမှုများစွာဖြင့် ကုသမှုပြုသော်လည်း ရောဂါမပျောက်သည့် အပြင် ပို၍ဆိုးဝါးသွားတတ်သည်များ တိုက်ဆိုင်တတ်သည်။ ခရီးသွားလာလှုပ်ရှား၍ စီးပွားရှာဖွေကြရသူများ ကားမှောက်ခြင်း၊ ရထား ပျက်ခြင်း၊ လေယာဉ်ပျက်ခြင်း များ စသဖြင့်ကြုံရတတ်ပြန်သည်။

လူစုလူဝေးနှင့် အစုလိုက် အပြုံလိုက် thayခြင်းများသည် စနေဂြိုဟ် ၏ သဘောများပင်ဖြစ်သည်။
စနေတိုင်တွင် သောကြာဂြိုဟ်လှုပ်ရှားမှု (ခိုက်) နေရာတွင်ရှိ၍ ခရီးမှား စကားမှားပါက မူလတွင်ရှိသော စနေဂြိုဟ်သဘောတရား ပျက်စီးစေသဖြင့်အဆိုပါဂြိုဟ်တွင်သက်ရောက်ပြီး ဥပစ္ဆေဒက ကံနှင့် thayဆုံးပါက လူမသိ သူမသိ အကုသိုလ် အလုပ်များကို လုပ်နေသောသူဖြစ်သည်ဟု ဆိုနိုင်သည်။

ဓါတ်လိုက်ခြင်း၊ အမြင့်မှကျ၍ ကျိုး၊ ကန်းခြင်း၊ အဆိပ်ရှိသော သတ္တဝါကိုက်ခံရခြင်း၊ ခြေပြတ်၊ လက်ပြတ် သွေးထွက်သံယို၊ ဥပါဒ် ဘေးဆိုး အပေါင်းသည် မလွဲတန်းဖြစ်ပေါ်တိုက်ဆိုင်စေသည်ဖြစ်၍ အထူးသတိပြုရမည်။

ထင်ပေါ်ရှုပ်ထွေး ပရိယာယ် သဘောဖြစ်သဖြင့် ထင်ပေါ်မှု များများလုပ်လေ thayဘေးနီးလေဖြစ်သည်။ ပတ်ဝန်းကျင်၏ ချီးမွမ်းခံလျှင် အကုသိုလ်တက်သည်၊ ထီပေါက်လျှင် နာရေးစရိတ် ဖြစ်မည်၊ အိမ်ရောင်း၍ စီးပွားရှာဖို့ကြိုးစားလျှင် နောက်ထပ်ရင်းစားမရ သည့်အပြင် ငွေကုန်သည်သာ တိုက်ဆိုင်တတ်သည်။

(၄)ကြွင်းသောခုနှစ်တွင် မွေးဖွားသော (၇)ရက် သားသမီးတို့သည် အဆိုပါသက်ရောက် ​သို့ ရောက်ရှိသောအခါ အမှုအခင်းဖြစ်ခြင်း၊ ကျန်းမာရေးညံ့ခြင်းများ ကြုံတွေ့တိုက်ဆိုင်တတ်သည်။

တနင်္လာသားသမီးများအတွက် အဆိုပါ သက်ရောက်သည် ဘုမ္မိနယ်​သက်ရောက် ဖြစ်သဖြင့် အိမ်ထောင်ပြိုကွဲခြင်း၊ အုပ်စုပြိုကွဲခြင်းနှင့် ကျန်းမာရေးညံ့ခြင်းတို့ တိုက်ဆိုင် ကြုံတွေ့နိုင်ပါသည်။

အထူးသတိပြုသင့် သား၊ သမီးများမှာ

၁။ ၄ ကြွင်း ကြာသပတေး
(မရဏ နှင့်အတွင်းရန်)

၂။ ၄ ကြွင်း သောကြာ
(မရဏ နှင့် အပြင်ရန်)

၃။ ၄ ကြွင်း
တနင်္လာ (မရဏ နှင့် ဘုမ္မိ) တို့
ဖြစ်ကြသည်။

စနေ(နိန္ဒာ)ဂြိုဟ်သို့ သက်ရောက်နေသူများ ဇိမ်မခံသင့်ပါ။ ဇိမ်ခံလိုစိတ်များလေ သွေးထွက်လေ ဖြစ်သည်ဟု မှတ်ရမည်။

အကယ်၍ မိတ်ဆွေတို့သည် စနေဂြိုဟ်သက်ရောက် နိန္ဒာလောကဓံအဆိုးများကို အလွန်အမင်း ကြုံတွေ့နေပါက နီးစပ်ရာ လောကဓံ (၈)ပါး သက်ခတ် ဗေဒင်ပညာရှင်များနှင့် နဝင်းစီးပညာရှင်များကိုဆက်သွယ်၍ နဝင်း ပညာခန်းယတြာများကို တောင်းခံနိုင်ပါသည်

သင်ဆရာ မြင်ဆရာ ကြားဆရာ ဆရာအပေါင်း၏ ဉာဏ်ပညာအား ရိုသေ လေးမြတ်စွာ ပူဇော်ပါသည်

ရေးသားသူ – သူရိယ

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။