ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး

Health
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး

ဆေးဖက်ဝင်တယ်၊ ဆီးချို သွေးချိုကျတယ်ဆိုပြီး စားလေ့ရှိတဲ့ ကြက်ဟင်းခါးသီးကို လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကတည်းက ဆီးချို ရောဂါအတွက် အသုံးပြုခဲ့ကြတာပါ။

ကြော်ပဲစားစား၊ အသားနဲ့ပဲ နှပ်စားစား အရသာရှိတဲ့ကြက်ဟင်းခါးသီးအဆီအနှစ် က ကင်ဆာရောဂါကို ကာကွယ်ပေးနိုင်တယ်လို့ လေ့လာမှုတွေအရသိခဲ့ရပါတယ်။

လေ့လာမှုရဲ့ ရလဒ်

အခုနောက်ဆုံးလုပ်ဆောင်ခဲ့တဲ့ လေ့လာမှုအသစ်တစ်ရပ်အရ သိလိုက်ရတာက ကြက်ဟင်းခါးသီးကဆီးချိုရောဂါအတွက်တင် ဆေးဖက်ဝင်တာမဟုတ်ဘဲ ကင်ဆာရောဂါကိုပါ ကာကွယ်ပေးနိုင်တယ်လို့ တွေ့ရှိခဲ့ရပါတယ်။အာရှလူမျိုးတော်တော်များများ နှစ်သက်ခံတွင်းတွေ့တဲ့ကြက်ဟင်းခါးသီးက အရသာ ခါးသက်သက်ရှိပေမယ့်ကျန်းမာရေးကို တော်တော်လေးအထောက်အကူပြုပေးပါတယ်။

ကြက်ဟင်းခါးသီး အဆီအနှစ်က ကင်ဆာမဖြစ်အောင် ကာကွယ်ပေး နိုင်သလို ကင်ဆာကျိတ်တွေကြီးထွားမလာစေဖို့နဲ့ ကင်ဆာဆဲလ်တွေ ပြန့်ပွားမှုကို အထိရောက်ဆုံးဟန့်တားပေးနိုင်ပါသေး တယ်။ အခုလေ့လာတွေ့ရှိမှုက ကင်ဆာကာကွယ်ကုသမှုကို တော်တော်လေးအထောက်အကူပြုပေးနိုင်မှာပါ။အခုလေ့လာမှုအတွင်း ကြက်ဟင်းခါးသီးက ရင်သားကင်ဆာ၊ ဆီးကျိတ်ကင်ဆာ၊ ဦးခေါင်းနဲ့ လည်ပင်းကင်ဆာဆဲလ်တွေ အပေါ်မှာ သက်ရောက်မှုရှိလားဆိုတာကို လေ့လာခဲ့ပါတယ်။

ဓာတ်ခွဲခန်းမှာ လေ့လာမှုအရတွေ့ရှိခဲ့ရတာကတော့

ကြက်ဟင်းခါးသီးအဆီအနှစ်က ကင်ဆာဆဲလ်တွေပြန့်ပွားမှုကို အထိရောက်ဆုံး ဟန့်တားပေးနိုင်တယ်၊လို့တွေ့ရှိခဲ့ရပါတယ်။

နောက်ထပ် တွေ့ရှိခဲ့တာ တစ်ချက်ကတော့ ကြက်ဟင်းခါးသီးအဆီအနှစ်က ခံတွင်းကင်ဆာ နဲ့ လျှာကင်ဆာကို အထိရောက်ဆုံးလျှော့ချပေးနိုင် တယ်ဆိုတာပါ။

ဒါကြောင့် ကင်ဆာကို ကာကွယ်ဖို့ဖြစ်ဖြစ်၊ ကုသမှုအတွက်ဖြစ်ဖြစ် ကြက်ဟင်းခါးသီးကို စားပေးလို့ရပါတယ်။ ဒါကြောင့် အစာလည်း ဆေး၊ ဆေးလည်း အစာဆိုတဲ့ စကားအတိုင်း တစ်ပတ်ကို အနည်းဆုံး နှစ်ကြိမ်လောက် ကြက်ဟင်းခါးသီးကို

ဆေးဖြစ်ဝါးဖြစ်လေး စားပေးတာက ကျန်းမာရေးကို ကာကွယ်ပြီးသားဖြစ်မှာပါ။

ကြက်ဟင်းခါးသီးက ပေးတဲ့ ကျန်းမာရေးကတော့အရသာ ခါးသက်သက်ရှိပြီး ဝိတ်ကျစေနိုင်တယ်

ကြက်ဟင်းခါးသီးက ၁၀၀ ဂရမ်မှာမှ ကယ်လ်လိုရီ ၁၇ ရာခိုင်နှုန်းပဲပါဝင်တာဖြစ်ပြီး နေ့တိုင်းစားရင်တောင် အဆီမတက်စေနိုင်ပါဘူး။ အစာကြေလွယ်တာမျိုးမဟုတ်တာကြောင့် ခဏခဏစားမိတာမျိုး မဖြစ်အောင်ကာကွယ်ပေးနိုင်မှာပါ။

ကြက်ဟင်းခါးသီးကို တစ်လဆက်တိုက်စားပေးမယ်ဆိုရင် ခါးဆိုဒ် ၁.၃ စင်တီမီတာအထိကျနိုင်ပါတယ်၊ လို့ လေ့လာမှုတစ်ရပ်အရသိရပါတယ်။

ကင်ဆာ ကာကွယ်ပေးနိုင်တယ်

ဓာတ်တိုးဆန့်ကျင် အာနိသင်ကြွယ်ဝစွာပါဝင်နေတာကြောင့် ခန္ဓာကိုယ်မှာ free radicals ကြောင့် ထိခိုက်တာမျိုးမဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။

ကြက်ဟင်းခါးသီးအရည်က ပန်ကရိယကင်ဆာ နဲ့ ရင်သားကင်ဆာဖြစ်နိုင်ခြေကို ကျဆင်းစေနိုင်ပါတယ်။

အရိုးဆုံးရှုံးမှုမဖြစ်အောင် ကာကွယ်ပေးတယ်

ကြက်ဟင်းခါးသီးမှာ ဗီတာမင် K နဲ့ ဗီတာမင် C တို့ပါဝင်နေတာကြောင့် ကယ်လ်ဆီယမ်စုပ်ယူမှုကောင်းစေပြီး အရိုးတွေကို ကျန်းမာစေနိုင်ပါတယ်။ အရိုးသိပ်သည်းဆကို ကောင်းစေပြီး အရိုးပွတာ၊ အရိုးပါးတာတွေ မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။

ဆီးချို ကာကွယ်ပေးတယ်

ကြက်ဟင်းခါးသီးကြိတ်ရည်က သွေးတွင်းသကြားဓာတ်ကို ကျဆင်းစေနိုင်ပါတယ်။ အင်ဆူလင်တုံ့ပြန်မှုကိုကောင်းစေနိုင်တယ်။ ဒါကြောင့် ဆီးချိုကို ကုသဖို့အတွက်ရော ကာကွယ်ဖို့အတွက်ပါ ကြက်ဟင်းခါးသီးကို သုံးပေးလို့ရပါတယ်။

ကိုလက်စထရော ထိန်းညှိပေးတယ်

ကြက်ဟင်းခါးသီးရဲ့ အဆီအနှစ်က သွေးတွင်းက အကျိုးမပြုတဲ့ ကိုလက်စထရောပမာဏကို ကျဆင်းစေပြီး အကျိုးပြုကိုလက်စထရောပမာဏကို အကောင်းဆုံးထိန်းညှိပေးနိုင်ပါတယ်။

ဒါကြောင့် တစ်ပတ်ကို အနည်းဆုံး ၂ ကြိမ်လောက်တော့ ဆေးဖြစ်ဝါးဖြစ် ကြက်ဟင်းခါးသီးလေးကို စားပေးဖို့ တိုက်တွန်းပါရစေ။

ရေးသားသူ – Shweu

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။