ဆွစ်ဇာလန်နိုင်ငံက ရထားလမ်းတွေမှာ ဆိုလာပြားတွေ တပ်ဆင်ဖို့ ရှိနေ

International News Tech
ဆွစ်ဇာလန်နိုင်ငံ က ရထားလမ်းတွေမှာ ဆိုလာပြားတွေ တပ်ဆင်ဖို့ ရှိနေ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ဆွစ်ဇာလန်နိုင်ငံက ရထားလမ်းတွေမှာ ဆိုလာပြားတွေ တပ်ဆင်ဖို့ ရှိနေ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ဆွစ်ဇာလန်နိုင်ငံက ရထားလမ်းတွေမှာ ဆိုလာပြားတွေ တပ်ဆင်ဖို့ ရှိနေ

ဆွစ်ဇာလန်နိုင်ငံမှာ ရထားသံလမ်းတွေကြား ဆိုလာပြားတွေ တပ်ဆင်ဖို့ စီစဉ်နေပါတယ်။ ဆွစ်ဇာလန်နိုင်ငံရဲ့ ရထားလမ်းကွန်ရက်က မိုင် ၂၀၀၀ ကျော် ရှည်လျားပြီး ရထားလမ်းကွန်ရက်တစ်ခုလုံးမှာ ဆိုလာပြားတွေ တပ်ဆင်လိုက်ရင် တစ်နာရီကို 1 terawatt (one trillion watt) ထုတ်လုပ်နိုင်ပြီး တစ်နိုင်ငံလုံးရဲ့ စွမ်းအင်အသုံးပြုမှု ၂ ရာခိုင်နှုန်းအထိ ကာမိမယ်လို့ ဆိုပါတယ်။

လက်ရှိအချိန်မှာတော့ Sun-Ways စွန့်ဦးတီထွင်လုပ်ငန်းက ဆွစ်ဇာလန်နိုင်ငံ အနောက်ပိုင်း ဘက်တက်စ်ဘူတာရုံနားက ရထားသံလမ်းကြားမှာ ဆိုလာပြားတွေ တပ်ဆင်ဖို့ ပြည်ထောင်စု ပို့ဆောင်ရေးရုံထံကနေ ခွင့်ပြုချက် စောင့်ဆိုင်းနေတာပါ။

Sun-Ways က အလုပ်သမားစရိတ် ကာမိစေဖို့အတွက် အထူးဖန်တီးထားတဲ့ ရထားတွဲတွေကို အသုံးပြုပြီး ရထားလမ်းတွေကြားမှာ ဆိုလာပြားတွေ ခင်းသွားမှာ ဖြစ်ပါတယ်။
ဒါပေမဲ့ သူတို့ရဲ့အိုင်ဒီယာဟာ သံသယဖြစ်မှုတွေနဲ့လည်း ကြုံနေရပါတယ်။ ဆိုလာပြားတွေပေါ်ကို နေရောင်ထိုးပြီး ရောင်ပြန်ဟပ်ရင် ရထားယာဉ်မောင်းတွေကို အမြင်မှားစေနိုင်တယ်လို့ ဆိုကြသလို အဲဒီနေရာတစ်ဝိုက်က ဆီးနှင်းအလွန်ကျဆင်းလို့ ငွေဖြုန်းတီးရာ ရောက်လိမ့်မယ်လို့လည်း ဆိုကြတာပါ။

ဖုန်မှုန့်တွေ၊ အပျက်အစီးအပိုင်းအစတွေနဲ့ ရထားလမ်းရဲ့ တုန်ခါမှုတွေက ဆိုလာပြားတွေကို ထိခိုက်စေနိုင်မလားဆိုတာကိုလည်း သံသယရှိနေကြပါတယ်။ ဒါပေမဲ့ Sun-Ways ကတော့ ရထားတွဲတွေရဲ့ အောက်မှာ ဖုန်သုတ်တံတွေ တပ်ဆင်ပြီး ဆိုလာပြားတွေကို လှည်းကျင်းပေးနိုင်ဖို့ စီမံသွားမယ်လို့ ဆိုပါတယ်။

ရေးသားသူ – Yoyarlay

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။