နတ်နေရွေးနည်းလေး
မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ နတ်နေရွေးနည်းလေး ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။
နတ်နေရွေးနည်းလေး
ယခုတင်ပြမည့်နည်းလေးမှာ ပညာခန်းအရ ဆန်းပြားသည်ဟုမထင်ရသော်လည်း-နေ့စဥ်နှင့်အမျှအမှု့ကိစ္စဆောင်ရွက်နေရသောမိတ်ဆွေများအတွက်အထူးလိုအပ်သည်ဟုထင်သဖြင့်တင်ပြခြင်းဖြစ်ပါသည်။
လူသည်တစ်ဦးတည်းတစ်ယောက်တည်းရပ်တည်၍မရဘဲ လူနှင့်ပါတ်ဝန်းကျင်တို့၏သဘောတရားအရ ကူးလူးဆက်ဆံအပြန်ပြန်အလှန်လှန်ကျေးဇူးပြုကြရပေသည်ထိုသို့ကျေးဇူးပြုရာ၌ ဒေသန္တရတည်းဟူသောအရပ်ဒေသအမျ်ိုးမျ်ိုးတို့သည်လည်းမပါမဖြစ်အကြုံးဝင်ပေ၏။
ထိုသို့ဆောင်ရွက်ရာ၌ (ကောင်းမကောင်း၊သင့်မသင့်၊)ဆိုသောအကြောင်းတရားတို့သည် လည်း အဓိက မပါမဖြစ်များဖြစ်လာကြရပြန်သည်၊
ဝေဒပညာအရ အမှု့ကိစ္စတိုင်းသည်အကျိုးအပြစ်နှင့်အကျိုးအပြစ်တို့ကိုကုစားနိုင်သောနည်းများရှိပေသည်၊စာရှည်မည်စိုးသဖြင့် လိုအပ်သည်ကိုသာတင်ပြပါတော့မည်၊အလျှင်းသင့်လျှင် ကျယ်ကျယ်ပြန့်ပြန့်ရေးသားတင်ပြလိုပါသည်။
အမှု့ကိစ္စများဆောင်ရွက်ရန်သွားလျှင်သော်လည်းကောင်း၊မသွားမဖြစ်မလုပ်မဖြစ် သွားလာလုပ်ကိုင်ရလျှင်သော်လည်ကောင်း ဝေဒပညာအရ လာဘ်နေ,နတ်နေရွေး၍လုပ်ကိုင်ဆောင်ရွက်ကြပါက အက်အခဲအခဲများကိုကျော်လွှားနိုင်ကြမည်ဖြစ်ပြီး
နတ်နေနေ့များတွင်သွားလာပြုလုပ်မိပါက အောက်ဖော်ပြပါလက်ာလေးအရ ဘေးဥပါဒ်အန္တရာယ်တစ်ခုခုနှင့်ကြုံတွေ့တတ်သည့်အတွက် ဤနည်းလေးကိုစေတနာဖြင့်တင်ပြအပ်ပါသည်။
ယ္ခုနည်းမှာနတ်နေရွေးနည်းသက်သက်ဖြစ်၍ နောင်အခန်းတွင် လာဘ်နေရေးနည်းနှင့် အခိုက်ဓာတ်ကြုံပါက “ပြေပျောက်နိုင့်နည်းလေးများ”တင်ပြပေးပါမည်။
နတ်နေရွေးနည်း
အုန်း၊သီး၊ဆက်၊လာ၊တောင်၊က၊ရွာ၊မှာ-နေချင်လက်ဝဲနတ်နေမြဲမို့၊ထိုနေ့များမှာ အမှု့ဆောင်ငြား ခရီးသွားက ဘေးများရောက်ခါ၊ရန်ဖြာဖြာနှင့် ကြုံလာမလွဲ ဖြစ်တတ်မြဲတည်း။
လက်ာအရ
(ခရီးထွက်မည့်နေ့)(ရှောင်ကြဥ်အပ့်သည့်အရပ်)
အုန်-(တနဂ်နွေ)နေ့၊ အရပ်(စနေ)
သီး-(သောကြ်ာ) ။ အရပ်(ကြာသာပတေး)
ဆက်-(အဂ်ါ) ။ အရပ်(ရာဟု)
လာ-(ဗုဒ္ဓဟူး) ။ အရပ်(သောကြ်ာ)
တောင်(စနေ) ။ အရပ်(တနဂ်နွေ)
က- (တနလျာ) ။ အရပျ(တနလျာ)
ရှာ-(ဗုဒ်ဓဟူး) ။ အရပျ(အဂျါ)
မှာ-(ကြာသာပတေး)။အရပ်(ဗုဒ္ဓဟူး)
“အခြားတစ်နည်း “
အုန်းဘောင်သူ၊ ချစ်သူထံ၊စံထွန်းဦး၊လူအံ့ကြံ၊ပြန်ချင်စွ၊သူဇာလှ၊ထွားလာမှတ်။
ဥပမာ(အုန်း=တနဂ်နွေသားသမီးသည်
ဘောင်=ကြာသာပတေးနေ့၌
သူ= သောကြ်ာအရပ်သို့ခရီးမသွားကောင်း။)
(မှတ်ချက်)အခြားနေ့့များကိုလည်းထိုနည်းယူ။
ခရီးသွားသင့်မသွားသင့်တွက်နည်း
(လက်ာ)
ခရီးသွားလို ရန်ဂြိုလ်သက်နှော၊စားလောအဋ္ဌ၊ကြွင်း(တစ်)ရာဇာ ပူဇော်ခါ၊(နှစ်)မှာဆင်းရဲ၊အောင်ပွဲ(တြိန်း)၊ချမ်းငြိမ်း(စတု)၊ (ငါး)ခုလာဘ်ရ၊(သတ္တ)ခိုးသူ၊(သုဥ်း)မူတစ်ဖန်-အိမ်မပြန်သည်၊ကျမ်းဂန်တို့၏အဆိုတည်း။
ရေးသားသူ – Thitsar Maung
မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။