၂၀၂၃ ခုနှစ် ကောဇာကြာသပတေး အကူးအပြောင်းနှင့် ရာသီခွင်ဗေဒင်

Astrology
၂၀၂၃ ခုနှစ် ကောဇာကြာသပတေး အကူးအပြောင်းနှင့် ရာသီခွင်ဗေဒင်

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ၂၀၂၃ ခုနှစ် ကောဇာကြာသပတေး အကူးအပြောင်းနှင့် ရာသီခွင်ဗေဒင် ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

၂၀၂၃ ခုနှစ် ကောဇာကြာသပတေး အကူးအပြောင်းနှင့် ရာသီခွင်ဗေဒင်

နှစ်စဉ်နှစ်တိုင်း လူသားတွေအတွက် ကောင်းကျိုးချမ်းသာအဖြာဖြာကို ပေးစွမ်းနေတဲ့ ကြာသပတေးဂြိုဟ်ကြီးဟာ (အနောက်တိုင်းနက္ခတ်ဗေဒင်အရ) ၂၀၂၃ ခုနှစ်ထဲမှာ မိဿရာသီနဲ့ ပြိဿရာသီကြား ကောဇာအကူးအပြောင်း ရှိလာမှာ ဖြစ်ပါတယ်။ ကြာသပတေးဂြိုဟ်အစီးအနင်းအရ ဘယ်ရာသီဖွားတွေအပေါ် ဘယ်လို ကံကောင်းမှုတွေ ဖြစ်လာစေနိုင်လဲဆိုတာ တင်ပြပေးပါမယ်။

မိဿရာသီဖွား (မတ် ၂၁ – ဧပြီ ၁၉)

နှစ်စကနေ ငါးလပိုင်းလောက်အထိ ဘဝမှာ အခြေအနေကောင်းတွေ ဖြစ်ထွန်းလာနိုင်ပါတယ်။ ကြိုးစားနေတဲ့အရာတွေလည်း လမ်းစပေါ် အောင်မြင်လာပါလိမ့်မယ်။ ငါးလပိုင်းနောက်ပိုင်းမှာလည်း ငွေကြေးကံကောင်းမှုနဲ့ ဝင်ငွေ တိုးပွားရရှိမှုတွေ ကြုံရတတ်ပါတယ်။ နှစ်လယ်ပိုင်းကနေ စလို့ စိတ်ရှုပ်ထွေးစရာတွေ များတတ်ပါတယ်။

ကရကဋ်ရာသီဖွား (ဇွန် ၂၁ – ဇူလိုင် ၂၂)

နှစ်ဆန်းပိုင်းကနေ ငါးလပိုင်းအထိ အလုပ်အကိုင်အခြေအနေ ဖွံ့ဖြိုးတိုးတက်မှု ရှိလာပါလိမ့်မယ်။ လုပ်ငန်းစီးပွား ကံဇာတာ မြင့်မားလာပြီး အရင်ကထက် လုပ်သာကိုင်သာ ပိုရှိလာပါမယ်။ ငါးလပိုင်းကျော်ရင် ဝင်ငွေရလမ်းတွေ ပိုမြင်ရပေမယ့် တစ်ဖက်မှာ အလုပ်နဲ့ နေရာ အပြောင်းအလဲတွေ၊ အရွှေ့အပြောင်းတွေ ဖြစ်ပေါ်လာနိုင်ပါတယ်။

ပြိဿရာသီဖွား (ဧပြီ ၂၀ – မေ ၂၀)

ငါးလပိုင်းနောက်ပိုင်းက စတင်ပြီး ကိုယ်ရေးကိုယ်တာကိစ္စတွေ၊ ချစ်မှုရေးရာ၊ အိမ်ထောင်ပြု၊ လက်ထပ်ရေးတွေ အကောင်းဘက်ကို ဦးတည်လာနိုင်ပါတယ်။ နှစ်လယ်ကျော်ရင် ပိုပြီး ကောင်းမွန်တဲ့ ဘဝအခြေအနေ ဖြစ်လာပြီး အစစအရာရာ ဖြောင့်ဖြူးလွယ်ကူလာပါလိမ့်မယ်။ ငွေရေးကြေးရေးမှာ ထူးထူးခြားခြား ကံကောင်းတတ်ပါတယ်။

သိဟ်ရာသီဖွား (ဇူလိုင် ၂၃ – သြဂုတ် ၂၂)

နှစ်စတည်းက လုပ်နေတဲ့ အလုပ်တွေ၊ စိတ်ကူးထားတဲ့ အကြံအစည်တွေ အကောင်အထည် ပေါ်လာတတ်ပြီး နှစ်လယ်ကျော်ရင်တော့ စီးပွားရေးတွေ၊ လုပ်ငန်းဆောင်တာတွေ အဘက်ဘက်က အောင်မြင်လာနိုင်ပါတယ်။ တစ်ချိန်တည်းမှာ ခရီးဝေးတွေ၊ နိုင်ငံခြားကိစ္စတွေလည်း ပေါ်ပေါက်လာတတ်ပြီး အငြိမ်မနေရဘဲ ဖြစ်လာပါမယ်။

၂၀၂၃ ခုနှစ်အတွင်း ကောဇာ ကြာသပတေးဂြိုဟ်အစီးအနင်းအရ အထက်ဖော်ပြပါ ရာသီဖွားတွေဟာ ထူးခြားထင်ရှားတဲ့ ကောင်းသော အပြောင်းအလဲတွေနဲ့ ကြုံရတတ်ပါတယ်။ အခက်အခဲတွေ ရှိရင်တောင် အလွယ်တကူ၊ သက်သောင့်သက်သာနဲ့ ဖြတ်ကျော်သွားနိုင်မှာ ဖြစ်ပါတယ်။

အဲဒီရာသီဖွားတွေပြီးရင်တော့ တူရာသီဖွားတွေနဲ့ ဗြိစ္ဆာရာသီဖွားတွေကလည်း ထိုက်သင့်သလောက် ကံကောင်းအဆင်ပြေမှုတွေ ရှိလာနိုင်ပါတယ်။ အထူးသဖြင့် လူမှုရေး၊ အချစ်ရေး၊ အိမ်ထောင်ရေးကဏ္ဍတွေမှာ ကောင်းသော ပြောင်းလဲဖြစ်တည်မှုတွေ ပေါ်ပေါက်လာနိုင်ပါတယ်။

ရေးသားသူ – Byoh Lifestyle

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...