၂၀၂၃ ခုနှစ် မတ်လ ၁၃ ရက်နေ့ မှ မတ်လ ၁၉ ရက်နေ့အထိ တစ်ပတ်စာ ၁၂ ရာသီခွင်အလိုက် ဟောစာတမ်းများ

Astrology
၂၀၂၃ ခုနှစ် မတ်လ ၁၃ ရက်နေ့ မှ မတ်လ ၁၉ ရက်နေ့အထိ တစ်ပတ်စာ ၁၂ ရာသီခွင်အလိုက် ဟောစာတမ်းများ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ၂၀၂၃ ခုနှစ် မတ်လ ၁၃ ရက်နေ့ မှ မတ်လ ၁၉ ရက်နေ့အထိ တစ်ပတ်စာ ၁၂ ရာသီခွင်အလိုက် ဟောစာတမ်းများ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

၂၀၂၃ ခုနှစ် မတ်လ ၁၃ ရက်နေ့ မှ မတ်လ ၁၉ ရက်နေ့အထိ တစ်ပတ်စာ ၁၂ ရာသီခွင်အလိုက် ဟောစာတမ်းများ

ရာသီခွင်အလိုက် ယေဘူယျ အကျဉ်းချုပ် ဟောစာတမ်းများဖြစ်ပါသည် ။ အကောင်းအဆိုး ၊ အကြောင်းအကျိုးကို ဆင်ခြင်ပြုမူဆောင်ရွက်နိုင်ရန်အတွက်သာဖြစ်သည်။

မိဿရာသီခွင် – Aries ( Mar 13 to 19 )

ယခုအပတ်တွင် Aries ရာသီခွင်တို့၏ ကျန်းမာရေးသည် တိုးတက် ကောင်းမွန်နေပါမယ်။ သို့သော် ခရီးဝေး သွားလာခြင်းတို့ကို ရှောင်ရှားပေးရပါလိမ့်မယ်။

ဤကာလ တစ်လျှောက်လုံး ကံတရား၏ အားပေး ထောက်ပံ့မှုကို ရရှိနိုင်ပါမယ်။ သို့သော် မည်သည့် အလုပ်ကို မဆို အလျင်စလို မပြုလုပ်ရန်နှင့် စိတ်ရှည် သည်းခံပြီး မိမိ၏ ငွေကြေးကို ဂရုတစိုက် ရင်းနှီးမြှုပ်နှံရန် အကြံပြုလိုပါတယ်။

ချစ်သူ နှစ်ဦးကြား ချစ်ခြင်း မေတ္တာများ တိုးပွားလာပါမယ်။ မိသားစုဝင်များနှင့် ဆက်ဆံရေး ကောင်းမွန်နေပါမယ်။ ပျော်ပွဲရွှင်ပွဲများကို ကျင်းပနိုင်ပါမယ်။ သတင်းကောင်းများ ကြားသိရနိုင်ပါမယ်။

ပြိဿရာသီခွင် – Taurus ( Mar 13 to 19 )

ယခုအပတ်တွင် Taurus ရာသီခွင်တို့၏ ကျန်းမာရေးသည် ကောင်းမွန်နေပါမယ်။ စိတ်အား ထက်သန်စွာ အလုပ်များကို လုပ်ဆောင်နိုင်ပါမယ်။ သို့သော် စိတ်ဖိစီးမှု ဖြစ်စေနိုင်သော ကိစ္စရပ်များမှ တတ်နိုင်သမျှ ရှောင်ရှားပေးပါ။

ဤကာလအတွင်း ငွေရေးကြေးရေးနှင့် ပက်သက်၍ ခြေလှမ်းတိုင်းကို စေ့စေ့စပ်စပ် လုပ်ဆောင်ပေး ရပါလိမ့်မယ်။ ရင်းနှီးမြုပ်နှံမှုဟောင်းမှ ငွေကြေးများ ရရှိနိုင်သော်လည်း မလိုအပ်သော တောင်းဆိုချက်များကို ဖြည့်ဆည်းရခြင်းတို့ကြောင့် ငွေကြေး ဆုံးရှုံးရတတ်ပါတယ်။ မိမိ၏ အားနာတတ်သည့် သဘော သဘာဝကြောင့် နောင်တချိန်တွင် ငွေကြေး ပြဿနာတို့နှင့် ရင်ဆိုင်ရနိုင်ခြေ ရှိနေပါတယ်။

ယခုအပတ်တွင် Taurus ရာသီခွင်တို့သည် စိတ်ခံစားချက် ပြင်းထန်နေနိုင်ပါမယ်။ စိတ်တို၊ ဒေါသ ဖြစ်လွယ်ပါမယ်။

မေထုန်ရာသီခွင် – Gemini ( Mar 13 to 19 )

ယခုအပတ်တွင် Gemini ရာသီခွင်တို့၏ ကျန်းမာရေးတွင် အပြုသဘောဆောင်သော အပြောင်းအလဲများ ရှိနေပါမယ်။ မှန်ကန်သော ကျန်းမာရေး လုပ်ရိုးလုပ်စဉ်များကို ပြုလုပ်ပေးရန် လိုအပ်ပါမယ်။ အစားအသောက်ကို ဂရုစိုက်ပါ။

ဤကာလအတွင်း Gemini ရာသီခွင်တို့သည် စိတ်ဖိစီးမှုများမှ လွတ်မြောက်စေရန် ငွေကြေး သုံးစွဲလိုစိတ်များ ဖြစ်ပေါ်နေနိုင်ပါမယ်။ သို့သော် မိမိအတွက် လိုအပ်မှသာ သုံးစွဲသင့်သည်ကို သတိရပေးပါ။ အထိန်းအချုပ်မဲ့စွာ ငွေကြေး သုံးစွဲခြင်းသည် အစောပိုင်းတွင် စိတ်အေးလက်အေး ခံစားရနိုင်သော်လည်း နောက်ပိုင်းတွင် ထိုကဲ့သို့သော လုပ်ရပ်အတွက် နောင်တရပါလိမ့်မယ်။

ဤကာလအတွင်း Gemini ရာသီခွင်တို့၏ မိသားစု ဘဝတွင် အေးချမ်းမှုများ ရှိနေပါမယ်။ သို့သော် မိသားစုပိုင် ပစ္စည်း ဆုံးရှုံနိုင်ခြေ ရှိနေသောကြောင့် သတိထားသင့်ပါတယ်။

ကရကဋ်ရာသီခွင် – Cancer ( Mar 13 to 19 )

ယခုအပတ်တွင် Cancer ရာသီခွင် အချို့သည် ကျန်းမာရေး ပြဿနာတို့ကြောင့် ဆေးရုံ ဆေးခန်း သို့ ရောက်ရှိနိုင်ခြေ ရှိနေပါတယ်။ ဒါကြောင့် အစောကတည်းက မိမိ၏ ကျန်းမာရေးကို ဂရုစိုက်ရန် လိုအပ်ပါလိမ့်မယ်။

ဤကာလအတွင် Cancer ရာသီခွင်တို့၏ ငွေရေးကြေးရေးသည် အားကောင်းနေပါမယ်။ နယ်ပယ်များစွာမှ ငွေကြေးများ ရရှိတတ်ပါတယ်။ ဒါကြောင့် ငွေကြေး စုဆောင်းမှုများ ပြုလုပ်ရန် အကြုံပြုလိုပါတယ်။

ယခုအပတ်တွင် Cancer ရာသီခွင်များ အနေနဲ့ မိမိတို့၏ မိသားစုအပေါ် အာရုံစိုက်ပေးပါ။ မိသားစုဝင်များ၏ လိုအပ်ချက်များကို တတ်နိုင်သမျှ ဖြည့်ဆည်းပေးပါ။ သို့မှသာ မိသားစုအတွင်း အေးချမ်းမှုကို ထိန်းသိမ်းနိုင်မှာ ဖြစ်ပါတယ်။

သိဟ်ရာသီခွင် – Leo ( Mar 13 to 19 )

ယခုအပတ်တွင် Leo ရာသီခွင်များ အနေနဲ့ စိတ်ပိုင်းဆိုင်ရာ ဖိစီးမှုများမှ ဝေးဝေးနေထိုင်ရန် အကြံပြုလိုပါတယ်။

ဤကာလအတွင်း ငွေကြေး ကုန်ကျမှုနိုင်ခြေ အခွင့်အလမ်း များနေပါတယ်။ ငွေကြေး အကျပ်အတည်းများကြောင့် စိတ်ဖိစီးမှုများ ခံစားရနိုင်ပါမယ်။

ယခုအပတ်တွင် ရင်းနှီးသော မိတ်ဆွေ သို့မဟုတ် အိမ်ထောင်စုဝင်တစ်ဦး၏ ထူးထူးခြားခြား အပြုအမူတို့ကြောင့် ဆက်ဆံရေး မပြေလည်မှုများ ရှိနေနိုင်ပါမယ်။ အဆင်မပြေမှုများ ဖြစ်ပေါ်ခံစား ရနိုင်ပါတယ်။

ကန်ရာသီခွင် – Virgo ( Mar 13 to 19 )

Virgo ရာသီခွင်ထဲမှ အသက်အရွယ် ကြီးသူများ အနေနှင့် ယခုတစ်ပတ် တစ်လျှောက်လုံး ကျန်းမာရေးကို အထူးဂရုစိုက်ရန် လိုအပ်ပါမယ်။ မနက်စောစော သို့မဟုတ် ညနေခင်းတိုင်း မိနစ် ၃၀ခန့် လမ်းလျှောက်ပေးပါ။ မိမိ၏ ကျန်းမာရေး အတွက် အချိန်ပေး စောင့်ရှောက်ပါ။ ယာဉ်အန္တာရယ် ဖြစ်ပွားနိုင်ခြေ ရှိသောကြောင့် သတိထားသင့်ပါတယ်။

အိမ်ပြန် နောက်ကျတတ်သည့် အလေ့အကျင့် ရှိကြသူများ အနေနှင့် ဤကာလအတွင်း မိသားစုဝင်များ၏ ဆူပူ အပြစ်တင်ခြင်းကို ခံရနိုင်ပါမယ်။ မိမိတို့၏ ဆက်ဆံရေးကို ထိခိုက်စေသည့် အပြင် စိတ်မချမ်းမြေ့မှုကိုပါ ခံစားရနိုင်သောကြောင့် တတ်နိုင်သမျှ သတိထားပေးပါ။

တူရာသီခွင် – Libra ( Mar 13 to 19 )

ယခုအပတ်တွင် Libra ရာသီခွင်များ အနေနဲ့ ကျန်းမာရေး ကောင်းမွန်နေစေရန် အာဟာရ ပြည့်ဝစွာ စားသုံးပေးရန် လိုအပ်ပါမယ်။ အိပ်ချိန် အလုံအလောက် ထားပါ။ ကျန်းမာရေးနှင့် ညီညွတ်သော အစားအစာများကို စားသုံးပေးပါ။ ကိုယ်လက်လေ့ကျင့်ခန်းများကို မိနစ် ၃၀ခန့် ပြုလုပ်ပေးပါ။

ငွေရေးကြေးရေးနှင့် ပတ်သက်၍ ယခုတစ်ပတ်တွင် မိမိ၏ ခြေလှမ်းတိုင်းကို စေ့စေ့စပ်စပ် တွေးတောပေး ရပါလိမ့်မယ်။ အတိတ်က ပြုလုပ်ခဲ့သော ရင်းနှီးမြုပ်နှံမှုများမှ ဝင်ငွေများ ရရှိနိုင်သလို ငွေကြေး ဆုံးရှုံနိုင်‌ခြေလည်း ရှိနေပါတယ်။ မိမိထံမှ ငွေကြေး ချေးငှားမှုများ ရှိနေနိုင်ပါမယ်။

ဤကာလအတွင်း Libra ရာသီခွင်တို့၏ မိသားစု ဘဝတွင် အပြောင်းအလဲတို့နှင့် ကြုံတွေ့ရ တတ်ပါတယ်။ ဆုံးဖြတ်ချက် တစ်ခုခုကို မပြုလုပ်မီ မိသာစုဝင်များနှင့် တိုင်ပင် ဆွေးနွေးပါ။ အခြားသူများ၏ ထင်မြင်ယူဆချက်များကို ကောင်းစွာ နားလည်အောင် ကြိုးစားပါ။

ဗြိစ္ဆာရာသီခွင် – Scorpio ( Mar 13 to 19 )

ယခုအပတ်တွင် Scorpio ရာသီခွင်တို့သည် ကျန်းမာရေး ပြဿနာ အချို့နှင့် ရင်ဆိုင်ရတတ်ပါတယ်။ စိတ်ဖိစီးမှုများ ဖြစ်စေနိုင်သော ကိစ္စရပ်များမှ ဝေးဝေး နေထိုင်ပါ။ အာဟာရ ပြည့်ဝသော အစားအစာများကို စားသုံးပေးပါ။ မိမိကိုယ် မိမိ ကျန်းမာနေစေရန် တတ်နိုင်သမျှ ဂရုစိုက်ပြီး ကိုယ်လက်လေ့ကျင့်ခန်းများကို ပုံမှန် ပြုလုပ်ပေးပါ။

ဤကာလအတွင်း Scorpio ရာသီခွင်တို့၏ ငွေရေးကြေးရေးသည် ကောင်းမွန်နေပါမယ်။ ပိုမို‌ ကောင်းမွန်သော ငွေကြေး အခွင့်အလမ်းများ ရရှိတတ်ပါတယ်။ ငွေကြေး စုဆောင်းမှုများကို ပြုလုပ်နိုင်ပါမယ်။

ယခုအပတ်တွင် Scorpio ရာသီခွင် မိခင်၏ ကျန်းမာရေးသည် ကောင်းမွန်နေပါမယ်။ မိသားစု လုပ်ငန်းခွင်အတွင်း တိုးတက်ရန် အခွင့်အလမ်းများ ရရှိနိုင်ပါမယ်။ မိသားစု ဘဝတွင် အပြုသဘောဆောင်သော အပြောင်းအလဲများ ရှိနေပါမယ်။

ဓနုရာသီခွင် – Sagittarius ( Mar 13 to 19 )

ယခုအပတ်တွင် Sagittarius ရာသီခွင်တို့၏ ကျန်းမာရေးသည် ကောင်းမွန်နေပါမယ်။ သို့သော် ဘယ်အရာမဆို အလွန်အကျွံ တွေးတောခြင်းသည် စိတ်ပိုင်းဆိုင်ရာ ဖိစီးမှု ဖြစ်စေနိုင်သောကြောင့် ရှောင်ကြဉ်သင့်ပါတယ်။

အတိတ်က မပြီးမြောက်ခဲ့သော ကိစ္စများကို ယခုသီတင်းပတ်တွင် အောင်မြင်စွာ လုပ်ဆောင်နိုင်ပါမယ်။ ဒါ့အပြင် နယ်ပယ် အသီးသီးမှ ‌ငွေကြေးအကျိုးအမြတ်များ ရရှိနိုင်ပါမယ်။ သို့သော် မှားယွင်းသော ငွေကြေးဆိုင်ရာ ဆုံးဖြတ်ချက်များ မချမိစေရန် သတိထားပါ။ မဟုတ်ပါက ဆုံးရှုံးမှုများ ဖြစ်ပေါ်လာနိုင်ပါတယ်။

ဤကာလအတွင်း ပတ်ဝန်းကျင်မှ အထင်ကြီး လေးစားမှုများ ရရှိနိုင်ပါမယ်။ အချို့သော မိသားစုရေးရာ ကိစ္စရပ်အတွက် ငွေကြေး သုံးစွဲရတတ်ပါတယ်။

မကာရရာသီခွင် – Capricorn ( Mar 13 to 19 )

ယခုအပတ်တွင် Capricorn ရာသီခွင်တို့၏ ကျန်းမာရေးသည် ယခင်ထက် ပိုမိုကောင်းမွန် လာပါမယ်။ နာတာရှည်ရောဂါများ ဖြစ်ပေါ်နိုင်မည် မဟုတ်ပါ။

အလုပ်များကို စိတ်အား ထက်သန်စွာ လုပ်ဆောင်နိုင်ပါမယ်။ ဤကာလအတွင်း ငွေ‌ရေးကြေးရေး အားကောင်းနေပါမယ်။ စီးပွားရေး လုပ်ငန်း တိုးချဲ့ လုပ်ကိုင်ရန် အတွက် ကောင်းမွန်သော အချိန်ကာလ ဖြစ်ပါတယ်။

မိသားစုနှင့် ပက်သက်၍ ယခုအပတ်တွင် ပျော်ရွှင်မှုများ ရှိနေပါမယ်။ မိသားစု ဘဝတွင် ကောင်းမွန်သော ရလဒ်များ ရရှိရန် အခွင့်အလမ်းများ ရှိနေပြီး ကလေး မွေးဖွားနိုင်ခြေလည်း ရှိနေပါတယ်

ကုမ်ရာသီခွင် – Aquarius ( Mar 13 to 19 )

ယခုအပတ်တွင် Aquarius ရာသီခွင်တို့၏ ကျန်းမာရေးသည် ကောင်းမွန်နေပါမယ်။

စီးပွားရေး လုပ်ကိုင်ကြသူများ အနေနှင့် ငွေကြေး ရင်းနှီးမြှုပ်နှံသည့်အခါ သတိထားပေးပါ။ ပေါ့ဆမှုတို့ကြောင့် ငွေကြေးဆိုင်ရာ ပြဿနာများနှင့် ရင်ဆိုင်ရတတ်ပါတယ် ။ ဒါကြောင့် အကြောင်းအရာများကို အသေချာ သိရှိပီးမှသာ ဆုံးဖြတ်ချက်များ ချမှတ်ပါ။

အကယ်၍ မိတ်ဖက် လုပ်ငန်း တစ်ခုခုတွင် ပါဝင် လုပ်ကိုင်နေပါက မိမိ၏ လုပ်ဖော်ကိုင်ဖက်များနှင့် ဆက်ဆံရေးသည် ယခင်ကထက် ပိုမိုကောင်းမွန်နေပါမယ်။

မိန်ရာသီခွင် – Pisces ( Mar 13 to 19 )

ယခုအပတ်တွင် Pisces ရာသီခွင်များ အနေနဲ့ အစားအသောက်နှင့် ပက်သက်၍ ဂရုစိုက်သင့်ပါတယ်။ ကျန်းမာရေးနှင့် အညီ အစားအစာများကို စားသုံးသင့်ပါတယ်။

အကယ်၍ ငွေရေးကြေးရေး အခက်အခဲများနှင့် ရင်ဆိုင် ကြုံတွေ့နေရပါက ယခုအပတ်တွင် မိတ်ဆွေ၊ ဆွေမျိုးများထံမှ အထောက်အပံ့များ ရရှိနိုင်ပါမယ်။ စိန်ခေါ်မှု အားလုံးကို ကျော်လွှားနိုင်အောင် ကူညီပေးပါလိမ့်မယ်။

ချစ်သူ ရှိကြသူများ အနေနှင့် ယခုအပတ်တွင် မိမိချစ်သူ၏ မိဘနှင့် ကောင်းမွန်သော ဆက်ဆံရေးကို ရရှိနိုင်ပါမယ်။ အိမ်ထောင်ပြုရန် ကောင်းမွန်သော အချိန်ကာလ ဖြစ်ပါတယ်။

ရေးသားသူ – Care For Your Future

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...