နေ့ဂျင်းတက်/ ညဂျင်းတက် အစွမ်း အံ့မခမ်းယတြာ
မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ နေ့ဂျင်းတက်/ ညဂျင်းတက် အစွမ်း အံ့မခမ်းယတြား ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။
နေ့ဂျင်းတက်/ ညဂျင်းတက် အစွမ်း အံ့မခမ်းယတြာ
ဆရာအသီးသီးက ယတြာအသစ်ဆန်းတွေ ဘယ်လောက်ပဲထွင်ထွင်အသစ်ဘယ်လောက်ကောင်းအဟောင်းတဝဲလည်လည် ဆိုဘိသကဲ့သို့ဆရာမတို့က တော့စီးပွားရေးငွေကြေးအဆင်မပြေသူတွေအား(တောင်းဆိုမေးမြန်းလာခဲ့လျှငိ)ယခုဖော်ပြပါနေ့ဂျင်းတက် ညဂျင်းတက် ယတြာလေးကိုပဲအမြဲပေးဖြစ်ပါသည်။တကယ်လက်တွေ့ နေ့ချင်းတက် ၊ညချင်းတက် ဘုရား ယတြာ ပါ
ဂျင်းတက် နှစ်တက်ကို သန့်စင်ပြီး လင်ဗန်းလေး တစ်ခုမှာ ရေနည်းနည်း ထည့်ပြီး
ဂျင်းတစ်ခု အပေါ်မှာ ”နေ့”လို့ရေးရပါမယ် နော် နောက်ဂျင်းတက် တစ်ခုပေါ်မှာ ည”လို့ရေးရပါမယ်
” နေ့ “လို့ ရေးထားတဲ့ဂျင်းတက်ပေါ်မှာမနက်ပိုင်း ဘုရားပူဇော်ရင်
ဖယောင်းတိုင် အစိမ်း (ငွေကြေးပြေလည်လိုသူများ)
ဖယောင်းတိုင် အနီ (ကျန်းမာရေး ကောင်းချင်သူများ )
ဖယောင်းတိုင် အဝါ (ကံပွင့် ကံ မြင့်လိုသူများ )
ဖယောင်းတိုင် အဖြူ
(🤍 စိတ်အေးချမ်းလိုသူများ🤍) မိမိ အဆင်ပြေသလို၊ ပူဇော် ထွန်းညှိနိုင်ပါတယ်
ညဘက်ဆို “ည “လို့ရေးထားတဲ့ဂျင်းတက်ပေါ်မှာ ဘုရားပူဇော်ရင်မီး ထွန်းထားရပါမယ်
ဖယောင်းတိုင်ထွန်းရင် ဖယောင်းတိုင်ရဲ့အောက်မှာ မတ်စေ့လေး ခံထွန်းရင် ပိုအဆင်ပြေပါတယ် ( ဘဝ လမ်းကြောင်းတွေ တည့်မတ် စေဖို့ပါ )မတ်စေ့လေး နှစ်ပြား တော့ ဘုရား မှာ ရှာ ထားရပါမယ်
မိမိ အိမ် စီးပွါးတက်မတက် ကို ထွက်လာတဲ့ ဂျင်းပင် လေးတွေ ၊ဂျင်းညွန့်လေးတွေက အဖြေ ပေးပါလိမ့်မယ်
ဘုရား ယတြာ ဆိုပေမယ့် ယုံကြည် မှ ပူဇော်ကြပါ အားလုံး စီးပွါးတက် လာဘ်ရွှင်ကြပါစေသား ။
ရေးသားသူ – ဗေဒင်&ဂမ္ဘီရပညာ ·
မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။