ကလေးတွေအတွက် ပိုင်ဆိုင်မှုတွေ ချန်ထားမယ့်အစား ပရဟိတအဖွဲ့အစည်းတွေမှာ လှူဒါန်းဖို့ အစီအစဉ်ရှိတဲ့ အနုပညာရှင်စုံတွဲ
မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ကလေးတွေအတွက် ပိုင်ဆိုင်မှုတွေ ချန်ထားမယ့်အစား ပရဟိတအဖွဲ့အစည်းတွေမှာ လှူဒါန်းဖို့ အစီအစဉ်ရှိတဲ့ အနုပညာရှင်စုံတွဲ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။
ကလေးတွေအတွက် ပိုင်ဆိုင်မှုတွေ ချန်ထားမယ့်အစား ပရဟိတအဖွဲ့အစည်းတွေမှာ လှူဒါန်းဖို့ အစီအစဉ်ရှိတဲ့ အနုပညာရှင်စုံတွဲ
သားသမီးတွေအတွက် သူတို့ရဲ့ပိုင်ဆိုင်မှုတွေ ချန်မထားမယ့် အနုပညာရှင်တွေထဲမှာ What Happens in Vegas အပါအဝင် ရိုမန့်ဇာတ်ကားတွေနဲ့ နာမည်ကြီးတဲ့ မင်းသားအက်ရှ်တန်ကက်ချာနဲ့ သူ့ဇနီး မင်းသမီး မီလာကူနစ်စ်တို့စုံတွဲလည်း ပါဝင်ပါတယ်။ သူတို့နှစ်ယောက်စလုံးက အောက်ခြေလူလတ်တန်းစားဘဝကနေ ကြီးပြင်းလာခဲ့ကြတာပါ။ ဒါကြောင့် ငွေရဲ့တန်ဖိုးနဲ့ ငွေမရှိရင် ဘယ်လောက်အခက်အခဲဖြစ်ရတယ်ဆိုတာကို နားလည်ပါတယ်။
အခုဆို သူတို့ရဲ့အသားတင်ကြွယ်ဝချမ်းသာမှုက ဒေါ်လာ ၂၇၅ သန်းရှိနေပါပြီ။ သူတို့ကလေးနှစ်ဦးကို ချစ်ပေမဲ့ သူတို့ရဲ့ပိုင်ဆိုင်မှုတွေကြောင့် သူတို့ရဲ့ကလေးတွေ ကြိုးစားအားထုတ်မှုမရှိဘဲ ပျက်စီးလာမှာကို မလိုချင်ကြပါဘူး။
အက်ရှ်တန်နဲ့မီလာတို့က သူတို့ကလေးတွေအတွက် အမွေချန်ထားခဲ့ဖို့ အစီအစဉ်မရှိပါဘူး။ သူတို့ကလေးတွေကို အမွေမပေးဘူးဆိုရင် သူတို့လေးတွေကို အလုပ်ကြိုးစားလာအောင်၊ ငွေလင်ပန်းနဲ့ အရာအားလုံးကို သူတို့အဆင်သင့်ရမယ်လို့ မမျှော်လင့်အောင် လှုံ့ဆော်ပေးလိမ့်မယ်လို့ အက်ရှ်တန်က ယုံကြည်ထားတာပါ။
အက်ရှ်တန်နဲ့ မီလာတို့က ပရဟိတပရောဂျက်တွေမှာ အလွန်ပါဝင်ကြပြီး သူတို့ရဲ့ကြွယ်ဝချမ်းသာမှုအများစုကို သားသမီးတွေအတွက် ချန်ထားမယ့်အစား ပရဟိတအဖွဲ့အစည်းတွေမှာ လှူဒါန်းဖို့ စီစဉ်ထားပါတယ်။ ဒါပေမဲ့ သူ့ရဲ့ကလေးတွေ စီးပွားရေးလုပ်ငန်းတစ်ခုစတင်ဖို့ ခိုင်မာတဲ့အစီအစဉ်ရှိမယ်ဆိုရင် သူတို့အတွက် ငွေကြေးထောက်ပံ့ပေးသွားမှာပါ။
ရေးသားသူ – Yoyarlay
မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။