ကြာချိန် ၃ နာရီနီးပါးရှိတဲ့ John Wick: Chapter 4 မှာ စကားလုံး ၃၈၀ သာ ပြောရတဲ့ ကီနူးရိဗ်
မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ကြာချိန် ၃ နာရီနီးပါးရှိတဲ့ John Wick: Chapter 4 မှာ စကားလုံး ၃၈၀ သာ ပြောရတဲ့ ကီနူးရိဗ် ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။
ကြာချိန် ၃ နာရီနီးပါးရှိတဲ့ John Wick: Chapter 4 မှာ စကားလုံး ၃၈၀ သာ ပြောရတဲ့ ကီနူးရိဗ်
John Wick: Chapter 4 ရုပ်ရှင်ကားအတွင်း John Wick ဇာတ်ကောင်သရုပ်ဆောင်တဲ့ မင်းသားကြီး ကီနူးရိဗ်က ဒိုင်ယာလော့ စာကြောင်း ၁၀၃ ကြောင်းမှာ စကားလုံး ၃၈၀ သာ ပြောရတယ်လို့ The Wall Street Journal ရဲ့ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ ဒီရုပ်ရှင်ကားသစ်က ကြာမြင့်ချိန် ၂ နာရီနဲ့ ၄၉ မိနစ်ဖြစ်ပါတယ်။
John Wick ဇာတ်ကားရှည်လာတာနဲ့အမျှ အဓိကဇာတ်ကောင်ရဲ့ ဒိုင်ယာလော့က တိုလာတယ်။ ကြာချိန် ၁၀၁ မိနစ်ရှိတဲ့ ပထမဆုံး John Wick ဇာတ်ကားမှာ မစ္စတာရိဗ်က စုစုပေါင်း စကားလုံး ၄၈၄ လုံးပြောရတယ်။ ကြာချိန် ၁၆၉ မိနစ်နဲ့ John Wick 4 က ၃ နာရီနီးပါးအထိရောက်သွားပေမဲ့ စကားလုံး ၃၈၀ သာ ပြောရပါတယ်။ အဲဒါရဲ့ ၁၀ ရာခိုင်နှုန်းက ရုပ်ရှင်နမူနာမှာ ပါဝင်ပါတယ်။ ဇာတ်ကားနာမူနာမှာ ပိုပြောရတယ်လို့ ထုတ်ပြန်ခဲ့တာပါ။
ကီနူးရိဗ်ကိုယ်တိုင်က ကနဦးဇာတ်ညွှန်းမှာ သူ့ဇာတ်ကောင်အတွက် ရေးထားတဲ့ ဒိုင်ယာလော့တစ်ဝက်လောက်ကို ဖြတ်ချပြီးတော့ ဇာတ်ကောင်ရဲ့ဒိုင်ယာလော့ကို ကန့်သတ်ခဲ့တာဖြစ်တယ်လို့ ဒါရိုက်တာ ချက်တ် စတာဟယ်စကီက ပြောပါတယ်။ ကီနူးရိဗ်ဟာ body language၊ မျက်နှာအမူအရာတွေနဲ့ အဓိပ္ပါယ်ဖော်ပြချင်ခဲ့တယ်လို့လည်း သူက ဆိုပါတယ်။
ကီနူးရိဗ်က ‘John Wick: Chapter 4’ ကို သူရိုက်ဖူးသမျှမှာ အခက်ခဲဆုံး အက်ရှင်ဇာတ်ကားလို့ ပြောခဲ့ဖူးပါတယ်။ သူက စတန့်တွေအတွက် သီးသန့်လေ့ကျင့်မှု သုံးလနီးပါး အချိန်ယူခဲ့ရတာပါ။
အခုဆို John Wick Chapter 4 ကို ရုံတင်ပြသနေပြီး ပထမဆုံးအပတ်မှာ ရုံတင်ငွေ ဒေါ်လာ ၁၃၇.၅ သန်းရရှိထားပါတယ်။
ရေးသားသူ – Yoyarlay
မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။