ဒုတိယအကြိမ်အသက်အန္တရာယ်ခြိမ်းခြောက်ခံရပြန်တဲ့ ဆယ်လ်မန်ခန်း
မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ဒုတိယအကြိမ်အသက်အန္တရာယ်ခြိမ်းခြောက်ခံရပြန်တဲ့ ဆယ်လ်မန်ခန်း ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။
ဒုတိယအကြိမ်အသက်အန္တရာယ်ခြိမ်းခြောက်ခံရပြန်တဲ့ ဆယ်လ်မန်ခန်း
ဘောလိဝုဒ်နာမည်ကြီးမင်းသား ဆယ်လ်မန်ခန်းဟာ ဒုတိယအကြိမ်အသက်အန္တရာယ်ခြိမ်းခြောက်မှု ခံရပြန်ပါတယ်။ မကြာသေးခင်ကဒီအဖြစ်အပျက်ကို ဘန်ဒရာရဲတပ်ဖွဲ့ဟာ မင်းသားရဲ့သူငယ်ချင်းဆီက တိုင်ကြားချက်တစ်ခုအနေနဲ့ FIR (ပထမသတင်းပေးတိုင်ချက်)မှာ ထည့်သွင်းထားပြီး စုံစမ်းစစ်ဆေးမှုတွေ လုပ်ခဲ့ကြပါတယ်။
ဘဝရည်မှန်းချက်ဟာ ဆယ်လ်မန်ခန်းကို သတ်ဖို့ဖြစ်တယ်ဆိုတဲ့ လူဆိုးဂိုဏ်းခေါင်းဆောင်လော့ရန်ဘစ်ချ်နွိုင်းရဲ့အင်တာဗျူးကို ရည်ညွှန်းထားတဲ့အကြောင်းအရာနဲ့အတူ ဆယ်လ်မန်ခန်းရဲ့နာမည်ကို ဖော်ပြထားတဲ့ အီမေးလ်တစ်စောင်ကို လက်ခံရရှိခဲ့တယ်လို့ တိုင်ကြားချက်မှာဖော်ပြပါတယ်။
အီမေးလ်မှာ ပေးပို့သူက ဘစ်ချ်နွိုင်းရဲ့အရင်းနှီးဆုံးလက်ထောက် ဂိုးလ်ဒီ ဘာရာက ဆယ်လ်မန်ခန်းနဲ့ လူချင်းတွေ့ပြီးစကားပြောချင်တယ်လို့လည်း ဆိုထားပါတယ်။ ဒီအမှုနဲ့ဆက်စပ်တဲ့ လူ ၃ ဦးကို ရဲတပ်ဖွဲ့က အမှုဖွင့်ထားပြီး စုံစမ်းစစ်ဆေးနေတုန်းပါပဲ။
လော့ရန် ဘစ်ချ်နွိုင်းက ရက်ပ်အဆိုတော် ဆစ်ဒ်ဟူ မိုစီ ဝါလာ အသတ်ခံရမှုအတွင်း နာမည်ထွက်ခဲ့တဲ့ အကျဥ်းကျနေတဲ့လူဆိုးဂိုဏ်းစတားပါ။ အမှုနဲ့ဆက်စပ်ပြီး အဖမ်းခံရကတည်းက ထောင်ထဲမှာ ရှိနေခဲ့တာပါ။
ပြီးခဲ့တဲ့နှစ်ကလည်း ဆယ်လ်မန်ခန်းနဲ့ သူ့ဖခင်ဖြစ်သူတို့ဟာ အသက်အန္တရာယ်ခြိမ်းခြောက်တဲ့ လက်ရေးစာတစ်စောင်ကိုလည်း လက်ခံရရှိခဲ့ပါတယ်။
ရေးသားသူ – Yoyarlay
မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။