စတန့်သမားတွေကို ဂုဏ်ပြုတဲ့ Ride On ရုပ်ရှင်ကားအသစ်မှာ ဂျက်ကီချမ်းကို မြင်တွေ့ရမယ်
မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ စတန့်သမားတွေကို ဂုဏ်ပြုတဲ့ Ride On ရုပ်ရှင်ကားအသစ်မှာ ဂျက်ကီချမ်းကို မြင်တွေ့ရမယ် ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။
စတန့်သမားတွေကို ဂုဏ်ပြုတဲ့ Ride On ရုပ်ရှင်ကားအသစ်မှာ ဂျက်ကီချမ်းကို မြင်တွေ့ရမယ်
အက်ရှင်မင်းသားကြီး ဂျက်ကီချမ်းဟာ ရုပ်ရှင်နယ်ပယ်မှာ ဘဝအခက်အခဲနဲ့ အသက်အန္တရာယ်တွေကို နေ့စဉ်နဲ့အမျှ ကြုံတွေ့ရင်ဆိုင်နေရတဲ့ စတန့်သမားတွေကို ဂုဏ်ပြုတဲ့ Ride On လို့ အမည်ပေးထားတဲ့ ရုပ်ရှင်ကားမှာ ပါဝင်ထားပါတယ်။ သူဟာ အဲ့ဒီဇာတ်ကားမှာ မင်းသားဝူဂျင်းနဲ့လည်း အတူပါဝင်ထားပါတယ်။
ဂျက်ကီချမ်းက မအောင်မြင်တဲ့စတန့်သမားတစ်ယောက်အဖြစ် ပါဝင်ထားပါတယ်။ ဧပြီလမှာ သူက အသက် ၆၉ နှစ်ပြည့်တော့မှာဖြစ်ပေမဲ့ အန္တရာယ်များတဲ့စတန့်တစ်ခုကို အဲ့ဒီဇာတ်ကားမှာ လုပ်ဆောင်ထားပါတယ်။ ချားရဟတ်အမြင့်ကြီးပေါ်ကနေ ခုန်ဆင်းတဲ့စတန့်လုပ်ခဲ့တာကို ဇာတ်ကားနမူနာမှာ မြင်တွေ့ခဲ့ရပါတယ်။
“ဂျက်ကီချမ်းက ဘဝမှာ စားနိုင်သောက်နိုင်ဖို့အတွက် ရုန်းကန်လှုပ်ရှားနေရတဲ့၊ သူ့ရဲ့ချစ်လှစွာသောစတန့်မြင်း Red Hare ကို တစ်ယောက်တည်းဂရုစိုက်စောင့်ရှောက်နေရတဲ့ မအောင်မြင်တဲ့စတန့်သမားအဖြစ် သရုပ်ဆောင်ထားပါတယ်။ အဲ့ဒီဇာတ်ကောင်က သူ့ရဲ့ အကြွေးတွေကို ကာမိဖို့အတွက် သူ့ရဲ့မြင်းကို လေလံတင်ရောင်းခိုင်းဖို့ဖြစ်လာတဲ့အခါမှာ သူ့ရဲ့သမီးဖြစ်သူနဲ့ သမီးရဲ့ရည်းစားရှေ့နေဆီကနေ ဝန်လေးစွာနဲ့ အကူအညီတောင်းခဲ့ရပါတယ်။ အကြွေးသိမ်းသမားနဲ့ စတန့်သမားတို့ ရင်ဆိုင်တိုက်ခိုက်တဲ့အချိန် မမျှော်လင့်ဘဲ သူ့နဲ့သူ့မြင်းလေးတွေက နေ့ချင်းညချင်းဆိုသလိုပဲ မီဒီယာတွေရဲ့စိတ်ဝင်စားမှုဖြစ်လာခဲ့ပါတယ်။
အဲ့ဒါက စတန့်သမားကို သူ့ရဲ့ရုပ်ရှင်အသက်မွေးဝမ်းကြောင်းနဲ့ သူ့မိသားစုကြား ရွေးချယ်ဖို့ ဒုတိယအခွင့်အရေးကို ရရှိစေခဲ့ပါတယ်”လို့ ဒီဇာတ်ကားရဲ့ဇာတ်လမ်းအကျဉ်းအဖြစ် ဖော်ပြထားပါတယ်။ Ride On ဇာတ်ကားကို ၂၀၂၃ ခုနှစ် ဧပြီလ ထဲ ရုံတင်ပြသသွားမှာဖြစ်ပါတယ်။
ရေးသားသူ – Yoyarlay
မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။