အမြစ်ပြတ်အောင် ကုသဖို့မလွယ်တဲ့ ဆီးချိူကို ပျားမြီးရွက်နှင့် ကုသနည်း

Health
အမြစ်ပြတ်အောင် ကုသဖို့မလွယ်တဲ့ ဆီးချိူကို ပျားမြီးရွက်နှင့် ကုသနည်း

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ အမြစ်ပြတ်အောင် ကုသဖို့မလွယ်တဲ့ ဆီးချိူကို ပျားမြီးရွက်နှင့် ကုသနည်း ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

အမြစ်ပြတ်အောင် ကုသဖို့မလွယ်တဲ့ ဆီးချိူကို ပျားမြီးရွက်နှင့် ကုသနည်း

ဆီးချိုရောဂါဟာ အမြစ်ပြတ်အောင် ကုသဖို့မလွယ်တဲ့ ရောဂါဖြစ်တာကြောင့် ဆီးချိုအတက် အကျ မလွန်အောင်၊ ပုံမှန်ဖြစ်အောင် ထိန်းနေရပါတယ်။ နည်းလမ်းတွေကလည်း စုံလှပါတယ်။ ဒီတစ်ခါတော့ ပျားမြီးရွက်နဲ့ ကုသတဲ့နည်းကို ထပ်မံမျှဝေလိုက်ပါတယ်။

ပျားမြီးရွက်ကို အင်္ဂလိပ်လို Bee Tail Plant လို့ခေါ်ပြီး ဒီဆေးနည်းကို ထိုင်ဝမ်နိုင်ငံမှ တရုတ်တိုင်းရင်းဆေးပညာရှင်များမှ စတင်တွေ့ရှိခဲ့ပါတယ်။ ပျားမြီးရွက်ဟာ ပြန်လည်စိုက်ပျိုးနိုင်သည့် အနွယ်ပင်မျိုးဖြစ်နေသည့်အတွက် ယခုအခါမှာတော့ မြန်မာ၊ ထိုင်း၊ မလေးရှား၊ စင်္ကာပူ၊ အင်ဒိုနီးရှားနိုင်ငံတို့မှာလည်း အများအပြား စိုက်ပျိုးထားကြပါပြီ။

ပျားမြီးပင်၏အရွက်မှာ ပျားကိုယ်နောက်ပိုင်းနှင့်ဆင်တူဖြစ်၍ ပင်စည်မှာ နီညိုရောင်ဖြစ်ပါတယ်။ အရွက်ကတော့ အစိမ်းရောင် ခပ်ဖျော့ဖျော့လေး ပါပဲ။ ပုံထဲမှာ မြင်တွေ့နိုင်ပါတယ်။

ဆီးချိုရောဂါကို ကုသနည်း

(၁) ဦးစွာ ဆီးချိုသွေးချိုကို တိုင်းတာထားပါ။

(၂) ပုံမှန်ထက် တက်နေလျှင် အရွက်တစ်ရွက်ကို ရေစင်အောင်ဆေး၍ ဝါးစားပါ။

(၃) နောက်တစ်နေ့တွင် ဆီးချိုတိုင်းကြည့်ပါ။ ပုံမှန်ပြန်ဖြစ်နေလျှင် ဆက်စားရန်မလိုတော့ပါ။

(၄) ဆီးချို(၂၀၀)နှင့်(၃၆၀)ကြား ရှိပါက နေ့စဉ် ပျားမြီးရွက်

(၃)ရွက်ကို ဝါးစားပါ။ နောက်နေ့ပြန်တိုင်းကြည့်၍ ပုံမှန်ဖြစ်လျှင် ရပ်ထားပါ။

(၅) အကယ်၍ ဆီးချို၊သွေးချိုသည် (၄၆၀)ကျော်ထိ ဖြစ်နေပါက ပျားမြီးရွက် အစိမ်း (၆) မှ (၉) ရွက်ထိ ဝါးစားရမည်။

နောက်နေ့တိုင်းကြည့်၍ ပုံမှန်ဖြစ်လျှင် ရပ်ထားရမည်။

(၆) အကယ်၍ ပျားမြီးရွက်စားများသွား၍ ဆီးချိုသွေးချို အရမ်းကျဆင်းသွားပါက အချိုရည်တစ်ခုခုကို သောက်သုံးနိုင်သည်။ တိုင်းကြည့်၍ Normal ပုံမှန်ဖြစ်လျှင် ရပ်ထားရမည်။

ဆီးချိုရောဂါဟာ အမြစ်ပြတ်အောင်၊ အရှင်းပျောက်ကင်းသွားအောင် ခက်ခဲသည့်ရောဂါဖြစ်သည့်အတွက် အတက်လွန်၊ အကျလွန်မဖြစ်အောင် Control လုပ်၍ ထိန်းထားပေးရပါတယ်။ရောဂါတစ်ခုခုကြောင့် ခွဲစိပ်ရန် လိုအပ်လာပါက ဆီးချိုသမားများဟာ ခွဲမရသဖြင့် အလွန်ဒုက္ခရောက်ကြရပါတယ်။

ထိုအချိန်တွင် ပျားမြီးရွက်ကို အသုံးပြု၍ ဆီးချိုကို အနိမ့်ဆုံးထိ လျှော့ချပေးပြီးလျှင် ခွဲစိပ်နိုင်ကြောင်း သိရပါတယ်။ဖတ်ရှုသူအပေါင်းလည်း ကျန်းမာစွာ အသက်ရှည်နိုင်ကြပါစေ။

ရေးသားသူ – စောနွဲ့နေဆိုင်(ပူတာအို)

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...