အသက်ကယ်ပေးခဲ့တဲ့သူရဲ့အနားကနေထွက်မသွားဘဲ ခင်တွယ်နေတဲ့ ကြိုးကြာငှက်
မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ အသက်ကယ်ပေးခဲ့တဲ့သူရဲ့အနားကနေထွက်မသွားဘဲ ခင်တွယ်နေတဲ့ ကြိုးကြာငှက် ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။
အသက်ကယ်ပေးခဲ့တဲ့သူရဲ့အနားကနေထွက်မသွားဘဲ ခင်တွယ်နေတဲ့ ကြိုးကြာငှက်
လွန်ခဲ့တဲ့ ၁ နှစ်က မိုဟာမတ် အာရီဖ်ဆိုသူ အမျိုးသားဟာ ခြံတစ်ခြံမှာ အလုပ်လုပ်ရင်းလယ်ကွင်းတစ်ခုမှာ ဒဏ်ရာရထားလို့ ဘယ်ခြေကျိုးနေတဲ့ ကြိုးကြာငှက်တစ်ကောင်ကို တွေ့ခဲ့တယ်။ အဲ့ဒီနောက်ကြိုးကြာငှက်ကို အိမ်ခေါ်သွားပြီး အိမ်တွင်းကုသနည်းတွေနဲ့ ကျန်းမာလာအောင် ကုသပေးခဲ့တယ်။ သူ့ရဲ့ဂရုစိုက်ကုသပေးမှုကြောင့် ကြိုးကြာငှက်က ၆ ပတ်အတွင်း ပြန်လည်ကောင်းမွန်လာခဲ့တယ်။ ပြန်ကောင်းသွားပြီဆိုတော့ တောထဲကို ကြိုးကြာငှက် ပြန်သွားလိမ့်မယ်လို့ အာရီဖ်က ထင်ခဲ့တယ်။
ဒါပေမဲ့ ကြိုးကြာငှက်က ပြန်မသွားဘဲ သူ့ကို ခင်တွယ်ပြီး သူ့အနားမှာ နေခဲ့တယ်။
“ကြိုးကြာငှက် ထပ်ပြီးပျံနိုင်တဲ့အချိန်မှာ သူ့ရဲ့မိသားစုဆီ ပြန်သွားလိမ့်မယ်။ တောရိုင်းငှက်ဖြစ်လို့ ကျွန်တော်နဲ့အတူနေမှာမဟုတ်ဘူးလို့ ထင်ခဲ့တာ၊ ဒါပေမဲ့ ထင်ထားသလို ဖြစ်မလာဘဲ ကျွန်တော်နဲ့အတူနေနေတယ်”လို့ အာရီဖ်က ဆိုပါတယ်။
အဲ့ဒီကတည်းက သူ့နားကထွက်မသွားဘဲ သူ့ပန်းကန်ထဲက အစားအစာတွေကိုတောင်ယူစားခဲ့ပါတယ်။ သူ ဆိုင်ကယ်မောင်းတဲ့နောက်ကနေ ပျံပြီးလိုက်နေတဲ့ ကြိုးကြာငှက်ရဲ့ဗီဒီယို အပါအဝင် ဗီဒီယိုများစွာကိုလည်း သူ့ရဲ့လူမှုကွန်ယက်ပေါ်မှာ တင်ထားပါတယ်။
အာရီဖ်က အခုလို သူ့အပေါ်ကြိုးကြာငှက်ခင်တွယ်ပြီး သစ္စာရှိနေတာက သူ့ကို ချည်နှောင်တာ၊ လှောင်အိမ်ထဲ ထည့်ထားတာတွေ မလုပ်တာကြောင့်ပါတဲ့။ကြိုးကြာငှက်ကို ကယ်တင်ပေးခဲ့တာနဲ့ပတ်သက်ပြီးတော့လည်း “ကျွန်တော် လူသားတစ်ယောက်ရဲ့တာဝန်ကို ထမ်းဆောင်ခဲ့ရုံပါပဲ။ ကြိုးကြာငှက်လေး ဒဏ်ရာရထားတာ တွေ့တော့ ကူညီပေးသင့်တယ်လို့ ကျွန်တော် ခံစားမိခဲ့တယ်”လို့ အာရီဖ်က ဆိုပါတယ်။
ရေးသားသူ – Yoyarlay
မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။