ကလေးငယ်တွေကို ဘေးကင်းလုံခြုံစွာ စွန့်ပစ်နိုင်တဲ့ Safe Haven Box

International News
ကလေးငယ်တွေကို ဘေးကင်းလုံခြုံစွာ စွန့်ပစ်နိုင်တဲ့ Safe Haven Box

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ကလေးငယ်တွေကို ဘေးကင်းလုံခြုံစွာ စွန့်ပစ်နိုင်တဲ့ Safe Haven Box ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ကလေးငယ်တွေကို ဘေးကင်းလုံခြုံစွာ စွန့်ပစ်နိုင်တဲ့ Safe Haven Box

အမေရိကန်နိုင်ငံ အင်ဒီယားနားပြည်နယ်မှာ ကလေးငယ်တွေကို ဘေးကင်းလုံခြုံစွာ စွန့်ပစ်နိုင်စေဖို့ Safe Haven Box ဆိုတဲ့ နံရံကပ်သေတ္တာငယ်လေးတွေ တပ်ဆင်ထားပါတယ်။ အဲဒီသေတ္တာငယ်လေးတွေမှာ အပူချိန်ထိန်းညှိစက်နဲ့ ဆင်ဆာ တပ်ဆင်ပေးထားပြီး ကလေးငယ်တစ်ဦးကို လာရောက်စွန့်ပစ်ပြီဆိုတာနဲ့ အချက်ပြပေးမှာပါ။ ပုံမှန်အားဖြင့်တော့ မီးသတ်ဌာနတွေမှာ Safe Haven Box တွေ ထားလေ့ရှိပါတယ်။

အင်ဒီယားနားပြည်နယ်ရဲ့ Safe Haven ဥပဒေအရ မွေးကင်းစ ကလေးငယ်ကို ကျွေးမွေးစောင့်ရှောက်ဖို့ အခက်တွေ့နေသူတွေအနေနဲ့ စွဲချက်တင်၊ ဖမ်းဆီးခံရမှာ စိုးရိမ်ဖို့မလိုဘဲ ကလေးငယ်ကို စွန့်ပစ်ခွင့် ရှိတယ်လို့ ပြဋ္ဌာန်းထားပါတယ်။ ကလေးငယ်မှာ ရည်ရွယ်ချက်ရှိရှိ ညှဉ်းပန်းနှိပ်စက်ခံထားရတဲ့ လက္ခဏာမရှိရင် လာရောက်စွန့်ပစ်သူအနေနဲ့ ကိုယ်ရေးကိုယ်တာအချက်အလက်တွေပေးဖို့ မလိုအပ်ပါဘူး။

ရေးသားသူ – Yoyarlay

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...