မှာချင်ရာမှာ ချချင်ရာ လာချတဲ့ ဂျပန်စားသောက်ဆိုင်
မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ မှာချင်ရာမှာ ချချင်ရာ လာချတဲ့ ဂျပန်စားသောက်ဆိုင် ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။
မှာချင်ရာမှာ ချချင်ရာ လာချတဲ့ ဂျပန်စားသောက်ဆိုင်
ဂျပန်နိုင်ငံ တိုကျိုမြို့မှာဖွင့်ထားတဲ့ စားသောက်ဆိုင်နာမည်က The Restaurant of Order Mistakes ။
မှာချင်ရာမှာ … ချချင်ရာ ချ စားသောက်ဆိုင်လို့ အဓိပ္ပာယ်ရတယ်။ ဒီစားသောက်ဆိုင်က မှတ်ဉာဏ်ယိုယွင်းနေသူတွေကို အလုပ်ပေးထားတဲ့ဆိုင်။ မှတ်ဉာဏ်ယိုယွင်းမှုကို လူတွေ သတိထားမိလာစေဖို့ ရည်ရွယ်တယ်။ သတိမေ့တတ်တာကို နားလည် လက်ခံပေးနိုင်တဲ့ လူ့အဖွဲ့အစည်းဖြစ်လာစေဖို့ ရည်ရွယ်တာပါ။
ဂျပန်တွေကတော့လုပ်လိုက်ရင်အထူးအဆန်းကိစ္စတွေချည်းပါပဲဗျာ
ရေးသားသူ – Yoyarlay
မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။