”ဂိုး”တိုင်းသာ အော်ရရင် လီဗာပူးပရိသတ်တွေ အသံဝင်မယ့်ပွဲ
မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ”ဂိုး”တိုင်းသာ အော်ရရင် လီဗာပူးပရိသတ်တွေ အသံဝင်မယ့်ပွဲ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။
ဖလားလေးလုံး မှန်းနေတဲ့ ငဆိုက်ကို ၇လုံးဘွတ်ပြီး -ာတန်း ပြန်ပို့လိုက်တဲ့ သခင်ကြီး တလုံးချိုင့်
FULL TIME : Liverpool 7-0 Man United
ဆရာကလော့ရဲ့ သခင်ကြီး တလုံးချိုင့်တို့ကတော့ အချိုရည်ဖလားလေး ရတာကို ဖလားလေးလုံးသိမ်းမယ် ဘာညာနဲ့ အာချောင်ပြီး လက်တွေ့ဘဝနဲ့ ဝေးကွာလာတဲ့ ယူဆိုက်တက်ကို အန်ဖီးကွင်းကြီးမှာ (၇)ဂိုးပြတ် သိပ်ပြီး အသိစိတ် ပြန်ကပ်ပေးခဲ့ပါတယ်
* အသင်းပရိသတ်တွေရဲ့ လေကတော့ ဖလားလေးလုံး ဆိုတာကနေ မဆင်းပေမယ့် ယူဆိုက်တက်ကတော့ ဒီနေ့ပွဲမှာ ဆိုးရှား ကိုင်တုန်းကလို ကောင်တာချောင်းကစားရင်း ဒိုင်ကိုသာအားကိုးခဲ့ရပြီး သခင်ကြီး တလုံးချိုင့်ကတော့ ငယ်နိုင် ငဆိုက်ကို ပွဲစတယ်ဆိုကတည်းက စီးစီးပိုင်ပိုင် ကြပ်ကြပ်ထုပ်ထုပ် (ကစားကွက်ကိုပြောတာ) နဲ့ အသာစီးရယူကြခဲ့ပါတယ်။
ပွဲကစားချိန် ကြာလာတာနဲ့အမျှ ဘယ်သူက ကျားလဲ ဘယ်သူက နွားလဲ ဆိုတာ သိသာလာခဲ့ပြီး ပထမပိုင်း ပြီးခါနီးမှာပဲ ငဆိုက်တို့ မမှီခဲ့တဲ့ ပန်းလေးတပွင့်ဖြစ်တဲ့ ဂက်ပိုက သူများနဲ့ ညားတဲ့ ငါ့ရည်းစား ဆိုသလိုမျိုးပဲ အိမ်ရှင် ကြိုးကြာနီတို့အတွက် ဦးဆောင်ဂိုး စရှာပေးခဲ့ပါတယ်။
ငဆိုက်ကိုဆို ငယ်နိုင်လိုကို နိုင်တဲ့ ကြိုးကြာနီတို့ရဲ့ သရဲလိုက်ခန်းဟာ ဒီမှာတင် ရပ်တန့်မသွားပဲ -ာတန်းကို အပတ်စဉ် လာဖိနေကျ ပုံမှန်ကာစတန်မာလိုမျိုး ဒုတိယပိုင်းမှာ တဖုန်းဖုန်းနဲ့ တောက်လျှောက် အားပေးခဲ့တာကြောင့် ယူဆိုက်တက် ခံစစ်ဟာ စီမံချက်နဲ့ အစိခံရတဲ့ ပရဟိတ -ာတန်းကြီးအလား ဂက်ပိုက တက်ဖိလိုက်၊ နူနက်ဇ်က ဝိုက်လိုက်၊ ဆာလာက ဖြုတ်လိုက်၊ ဖာမီနိုက ဝင်မြည်းလိုက်နဲ့ အင်မတန်စည်းကားနေခဲ့ပါတယ်။
အမှန်တကယ်တော့ ပရီးမီးယားလိဂ်မှာ ၇-၀ ဆိုတဲ့ ရလဒ်ဟာ အဆင့် ၁ နဲ့ အဆင့်၂၀ က အသင်း ကန်ရင်တောင် ထွက်ဖို့ ခဲယဉ်းတဲ့ ရလဒ်ဖြစ်တာကြောင့် သခင်ကြီး တလုံးချိုင့်နဲ့ ကြက်တိုးငဆိုက်တို့ကြားက ကွာဟချက်ကို မှန်းဆနိုင်မှာဖြစ်ပြီး စာဖတ်မိတ်ဆွေတို့ကိုလည်း အကယ်၍ နောက်လလောက် ရောက်လို့ ငဆ်ိုက်တွေ ဟောင်ဖွာဟောင်ဖွာ ပြန်လုပ်နေခဲ့ရင် ဘဝ မမေ့အောင်လို့ 7 Up ထုတ်တိုက်လိုက်ကြဖို့ အကြံပေးပါရစေ။
ရေးသားသူ – Myanmar Premier League Fans
မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။