Funny International News
အရပ်ရှည်တဲ့သူတွေ တစ်ခါတလေ ကြုံတွေ့ရတဲ့ အခက်အခဲတွေကို ပြသနေတဲ့ပုံများ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ အရပ်ရှည်တဲ့သူတွေ တစ်ခါတလေ ကြုံတွေ့ရတဲ့ အခက်အခဲတွေကို ပြသနေတဲ့ပုံများ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

အရပ်ရှည်တဲ့သူတွေ တစ်ခါတလေ ကြုံတွေ့ရတဲ့ အခက်အခဲတွေကို ပြသနေတဲ့ပုံများ

သာမန်ထက် အရပ်ပိုရှည်တဲ့သူတွေက တစ်ခါတလေ အခက်အခဲတွေကြုံတွေ့ရနိုင်တယ်နော်။ သူတို့တွေက အရပ်ရှည်တာကြောင့် မျက်နှာကြက်နဲ့ ခေါင်းနဲ့ မလွတ်တာ၊ ကားစီးတဲ့အခါ၊ လေယာဉ်စီးတဲ့အခါမျိုးတွေမှာလည်း သက်တောင့်သက်သာ မဖြစ်တာတွေလည်းဖြစ်တတ်ပါတယ်။ တချို့ဆို ရေဇလားထဲရေချိုးတဲ့ အခါမှာတောင် အရပ်ကရှည်နေတော့ ထင်ထားသလောက် သက်တောင့်သက်သာမဖြစ်တော့ဘူးပေါ့။

တစ်ခါတလေ အရပ်ရှည်ရတာကောင်းပြီး အခုလို အခက်အခဲတွေနဲ့ ကြုံတွေ့ရင်တော့ မကောင်းဘူးပေါ့နော်။ ကဲ..စာဖတ်ပရိသတ်တွေကို အရပ်ရှည်တဲ့သူတွေ ဘယ်လိုအခက်အခဲတွေ ကြုံတွေ့ရပြီး ဘယ်လိုတွေကိုင်တွယ်လဲ ဆိုတဲ့ပုံတွေကို စုစည်းဖော်ပြပေးလိုက်ရပါတယ်။

ဒီလူကတော့ အရပ်ရှည်တဲ့သူတွေကြုံတွေ့ရတဲ့ပြဿနာကို ဘယ်လိုကိုင်တွယ်ရမလဲ သိတဲ့ပုံပါပဲ

သူကတော့ ခြေထောက်ကွေးပြီး ရေစိပ်ရတော့တာပေ့ါ

လူတစ်ယောက်ဆေးစစ်မှုတွေလုပ်တဲ့အခါ၊ ဆရာဝန်က သူ့ထက်အရပ်ပုနေတော့

သူ ဘာချက်နေတယ်ဆိုတာ မြင်ကောမြင်ရရဲ့လား

ဥရောပက အရပ် (၆) ပေ (၆) လက်မရှိတဲ့ အမျိုးသား (သူ့ခေါင်းနဲ့မျက်နှာကြက်ထိနေပြီ)

ခေါင်းနဲ့ မလွတ်ပေမဲ့ လေ့ကျင့်ခန်းလုပ်တာမပျက်ပါ

အရပ်ရှည်တဲ့သူရဲ့ ခေါင်းနဲ့လွတ်အောင် ဘာလို့မဆောက်တာပါလိမ့်

ဒါကတော့ ကောင်လေးကို သူ့ရဲ့အမေက စားပွဲခုံပေါ်တက်ပြီး ပွေ့ဖက်ရတာပါ

ရေးသားသူ – Yoyarlay

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။