ကဆုန်လအတွက် အကောင်းဆုံးယတြာ

Astrology
ကဆုန်လအတွက် အကောင်းဆုံးယတြာ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ကဆုန်လအတွက် အကောင်းဆုံးယတြာ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ကဆုန်လအတွက် အကောင်းဆုံးယတြာ
ကဆုန်လဆန်း(၁)ရက်နေ့ (19.4.2023) မှ ကဆုန်လကွယ်(18.5.2023)တစ်လတာလုံး

“ပန်းကန်လုံးကြီး (သို့မဟုတ်) ဖလားအကြီးတစ်လုံးထဲတွင် ရေသန့်တစ်ဝက်နီးပါးထည့်၍ ထိုရေများထဲတွင် #နှင်းဆီပန်းပွင့်အနီ (၉)ပွင့် သီးသန့်ကို စိမ်၍ ထည့်လိုက်ရမည်။

ဤယတြာကို ဘုရားကျောင်းဆောင် ပေါ်သို့တင်၍မြတ်စွာဘုရားရှင်အား‌ ရိုသေစွာ လှူဒါန်းပေး‌ထားရပါမည်။

ယခုလတစ်လတာတွင် ထန်းလျက်ခဲ (၃)ခဲ ကို နံနက်(၉)နာရီ မှ နေ့လည်(၁၁)နာရီ အတွင်း၌နေ့စဉ်မြတ်စွာဘုရားရှင်အား ကပ်ပေးနေခြင်းဖြင့်လည်းမိမိအတွက်ထူးခြားမှူဖြစ်စဉ်များကောင်းကျိုးများစွာကိုလည်း ရရှိခံစား‌နေရမည်ဖြစ်သည်။ကံချေကန်တော့ခြင်းကိုလုပ်ဆောင်ဖို့ရန်မမေ့ပါနှင့်။

နေ့စဉ်အောက်ပါဂုဏ်တော်များကိုရွတ်ဖတ်နေပါ။

ဣတိပိသောဘဂဝါ ဝိဇ္ဇာစရဏသမ္ပ‌န္နော=၁၇
ဣတိပိသောဘဂဝါ သုဂတော=၁၀ခေါက်
ဣတိပိသောဘဂဝါ သမ္မာသံဗု‌ဒ္ဓေါ=၈ခေါက်

ကဆုန်လနေ့စဉ်လာဘ်ပွင့်အရပ်မျက်နှာများ

တနင်္ဂနွေနေ့=မြောက်အရပ်
တနင်္လာနေ့=‌တောင်အရပ်
အင်္ဂါနေ့=အရှေ့အရပ်
ဗုဒ္ဓဟူးနေ့=အ‌နောက်အရပ်
ကြာသပတေးနေ့=အရှေ့အရပ်
သောကြာနေ့=မြောက်အရပ်
စနေနေ့=တောင်အရပ်

အထက်ပါအတိုင်းနေ့အလိုက်တွင် နေ့စဉ်တိုင်းအရပ်မျက်နှာမူ၍ #ဧဟိလာဘံ ဟူ၍(၂၇)ခေါက်တိတိရွတ်ပေးရပါမည်။

ဆုတောင်းစာ

“အကျွန်ုပ်နှင့်တကွ အကျွန်ုပ်၏တစ်မိသားစုလုံး ယခုကဆုန်လတစ်လတာတွင် ကိုယ်ရောကျန်းမာ၊စိတ်ရောချမ်းသာစွာဖြင့် မကောင်းသော အညံ့အပ၊အတိုက်အခိုက် များ မှန်သမျှ ကင်းရှင်းစေပြီးကောင်းခြင်းမင်္ဂလာအဖြာဖြာဖြင့် အောင်မြင်‌၍
စီးပွားလာဘ်လာဘ တိုးတက်အဆင်ပြေရပါလို၏။”

ဤယတြာအစီအရင်ကို နှစ်ရက်လျှင်တစ်ကြိမ်စီအထက်ပါနည်းအတိုင်း သတိတရလေးနှင့် တိကျစွာပြန်လည်၍လုပ်ဆောင်ပေးနေခြင်းဖြင့် ယခုကဆုန်လအတွင်း ကံကောင်းခြင်းများ ရယူပိုင်ဆိုင်လိုက်ပါခင်ဗျ။

မည်သည့် နှင်းဆီပန်း အရောင်နှင့်မဆို ဤယတြာ၌အသုံးပြု၍ ယုံကြည်စွာ လုပ်ဆောင်နိုင်ပါတယ်ဗျ။

ဤယတြာကို ယခုကဆုန်လ တစ်လတာလုံး၌မည်သည့်နေ့ရက်မှမဆို စတင်၍လုပ်ဆောင်နိုင်ပါသည်။

ဤယတြာအစီအရင်သည် အလွန်အစွမ်းထက်ထိရောက်သောကြောင့် ယုံယုံကြည်ကြည်လုပ်ပါက ယခု ကဆုန်လတစ်လတာလုံး အတွင်း၌ မိမိသည်အတိုက်အခိုက် အနှောင့်အယှက်များကင်းဝေးစေ၍ စီးပွားလာဘ်ရွှင် သုခ ချမ်းသာခြင်းများ ရရှိပါမည်။

ရေးသားသူ – ဗေဒင်ဆရာပေါက်ကျိုင်း

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...