၂၀၂၃ ခုနှစ် ဧပြီလ ၃ ရက်နေ့ မှ ဧပြီလ ၉ ရက်နေ့အထိ တစ်ပတ်စာ ၁၂ ရာသီခွင်အလိုက် ဟောစာတမ်းများ

Astrology
၂၀၂၃ ခုနှစ် ဧပြီလ ၃ ရက်နေ့ မှ ဧပြီလ ၉ ရက်နေ့အထိ တစ်ပတ်စာ ၁၂ ရာသီခွင်အလိုက် ဟောစာတမ်းများ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ၂၀၂၃ ခုနှစ် ဧပြီလ ၃ ရက်နေ့ မှ ဧပြီလ ၉ ရက်နေ့အထိ တစ်ပတ်စာ ၁၂ ရာသီခွင်အလိုက် ဟောစာတမ်းများ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

၂၀၂၃ ခုနှစ် ဧပြီလ ၃ ရက်နေ့ မှ ဧပြီလ ၉ ရက်နေ့အထိ တစ်ပတ်စာ ၁၂ ရာသီခွင်အလိုက် ဟောစာတမ်းများ

ရာသီခွင်အလိုက် ယေဘူယျ အကျဉ်းချုပ် ဟောစာတမ်းများဖြစ်ပါသည် ။ အကောင်းအဆိုး ၊ အကြောင်းအကျိုးကို ဆင်ခြင်ပြုမူဆောင်ရွက်နိုင်ရန်အတွက်သာဖြစ်သည်။

မိဿရာသီခွင် – Aries ( Apr 3 to 9 )

ယခုအပတ်တွင် Aries ရာသီခွင်တို့သည် အသက်မွေးဝမ်းကြောင်းနှင့် ပက်သက်၍ ဖိစီးမှုတို့ကြောင့် အသေးအမွှား ကျန်းမာရေး ပြဿနာများ ဖြစ်ပေါ် ခံစားရနိုင်ပါတယ်။ ဒါကြောင့် စိတ်ဖိစီးမှုကို လျော့နည်းစေရန် အေးအေးဆေးဆေး အနားယူပေးပါ။ မိသားစု၊ သူငယ်ချင်းများနှင့် အချိန်ပေးပါ။ ဖြစ်နိုင်ပါက ရက်တို ခရီးထွက်ရန် စီစဉ်နိုင်ပါတယ်။

ဤကာလအတွင်း Aries ရာသီခွင်များ အနေနှင့် မိမိ၏ အချိန်နှင့် ငွေကြေးကို တန်ဖိုးထားတတ်ရန် သင်ယူပေးရပါမယ်။ မဟုတ်ပါက ငွေရေးကြေးရေး ကိစ္စရပ်များကြောင့် မိမိဘဝ၏ မတူညီသော နယ်ပယ်အချိုတွင် ထိခိုက်မှု ရှိလာနိုင်ပါတယ်။

ပြိဿရာသီခွင် – Taurus ( Apr 3 to 9 )

ယခုအပတ်တွင် Taurus ရာသီခွင်တို့သည် စိတ်ရှုပ်ထွေးမှုများ ဖြစ်ပေါ်ခံစားရနိုင်ပါတယ်။ မိသားစုအတွင်း တုန်လှုပ်စရာ အဖြစ်အပျက်တို့နှင့် ကြုံတွေ့ရတတ်ပါတယ်။

ငွေရေးကြေးရေးနှင့် ပက်သက်၍ သတိထားပေးရပါမယ်။ မိမိအပေါ် အခွင့်ကောင်းယူကာ အသုံးချမှုများ ရှိနေပါတယ်။ စီးပွားရေးလုပ်ငန်း လုပ်ကိုင်နေပါက ယခုသီတင်းပတ် အစတွင် ရင်းနှီးမြုပ်နှံရန် အကြံပြုလိုပါတယ်။ ယေဘုယျအားဖြင့် ယခုရက်သတ္တပတ်သည် ငွေကြေးအရ ပျမ်းမျှဖြစ်နေပါလိမ့်မယ်။

ဤကာလအတွင်း ဆွေမျိုးများသည် မိမိ၏ နေအိမ်သို့ ရုတ်တရက် ရောက်ရှိလာတတ်ပါတယ်။

မေထုန်ရာသီခွင် – Gemini ( Apr 3 to 9 )

ယခုအပတ်တွင် Gemini ရာသီခွင်တို့သည် ကျန်းမာရေး လှုပ်ရှားမှုတို့ကို ပြုလုပ်ပေးရပါလိမ့်မယ်။ ကိုယ်ခံအား ကောင်းမွန်စေရန် အစွမ်းကုန် ကြိုးစားသင့်ပါတယ်။

အိမ်ထောင်သည်များ အနေနှင့် မိမိကလေး၏ ပညာရေးအတွက် ငွေကြေး သုံးစွဲရတတ်ပါတယ်။ မိမိမျှော်မှန်းထားသည်ထက် ငွေကြေး ပိုမိုကြပ်တည်း လာပါမယ်။ တစ်ဦးတစ်ယောက်တည်း ဖြေရှင်းမည့်အစား လက်တွဲဖော်နှင့် ပြဿနာများကို ဆွေးနွေးတိုင်ပင်ပါ။

ဤကာလအတွင်း မိသားစုဝင်များအကြား ဆက်ဆံရေး ကောင်းမွန်နေပါမယ်။ မိသားစု၏ လူနေမှု အဆင့်အတန်းကို တိုးတက်စေမည် ဖြစ်ပြီး ကောင်းမွန်သော ဂုဏ်သတင်းများကိုလည်း ရရှိနိုင်ပါမယ်

ကရကဋ်ရာသီခွင် – Cancer ( Apr 3 to 9 )

ယခုအပတ်တွင် Cancer ရာသီခွင် တို့သည် ကျန်းမာရေးကို ပိုမို အားစိုက်ပေးရပါလိမ့်မယ်။ မိမိကိုယ်ကို လွန်စွာ တွန်းအားမပေးပါနှင့်။ ကျန်းမာရေး တိုးတက် ကောင်းမွန်စေရန် အာဟာရှိစွာ စားသုံးပေးပါ။ ကိုယ်လက်လေ့ကျင့်ခန်းများကို နေ့စဉ် မိနစ်၃၀ခန့် လုပ်ပေးပါ။

ဤကာလ တစ်လျှောက်လုံး ငွေကြေး အတက်အကျများနှင့် ပြည့်နှက်နေပါလိမ့်မယ်။ ရက်သတ္တပတ် အစောပိုင်းတွင် ပိုမို အကျိုးဖြစ်ထွန်းနိုင်ခြေ ရှိနေပါတယ်။ မတူညီသော အဆက်အသွယ်များမှ ဝင်ငွေ‌များ ရရှိတတ်ပါတယ်။ ဝင်ငွေ‌ ကောင်းမွန်နေတုန်း ငွေကြေး စုဆောင်းရန် အကြံပြုလိုပါတယ်။

အသက်မွေးဝမ်းကြောင်း သို့မဟုတ် ပညာရေးတို့ကြောင့် မိသားစုဝင်တို့နှင့် ဝေးကွာနေရပါက ယခုအပတ်တွင် အတိုင်းအတာ တစ်ခုအထိ သက်သာရာ ရရှိပါမယ်။ ချစ်ခြင်း မေတ္တာများကို ပိုမိုခံစားရပါမယ်။

သိဟ်ရာသီခွင် – Leo ( Apr 3 to 9 )

ဤကာလအတွင်း Leo ရာသီခွင်တို့၏ ကျန်းမာရေးသည် ညံ့ဖျင်းနေတတ်၍ ခရီးဝေးများ သွားလာခြင်းကို တတ်နိုင်သမျှ ရှောင်ကြဉ်ပေးပါ။

ငွေရေးကြေးရေးနှင့် ပက်သက်၍ ကောင်းမွန်နေမည် ဖြစ်သောကြောင့် စုဆောင်းရန် အကြံပြုလိုပါတယ်။ သို့မှသာ နောင်တစ်ချိန်တွင် ငွေကြေး အခက်အခဲမှ လွတ်မြောက်နိုင်မှာ ဖြစ်ပါတယ်။

ယခုအပတ်အတွင်း Leo ရာသီခွင်တို့၏ မိသားစုတွင် စိတ်ပျက်မှုတို့နှင့် အတူ ယုံကြည်မှုများ ပျောက်ဆုံးနေနိုင်ပါမယ်။ မိသားစုဝင်များကြားတွင် အတိုင်းအတာ တစ်ခုအထိ စိတ်မသက်မသာ ဖြစ်ပေါ်ခံစား ရနိုင်ပါတယ်

ကန်ရာသီခွင် – Virgo ( Apr 3 to 9 )

ယခင်အချိန်ကတည်းက အဆစ်အမြစ် ကိုက်ခဲခြင်း သို့မဟုတ် ခါးနာခြင်းတို့ကို ခံစားခဲ့ရသော Virgoရာသီခွင်များ အနေနဲ့ ယခုအပတ်တွင် သက်သာပျောက်ကင်း လာပါလိမ့်မယ်။ ကျန်းမာရေးနှင့် အညီ မှန်ကန်သော အစားအစာများကို စားသုံးပေးပါ။ လေ့ကျင့်ခန်းများကို ပုံမှန်ပြုလုပ်ပေးပါ။

ဤကာလအတွင်း အိမ်ကို ပြုပြင် မွမ်းမံခြင်း၊ မိသားစုရေးရာ ကိစ္စရပ်များ အတွက် ငွေကြေး သုံးစွဲရတတ်ပါတယ်။

မိသားစုဝင်များနှင့် ဆက်ဆံရေးသည် အနည်းငယ် ခက်ထန်နိုင်ခြေ ရှိနေပါတယ်။ ဒါကြောင့် မိမိ၏ သဘောထားနှင့် ပွင့်လင်းမှုရှိအောင် ကြိုးစားပါ။ မိမိ တစ်ဦးတစ်ယောက်၏ စိတ်ဆန္ဒမဟုတ်ဘဲ မိသားစုဝင်တို့၏ သဘောထားကိုပါ ကောင်းစွာ သိရှိရန် လိုအပ်ပါလိမ့်မယ်။

တူရာသီခွင် – Libra ( Apr 3 to 9 )

ယခုအပတ်တွင် ကျန်းမာရေးနှင့် ပက်သက်၍ အတက်အဆင်းများ နည်းပါးသွားပါလိမ့်မယ်။ ကျန်းမာသော ဘဝကို ပိုင်ဆိုင်နိုင်ပါမယ်။ ရုပ်ဆိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရ အရ ကြံ့ခိုင်မှုများ ရှိနေပါမယ်။ သို့သော် အသက်ရှုကျပ်သလို ခံစားရနိုင်သောကြောင့် ဆေးဘက်ဆိုင်ရာ အကြံဉာဏ်ကို ရယူပေးရန် လိုအပ်ပါမယ်။

ဤကာလအတွင်း Libra ရာသီခွင်တို့သည် ငွေရေးကြေးရေးနှင့် ပက်သက်၍ ထူးခြားသော အခြေအနေ တစ်ခုနှင့် ကြုံတွေ့ရနိုင်ပါတယ်။ ကောင်းမွန်သော ငွေကြေး အကျိုးခံစားခွင့်များကို ရရှိစေရုံသာမက ဘဏ္ဍာရေး အခြေအနေသည် ယခင်ထက် ပိုမိုအားကောင်း လာနိုင်ပါတယ်။

ယခုအပတ်တွင် မိမိ မျှော်မှန်းထားသည်ထက် မိသားစုဝင်များထံမှ ပံ့ပိုး ကူညီမှုများကို ရရှိနိုင်ပါမယ်။ ကြုံတွေ့နေရသော အခက်အခဲများမှ သက်သာရာ ရရှိပါလိမ့်မယ်။ သို့သော် မိမိ၏ စိတ်ပူပန်မှုများကို ပွင့်ပွင့်လင်းလင်း ပြောဆိုပေးရန် လိုအပ်ပါလိမ့်မယ်။

ဗြိစ္ဆာရာသီခွင် – Scorpio ( Apr 3 to 9 )

ယခုအပတ်တွင် Scorpio ရာသီခွင်တို့သည် အရက် အလွန်အကျွံ သောက်သုံးခြင်းတို့ကို ရှောင်ကြဉ်ပေးရပါမယ်။ မဟုတ်ပါက အသက်အန္တရာယ် ဖြစ်စေနိုင်သည် အထိ ဒုက္ခရောက်နိုင်ပါတယ်။ ကျန်းမာရေး ပြဿနာများ ကြုံတွေ့နိုင်ခြေ ရှိသောကြောင့် မိမိ၏ ကျန်းမာရေးကို အလေးထားပါ။

ဤကာလအတွင်း ငွေကြေး ရင်းနှီးမြုပ်နှံမှုများကို မပြုလုပ်ပါနှင့်။ အစောပိုင်းကတည်းက ငွေရေးကြေးရေးနှင့် ပက်သက်၍ ရွေးချယ်မှုကို ချိန်ဆပေးရ ပါလိမ့်မယ်။

ယခုအပတ်တွင် မိသားစုဘဝ အတွက် အချိန်ပိုမို ရရှိလာပါလိမ့်မယ်။ သားသမီးရှိကြသူများ အနေနဲ့ ဤကာလအတွင်း ပညာရေးနှင့် ပက်သက်၍ လမ်းညွှန်ပေးပါ။

ဓနုရာသီခွင် – Sagittarius ( Apr 3 to 9 )

ဤကာလအတွင်း အသက် ၅၀ကျော် Sagittarius ရာသီခွင်တို့သည် အာရုံကြောစနစ်နှင့် အစာခြေခြင်းဆိုင်ရာ ပြဿနာများကို ဖယ်ရှားနိုင်ပါမယ်။

ယခုအပတ်တွင် သံသယဖြစ်ဖွယ် ငွေကြေး အပေးအယူ အမျိုးမျိုးမှ ဝေးဝေး နေထိုင်ရန် အကြံပြုလိုပါတယ်။ ငွေရေးကြေးရေးနှင့် ပက်သက်၍ အစောပိုင်းကတည်းက သတိထားပါ။ ငွေအနည်းငယ်မျှဖြင့် လောဘဇောကြောင့် တရားမဝင်သော အလုပ်ကို မလုပ်ပါနှင့်။

မိတ်ဆွေ၊ ‌အပေါင်းအသင်းတို့နှင့် ပျော်ပွဲစား သွားလာမှုများလည်း ရှိနေနိုင်ပါတယ်။

မကာရရာသီခွင် – Capricorn ( Apr 3 to 9 )

လုပ်ငန်းခွင်တွင် အလုပ်ဖိအားများ တိုးလာတာသည်နှင့် အမျှ ယခုတစ်ပတ်တွင် စိတ်ကမောက်ကမ ဖြစ်မှုနှင့် အတူ စိုးရိမ်ပူပန်မှုများကို ခံစားရနိုင်ပါမယ်။ စိတ်ခံစားချက် ပြင်းထန်သော အချိန်ကာလဖြစ်၍ စိတ်တို၊ ဒေါသ ဖြစ်လွယ်နေပါမယ်။

ဤကာလအတွင်း ငွေကြေး အခြေအနေ ကောင်းမွန်နေပါမယ်။ လိုအပ်သော နေရာတွင်သာ ငွေကြေး သုံးစွဲပေးပါ။ အလျင်စလို ဆုံးဖြတ်ချက်များ မချမှတ်ပါနှင့်။ ဒါ့အပြင် ငွေကြေး ကိစ္စရပ်နှင့် ပက်သက်၍ စိတ်အေးအေး ထားရပါလိမ့်မယ်။

ယခုအပတ်တွင် အိမ်မှုကိစ္စများနှင့် အချိန်ကုန်ဆုံးရသလို ချစ်ခြင်းမေတ္တာများလည်း တိုးပွားလာပါလိမ့်မယ်။

ကုမ်ရာသီခွင် – Aquarius ( Apr 3 to 9 )

ယခုအပတ်တွင် Aquarius ရာသီခွင်တို့၏ ကျန်းမာရေးသည် ပိုမိုကောင်းမွန်လာပါလိမ့်မယ်။ သို့သော် ပေါ့ပေါ့ဆဆ မနေထိုင်ပါနှင့်။ မိမိ၏ ကျန်းမာရေးကို ဂရုစိုက်ပြီး သင့်တော်သော ကျန်းမာရေး လုပ်ရိုးလုပ်စဉ်များကို ချမှတ်ပါ။ မဟုတ်ပါက နောင်တစ်ချိန်တွင် ကျန်မာရေး ပြဿနာတို့နှင့် ရင်ဆိုင်ရနိုင်ပါတယ်။

ဤကာလအတွင်း ကံတရားသည် ကောင်းမွန်နေသောကြောင့် လုပ်ဆောင်နေသည့် အလုပ်ကိစ္စများကို အောင်မြင်စွာ လုပ်ဆောင်နိုင်ပါမယ်။ ကြုံတွေ့နေရသော အခက်အခဲများ ပြေလည်သွားပါလိမ့်မယ်။ ယခင်က ယူဆောင်ခဲ့သော ချေးငွေများကိုလည်း ပြန်လည် ပေးဆပ်နိုင်မှာ ဖြစ်ပါတယ်။

မိမိနေအိမ်သို့ ဧည့်သည်များ ရုတ်တရက် လာရောက် လည်ပတ်နိုင်ပါတယ်။ ဒါ့အပြင် မိသားစုဝင်များနှင့် အတူ လူမှုဆက်ဆံရေး လှုပ်ရှားမှုများကို ပြုလုပ်နိုင်မည် ဖြစ်ပြီး ပျော်ရွှင်မှုများ ပြည့်နှက်နေပါလိမ့်မယ်။

မိန်ရာသီခွင် – Pisces ( Apr 3 to 9 )

ယခုအပတ်တွင် Pisces ရာသီခွင်တို့သည် ကျန်းမာရေး ကောင်းမွန်စေရန် ကိုယ်လက်လှုပ်ရှားမှုနှင့် အတူ အစားအသောက်ကို ဂရိုစိုက်ပေးရပါမယ်။ ကျန်းမာရေးကို ထိခိုက်စေနိုင်သော အကျင့်ဆိုးများကို ပယ်ဖျောက်ပါ။ အစားပိုသော အစားအစာများကို ရှောင်ကြဉ်ပါ။

အထူးသဖြင့် ဤကာလအတွင်း ရေရှည် ရင်းနှီးမြှပ်နှံမှုမျိုးကို မပြုလုပ်ပါနှင့်။

မိမိ၏ အပေါင်းအသင်းများနှင့် အပြင်ထွက်ပြီး ပျော်ရွှင်စွာ ဖြတ်သန်းပါ။ ထိုသို့ပြုလုပ်‌ပေးခြင်းဖြင့် မိမိ၏ တွေးခေါ်နိုင်စွမ်းကို ကောင်းမွန်စေပြီး စိတ်အေးချမ်းမှုကို ရရှိစေနိုင်ပါမယ်။

ရေးသားသူ – Care Your Future – ဗေဒင်

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...