၁၀၁ နှစ်ပြည့်မွေးနေ့မှာ Westlife အဖွဲ့ဝင်တစ်ဦးနဲ့ စကားပြောခွင့်ရခဲ့တဲ့ အသက်ကြီးဆုံးအမာခံပရိသတ်
မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ၁၀၁ နှစ်ပြည့်မွေးနေ့မှာ Westlife အဖွဲ့ဝင်တစ်ဦးနဲ့ စကားပြောခွင့်ရခဲ့တဲ့ အသက်ကြီးဆုံးအမာခံပရိသတ် ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။
၁၀၁ နှစ်ပြည့်မွေးနေ့မှာ Westlife အဖွဲ့ဝင်တစ်ဦးနဲ့ စကားပြောခွင့်ရခဲ့တဲ့ အသက်ကြီးဆုံးအမာခံပရိသတ်
အက်ဒ်နာ ဝါနာ အမည်ရတဲ့ အမျိုးသမီးတစ်ဦးဟာ သူ့အသက် ၁၀၁ နှစ်ပြည့်မွေးနေ့မှာ သူ့အကြိုက်ဆုံးအဆိုအဖွဲ့ Westlife အဖွဲ့ဝင်တစ်ဦးနဲ့ စကားပြောခွင့်ရခဲ့ပါတယ်။ အက်ဒ်နာက ဗြိတိန်မှာဆိုရင် Westlife အဖွဲ့ရဲ့အသက်ကြီးဆုံးပရိသတ်ပါ။
အက်ဒ်နာရဲ့သက်ကြီးရွယ်အိုစောင့်ရှောက်ရေးဂေဟာက ဝန်ထမ်းတွေဟာ အက်ဒ်နာအတွက် Westlife အဖွဲ့ပုံပါ အထူးသီးသန့်မွေးနေ့ပါတီတစ်ခု ကျင်းပပေးခဲ့ပါတယ်။ အဲ့ဒါတင်မကသေးပါဘူး။ Westlife အဖွဲ့ဝင် နစ်ကီ ဘာ့န်ဆီက မွေးနေ့ဆုတောင်းဗီဒီယိုအပြင် သူ့နဲ့ စကားပြောခွင့်ရအောင်လည်း စီစဉ်ပေးနိုင်ခဲ့ပါတယ်။
နစ်ကီရဲ့ မွေးနေ့ဆုတောင်းစကားကတော့ “အက်ဒ်နာ…ပျော်ရွှင်စရာမွေးနေ့လေးပါ။ ၁၀၁ နှစ်ပြည့်သွားတဲ့အတွက် ဟယ်လိုနှုတ်ဆက်ပြီး ဂုဏ်ပြုစကားဆိုဖို့ အခွင့်အရေးယူရခဲ့တယ်။ ဒါက အံ့အားသင့်စရာပါပဲ။ Westlife ရဲ့အမာခံပရိသတ်လို့ ကျွန်တော် ကြားပါတယ်။ ဒါကြောင့် နှစ်တွေအကြာကြီး အားပေးပံ့ပိုးပေးခဲ့တာတွေအတွက် ကျွန်တော် ကျေးဇူးတင်ချင်ပါတယ်။ ဒါက တကယ့်ကို အဓိပ္ပာယ်ရှိပါတယ်။ အက်ဒ်နာလိုမျိုး အသက်ရှည်စွာနဲ့ ကျန်းမာပျော်ရွှင်တဲ့ဘဝကို ကျွန်တော် ပိုင်ဆိုင်ရဖို့ မျှော်လင့်တယ်။ အခု အသက် ၁၀၁ နှစ်ကနေ နောက် အသက် ၂၀၁ နှစ်ကို ရောက်မယ်။ အဲဒါက အိပ်မက်ပါပဲ။ ပျော်ရွှင်စရာကောင်းတဲ့ပါတီဖြစ်ပါစေ။ လိုချင်တာမှန်သမျှ ရပါစေ။ Westlife အဖွဲ့ကောင်လေးတွေက ချစ်ခြင်းမေတ္တာတွေအားလုံး ပို့သလျက်”
နစ်ကီနဲ့ အက်ဒ်နာတို့ Facetime ဆော့ဖ်ဝဲနဲ့စကားပြောတဲ့အချိန်မှာ အက်ဒ်နာက နစ်ကီကို သူ ဘယ်လောက်စိတ်လှုပ်ရှားနေရတဲ့အကြောင်းအပြင် အသက်ရှည်အောင် ဘယ်လိုနေရမလဲဆိုတဲ့ အကြံဉာဏ်နဲ့ ရယ်မောစေခဲ့ပါတယ်။ အက်ဒ်နာက “ကောင်းကောင်းပြုမူနေထိုင်ပြီး ပြောတဲ့အတိုင်း လုပ်ရုံပဲ”တဲ့။ နစ်ကီက စနောက်ပြီး ပြန်ပြောခဲ့ပါတယ်။ “ဒါဆိုရင် ကောင်းကောင်းပြုမူနေထိုင်ရုံပဲလား။ ကျန်းမာရေးနဲ့ညီညွှတ်အောင် မစားရဘူးပေါ့။ ဒါက တကယ်ကောင်းတဲ့အကြံဉာဏ်တစ်ခုပဲ”တဲ့။
အက်ဒ်နာရဲ့မွေးနေ့မတိုင်ခင်က သက်ကြီးရွယ်အိုစောင့်ရှောက်ရေးဂေဟာဝန်ထမ်းတွေဟာ မွေးနေ့ရှင်ဆီ Westlife အဖွဲ့လာရောက်ဖို့ စီစဉ်ကြည့်ခဲ့ပါသေးတယ်။ ဝန်ထမ်းတစ်ယောက်ဆိုရင် အက်ဒ်ရဲ့အိပ်မက်ကို ဖြည့်ဆည်းပေးဖို့အတွက် Westlife ပေ့ချ်တွေကို စာတွေပို့တာများပြီး ပေ့ချ်တော်တော်များများရဲ့ ban တာကိုလည်း ခံခဲ့ရပါတယ်။
“အက်ဒ်နာအတွက် အမိုက်စားနေ့တစ်နေ့ဖြစ်ခဲ့ပါတယ်။ သူက အမာခံပရိသတ်ဖြစ်တဲ့အတွက်မွေးနေ့ဆုတောင်းဗီဒီယိုပို့ပေးဖို့ Westlife အဖွဲ့ကို မေတ္တာရပ်ခံခဲ့တာပါ။ အဖွဲ့ဝင် နစ်ကီ ဘာ့န်က မွေးနေ့ဆုတောင်းဗီဒီယိုပို့ခဲ့တယ်။ အဲဒီနောက် Facetime ကနေ သူ့ကို စကားပြောခဲ့ပါတယ်။ အားလုံးက သူ့ရဲ့မွေးနေ့ကို အမှတ်တရဖြစ်အောင် ကူညီပေးခဲ့တယ်”လို့ ဂေဟာရဲ့မန်နေဂျာ လီဆာ ဒူးစ်က ဆိုပါတယ်။
ရေးသားသူ – Yoyarlay
မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။