ကလီယိုပတ်ထရာ documentary ကြောင့် Netflix ကို အီဂျစ်ရှေ့နေတစ်ဦးမှ တရားစွဲဆို
မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ကလီယိုပတ်ထရာ documentary ကြောင့် Netflix ကို အီဂျစ်ရှေ့နေတစ်ဦးမှ တရားစွဲဆို ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။
ကလီယိုပတ်ထရာ documentary ကြောင့် Netflix ကို အီဂျစ်ရှေ့နေတစ်ဦးမှ တရားစွဲဆို
အီဂျစ်ဘုရင်မ ကလီယိုပတ်ထရာအကြောင်းကိုတင်ဆက်ပြသထားတဲ့ Netflix ရဲ့ documentary ဇာတ်လမ်းတွဲ Queen Cleopatra ဟာ ပြဿနာများနဲ့စတင်ရင်ဆိုင်နေရပြီဖြစ်ပါတယ်။
Queen Cleopatra ထဲက ဘုရင်မ ကလီယိုပတ်ထရာနေရာမှာ လူမည်းသရုပ်ဆောင််တစ်ယောက်ကိုအသုံးပြုထားတဲ့ကိစ္စနဲ့ အီဂျစ်ရှေ့နေတစ်ဦးဖြစ်တဲ့ Mahmoud al-Semary က Netflix ကို တရားစွဲဆိုလိုက်ပြီဖြစ်ပါတယ်။ Queen Cleopatra ရဲ့ trailer ထွက်လာပြီးတဲ့နောက်မှာ Queen Cleopatra ကို အီဂျစ်နိုင်ငံတစ်ဝှမ်းမှာ ဘယ်လိုမီဒီယာပလက်ဖောင်းကနေမှတစ်ဆင့် ပြသခွင့်မပြုဖို့အတွက် Mahmoud al-Semary က ဥပဒေအရာရှိတစ်ဦးနဲ့အတူ အမှုဖွင့်တရားစွဲဆိုထားတာပါ။
ဒါ့အပြင် Queen Cleopatra ရဲ့ ထုတ်လုပ်သူနဲ့တာဝန်ရှိသူတွေအကုန်လုံးကို ထိရောက်တဲ့အရေးယူမှုတွေပြုလုပ်ဖို့ Mahmoud al-Semary က အဆိုပါတရားစွဲဆိုမှုနဲ့အတူ ပူးတွဲတောင်းဆိုထားကြောင်းလည်း Egyptian Independent သတင်းအရ သိရပါတယ်။
Queen Cleopatra documentary ဟာ အီဂျစ်သမိုင်းကို လမ်းလွဲထင်ယောင်ထင်မှားဖြစ်စေပြီး သမိုင်းအမှားကိုဖြစ်စေတယ်လို့ Mahmoud al-Semary ရဲ့ အမှုတွဲစာမှာဖော်ပြထားပါတယ်။ ဒါ့အပြင် သမိုင်းအကြောင်းအရာကို ပုံစံအသစ်နဲ့ဆန်းသစ်ဖော်ဆောင်မှုဟာ ရာဇဝတ်မှုမြောက်ကြောင်း ပြောဆိုထားသလို Queen Cleopatra documentary ရဲ့ ဖန်တီးသူတွေကိုလည်း ပြစ်တင်ရှုံ့ချထားပါတယ်။
အီဂျစ်နိုင်ငံရဲ့ ရှေးဟောင်းသုတေသနဝန်ကြီးဟောင်းဖြစ်သူ Zahi Hawass ကလည်း Queen Cleopatra ဇာတ်လမ်းတွဲဟာ မှားယွင်းတဲ့အကြောင်းအရာတစ်ခုဖြစ်ကြောင်းကိုအခုလိုမှတ်ချက်ပေးထားပါတယ်။
“ဒါကြီးက လုံးဝအတုကြီး။ ကလီယိုပတ်ထရာက ဂရိလေ၊ ဆိုလိုတာက သူကဆံပင်ရွှေရောင်နဲ့လူလေ၊ လူမည်းမဟုတ်ပါဘူး။”
Queen Cleopatra documentary ဟာ အပိုင်းလေးပိုင်းပါဝင်မှာဖြစ်ပြီး African Queens ဇာတ်လမ်းတွဲရဲ့ခေါင်းစဥ်အောက်ကနေပြသမှာဖြစ်ပါတယ်။ ကလီယိုပတ်ထရာအဖြစ် သရုပ်ဆောင် Adele James က သရုပ်ဆောင်ထားပြီး မေလထဲမှာပြသမှာပါ။
ဒီ documentary ဟာ လက်ရှိနိုင်ငံတကာမှာအပြောများနေတဲ့ documentary တစ်ခုဖြစ်ပြီး အင်တာနက်ပေါ်ကဝေဖန်မှုတွေလည်းဆူညံနေပါတယ်။ အီဂျစ်ရှေ့နေရဲ့တရားစွဲဆိုမှုအပေါ်မှာ Netflix ဘက်က တစ်စုံတစ်ရာတုံ့ပြန်ခြင်းမရှိသေးပါဘူး။
ရေးသားသူ – Myanmar Varient Entertainment
မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။