The Nun 2ဟာ Conjuring Universe ရဲ့ကြောက်ဖို့အကောင်းဆုံးဇာတ်ကားဖြစ်လိမ့်မယ်
မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ The Nun 2ဟာ Conjuring Universe ရဲ့ကြောက်ဖို့အကောင်းဆုံးဇာတ်ကားဖြစ်လိမ့်မယ် ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။
The Nun 2ဟာ Conjuring Universe ရဲ့ကြောက်ဖို့အကောင်းဆုံးဇာတ်ကားဖြစ်လိမ့်မယ်
ယခုလက်ရှိကျင်းပနေတဲ့ ရုပ်ရှင်ပွဲတော်eventဖြစ်တဲ့ CinemaCon Panel တွင် Warner Bros Panel မှ The Nun 2 Extended Scene နှင့် Trailer ကိုချပြခဲ့ပါတယ်။
Trailer နဲ့ Extended Scene ကိုကြည့်လိုက်ရတဲ့ Flim Industry မှလူတွေက The Nun 2ဟာ လက်ရှိ Conjuring Universe ရဲ့ ဇာတ်ကားတွေထဲမှာကြောက်ဖို့အကောင်းဆုံးဇာတ်ကားဆိုပြီးပြောခဲ့ကြပါတယ်။
The Nun 1က 2018ခုနှစ်မှာထွက်ရှိခဲ့တာဖြစ်ပြီး မှန်းသလောက် လူတွေအကြိုက်တွေ့စေခဲ့တဲ့ ဇာတ်ကားတစ်ကားမဟုတ်ခဲ့ပါဘူး။
ဒါပေမယ့် The Nun 2ကဘယ်လိုမြင်တွေ့ရမလဲဆိုတာကျွန်တော်တို့စောင့်မျှော်ရဦးမှာပါ။ထပ်ပြီးတော့ပြောရရင် The Nun 2ဟာ ပြင်သစ်နိုင်ငံမှာရှိတဲ့ စွန့်ပစ်ထားတဲ့ Church အဟောင်းကြီးထဲမှာကိုသွားရောက်ရိုက်ကူးထားတာပါတဲ့။
The Nun 2 ကိုတော့ ဒီနှစ် September(၈)ရက်နေ့တွင်ရုံတင်ပြသသွားမှာဖြစ်ပါတယ်။
ရေးသားသူ – Z E U S
မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။