သတ်မှတ်အမြန်နှုန်းထက် ပိုမောင်းမိတဲ့ ယာဉ်မောင်းက ခွေးနဲ့ နေရာချင်းလဲထိုင်ပြီး ရဲလက်က လွတ်အောင် ကြိုးစားခဲ့

Funny International News
သတ်မှတ်အမြန်နှုန်းထက် ပိုမောင်းမိတဲ့ ယာဉ်မောင်းက ခွေးနဲ့ နေရာချင်းလဲထိုင်ပြီး ရဲလက်က လွတ်အောင် ကြိုးစားခဲ့

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ သတ်မှတ်အမြန်နှုန်းထက် ပိုမောင်းမိတဲ့ ယာဉ်မောင်းက ခွေးနဲ့ နေရာချင်းလဲထိုင်ပြီး ရဲလက်က လွတ်အောင် ကြိုးစားခဲ့ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

သတ်မှတ်အမြန်နှုန်းထက် ပိုမောင်းမိတဲ့ ယာဉ်မောင်းက ခွေးနဲ့ နေရာချင်းလဲထိုင်ပြီး ရဲလက်က လွတ်အောင် ကြိုးစားခဲ့

သတ်မှတ်အမြန်နှုန်းထက် ပိုမောင်းမိတဲ့ ယာဉ်မောင်းတစ်ဦးဟာ ရဲဖမ်းခံရလုဆဲဆဲ အချိန်မှာ သူ့ခွေးနဲ့ နေရာချင်းပြောင်းထိုင်ပြီး ရဲလက်က လွတ်အောင် ကြိုးပမ်းခဲ့ပါတယ်။

အမေရိကန်နိုင်ငံ ကော်လိုရာဒိုပြည်နယ်က အမျိုးသားဟာ တစ်နာရီ မိုင် ၃၀ ပဲ မောင်းနှင်ရမယ့်လမ်းပိုင်းမှာ တစ်နာရီ ၅၂ မိုင်အထိ မောင်းနှင်ခဲ့တာပါ။ ရဲတပ်ဖွဲ့က သူ့ကို တားဆီးစစ်ဆေးကြည့်ချိန်မှာ အရက်သောက်ထားတာလည်း တွေ့ရှိခဲ့ပါတယ်။
” ရဲအရာရှိ သူ့နား ကပ်လာချိန်မှာ ယာဉ်မောင်းအမျိုးသားက သူ့ခွေးကို ယာဉ်မောင်းထိုင်ခုံမှာ ထိုင်ခိုင်းပြီး သူက ခရီးသည်ထိုင်ခုံမှာ ပြောင်းထိုင်ဖို့ လုပ်နေတာပါ” လို့ စပရင်းဖီးရဲတပ်ဖွဲ့က ဖေ့ဘွတ်ခ်မှာ ရေးသားခဲ့ပါတယ်။

ယာဉ်မောင်းအမျိုးသားက ” ကျွန်တော် မောင်းလာတာ မဟုတ်ဘူး” လို့ လိမ်ညာခဲ့သလို သူ့ကို အရက်သောက်ထားခြင်း ရှိ၊ မရှိ စစ်ဆေးမယ့်အချိန်မှာ မောင်းပြေးဖို့ ကြိုးစားခဲ့ပါသေးတယ်။ ဒါပေမဲ့ ကိုက် ၂၀ အကွာမှာပဲ အဖမ်းခံခဲ့ရပြီး မူးယစ်ယာဉ်မောင်းနှင်မှု၊ အဖမ်းမခံဘဲ ခုခံမှု၊ သတ်မှတ်မိုင်နှုန်းထက် ပိုမောင်းနှင်မှု အစရှိတဲ့ စွဲချက်တွေနဲ့ စွဲချက်တင်ခံထားရပါတယ်။

ရေးသားသူ –Yoyarlay

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။