လေကြောင်းလိုင်းရဲ့ခရီးဆောင်အိတ်ကြေးမပေးချင်လို့ ခန္ဓာကိုယ်မှာ အဝတ်အစား ၆ ကီလိုဂရမ်နီးပါးဝတ်ဆင်ခဲ့သူ

Funny International News
လေကြောင်းလိုင်းရဲ့ခရီးဆောင်အိတ်ကြေးမပေးချင်လို့ ခန္ဓာကိုယ်မှာ အဝတ်အစား ၆ ကီလိုဂရမ်နီးပါးဝတ်ဆင်ခဲ့သူ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ လေကြောင်းလိုင်းရဲ့ခရီးဆောင်အိတ်ကြေးမပေးချင်လို့ ခန္ဓာကိုယ်မှာ အဝတ်အစား ၆ ကီလိုဂရမ်နီးပါးဝတ်ဆင်ခဲ့သူ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

လေကြောင်းလိုင်းရဲ့ခရီးဆောင်အိတ်ကြေးမပေးချင်လို့ ခန္ဓာကိုယ်မှာ အဝတ်အစား ၆ ကီလိုဂရမ်နီးပါးဝတ်ဆင်ခဲ့သူ

သတ်မှတ်ထားတဲ့အလေးချိန်ထက်ကျော်သွားတဲ့အိတ်တွေဆိုရင် အပိုခရီးဆောင်အိတ်ကြေးပေးရတာကြောင့် ဩစတြေးလျက ခရီးသည်တစ်ယောက်က အပိုခရီးဆောင်အိတ်ခမပေးချင်တဲ့အတွက် သူ့ရဲ့ခရီးဆောင်အိတ်အလေးချိန်နည်းသွားဖို့အတွက် ခရီးဆောင်အိတ်ထဲက အဝတ်တော်တော်များများကို သူ့ခန္ဓာကိုယ်မှာ ဝတ်ဆင်ခဲ့ပါတယ်။

ဒါပေမဲ့ သူ့ရဲ့နည်းလမ်းက အလုပ်မဖြစ်ခဲ့ပါဘူး။ လေကြောင်းလိုင်းကို ဒဏ်ကြေးပေးဆောင်ခဲ့ရပါတယ်။ သူကတော့ အသက် ၁၉ နှစ်အရွယ် အက်ဒရီယာနာ အိုကမ်ပိုဆိုသူပါ။ သူက သူ့သူငယ်ချင်းနဲ့အတူ ခရီးထွက်ပြီးနောက် မဲလ်ဘုန်းမြို့ကနေ အက်ဒလိတ်မြို့က သူ့နေအိမ်ကို Jetstar လေကြောင်းလိုင်းနဲ့ ပြန်လာခဲ့တာပါ။

သူ့ရဲ့ခရီးဆောင်အိတ်က သတ်မှတ်ထားတဲ့ ကီလိုဂရမ်ထက် ပိုများနေတာကို သိလိုက်ရတဲ့အချိန်မှာ အပိုခရီးဆောင်အိတ်ကြေးမပေးရဖို့အတွက် ပိုနေတဲ့သူ့အဝတ်တွေကို ဝတ်ဆင်ခဲ့တာပါ။ သူ့ရဲ့သူငယ်ချင်းကလည်း သူ့လိုမျိုး လိုက်လုပ်ခဲ့ပါတယ်။

အက်ဒရီယာနာ ဝတ်ဆင်ခဲ့တဲ့ အဝတ်အစားတွေက တီရှပ်၊ ဂျာကင်၊ ဘောင်းဘီအပါအဝင် ၆ ကီလိုဂရမ်နီးပါးရှိပါတယ်။ အဲဒီလိုသူတို့ဝတ်ဆင်ခဲ့တာတောင် သူတို့ရဲ့ခရီးဆောင်အိတ်က သတ်မှတ်ထားတဲ့အလေးချိန်ထက် ၁ ကီလိုဂရမ်ကျော်နေတုန်းပါပဲ။ လေကြောင်းလိုင်းက သူတို့ကို ဒဏ်ငွေ ၆၅ ဒေါ်လာ ပေးဆောင်ခိုင်းခဲ့ပါတယ်။

ရေးသားသူ –Yoyarlay

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။