ကာလီမယ်တော်သမိုင်း
မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ကာလီမယ်တော်သမိုင်း ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။
ကာလီမယ်တော်သမိုင်း
ဟိန္ဒူဘာသာတွင် မယ်တော်များစွာရှိပေမဲ့ တစ်ခုသိထားရန်မှာ ထိုမယ်တော်များဟာ တစ်ဆူတည်းဖြစ်ပြီး အသွင်များစွာခွဲထားခြင်းဖြစ်သည်။ထိုပင်မမယ်တော်ကို အာဒိရှက်သီး (ပင်မစွမ်းအား) ပရာရှက်သီး (ပကတ်စွမ်းအား) ဟု ခေါ်ပါသည်။
ကာလီမယ်တော်ဆိုသည်မှာ အာဒိရှက်သီးမယ်တော် ပါရ်ဗသီးမယ်တော်၏ ရူပတစ်ပါးပင်ဖြစ်ပြီး ခက်ထန်ကြမ်းတမ်းစွာ မကောင်းမှုကို ဖျက်သုဉ်းပြီး ကောင်းမှုကို ကာကွယ် ပေးသနားသောအသွင်တစ်ပါးဖြစ်ပေသည်။ကာလီမယ်တော်သည် မဟာကားလ် (ဘုရားရှင်ရှီဗား၏ အသွင်တစ်ပါး) ၏ ကြင်ရာတော်ဖြစ်သည်။
ကာလီဟူသော နာမသည် “ကားလ်” မှ ဆင်းသက်ပြီး အချိန်ကာလနှင့် အမှောင်ထုအား အစိုးရသူဟု အဓိပ္ပာယ်ရသည်။ကာလီမယ်တော်တွင်ပင် အသွင်ကွဲများစွာရှိသော်ငှား ယခုပို့စ်တွင် ဒေဗီး ဘာဂ၀သံမ်ကျမ်းနှင့် ဒေဗီး မာဟာသ်မြံမ်တွင် ပါ၀င်သော ကာလီမယ်တော်၏ သမိုင်းကို ဖော်ပြထားပါသည်။
ကာလီမယ်တော်သည် မှောင်မိုက်သော အသားအရေကို ပိုင်ဆိုင်သူဖြစ်ပြီး လက်တော် ၄ ဆူ သို့မဟုတ် ၁၀ ဆူဖြင့် တွေ့ရလေ့ရှိသည်။ကာလီမယ်တော်တွင် တတိယမျက်လုံးတော်ပါရှိပြီး ထိုတတိယမျက်လုံးတော်သည် အလုံးစုံခပ်သိမ်းအားသိမြင်ခြင်းကို ဖော်ညွှန်းသည်။
မျက်လုံးတော်သုံးဆူရှိခြင်းသည် အတိတ်၊ အနာဂတ်၊ ပစ္စုပ္ပန်ကာလ သုံးပါးလုံးကို သိမြင်ခြင်း၊ အစိုးရခြင်း၊ လောက သုံးပါးကို အစိုးရခြင်းနှင့် ဖြစ်၊ တည်၊ ပျက် (၃) ခုအား အစိုးရခြင်းကို ရည်ညွှန်းပါသည်။
မယ်တော်မြတ်သည် မဟာဗိဒြာခေါ် ပညာဉာဏ် ၁၀ ပါးအား ရည်ညွှန်းသော မယ်တော် ၁၀ ပါးတွင် ၁ ပါး အပါအ၀င်ဖြစ်သည်။ပါရ်ဗသီးမယ်တော်မြတ်ရူပတော်သည် ငြိမ်သက်တည်ငြိမ်ခြင်းကို ကိုယ်စားပြုသော်ငှား ကာလီမယ်တော်သည် ခက်ထန်ခြင်းနှင့် ဖျက်သိမ်းခြင်းအား ရည်ညွှန်းသည်။
ဖျက်သိမ်းခြင်းသည် ပျက်သုဉ်းစေ၍ ပြန်လည်အစပျိုးခြင်းအား ရည်ညွှန်းသည်။
မယ်တော်ဘုရားသည် မကောင်းဆိုးဝါး အသူရာများအတွက် ကြောက်မက်ဖွယ်ဖြစ်သော်ငှား တပည့်သာ၀ကများအတွက် နူးညံ့သော အကာအကွယ်ပေးသော မိခင်တစ်ပါးဖြစ်ပေသည်။
သမိုင်းကြောင်းကို စတင်ရလျှင်တစ်ရံသောအခါက ရွှမ်းဘ် နီရွှမ်းဘ် အသူရာညီနောင်သည် နတ်ဒေဝါတို့နှင့်တကွ အမျိုးသမီးတို့အား နိုင့်ထက်စီးနင်းလုပ်ကာ သုံးလောကအား မတရားနှိပ်စက်သိမ်းပိုက်ထားလျက်ရှိသည်။
ထို့အတွက် မယ်တော်မြတ်သည် ထိုအသူရာတို့အား သုတ်သင်၍ ငြိမ်းချမ်းခြင်းအား ပြန်လည်ရယူရန် ကောရှီးကီး (မဟာဆရဆွသီး) အသွင်ဖြင့် လောကသို့ ဆင်းသက်ခဲ့သည်။ထိုအသူရာတို့မှ ကျန္ဒ၊ မွန္ဒ အမည်ရှိသော အသူရာညီနောင်အားစေလွှတ်ကာ မယ်တော်မြတ်အား တိုက်ခိုက်စေသည်။
ရွှမ်းဘ်၊ နီရွှမ်းဘ်အသူရာညီနောင်မှ “ဟေး ကျန္ဒ၊ ဟေး မွန္ဒ၊ ထိုအမျိုးသမီးထံသို့ စစ်အင်အားအလုံအလောက်ဖြင့် သွား၍ ဆံပင်ကို ဆွဲ၍လည်းကောင်း၊ ကြိုးတုပ်၍လည်းကောင်း ငါတို့ရှေ့မှောက်သို့ ခေါ်ခဲ့စမ်း။ အကယ်၍ ဤအချင်းအရာကို ဖြစ်မြောက်အောင် မဆောင်ရွက်နိုင်ပါက သင်တို့၏ lat nat အစုံဖြင့်သာမက ရက္ခစစ်တပ်တစ်ခုလုံးဖြင့် တိုက်ခိုက်ပြီး သုတ်သင်ခဲ့စမ်း။ ထိုသို့ ကောက်ကျစ်သောထိုအမျိုးသမီးနှင့် သူ၏ ခြင်္သေ့အားသုတ်သင်ပြီးလျှင် ထိုစကြ၀ဠာ၏မိခင်ဆိုသော အမျိုးသမီးအား ပြန်လည်ဆောင်ယူခဲ့စေ” ဟု အမိန့်ပေးလေသည်။
ထိုအခိုက်တွင် ဖြူစင်သော အသားအရည်ရှိသော မယ်တော်မြတ်သည် အသူရာတို့အား ပြင်းစွာ ဒေါသဖြစ်၍ မျက်နှာတော်သည် ဒေါသဖြင့် အမည်းရောင်သို့ ပြောင်းလဲခဲ့သည်။
ထိုမှတစ်ဆင့် မယ်တော်မြတ်၏ မျက်ခုံးတော်ရှိရာ နဖူးတော်မှ ကာလီမယ်တော်ပွင့်ထွန်းတော်မူခဲ့သည်။
မယ်တော်မြတ်သည် ကျားသစ်သားရေအား၀တ်ဆင်ထားပြီး အသူရာအရိုးခေါင်းများအား ပန်းကုံးသဖွယ် သီကုံး၀တ်ဆင်ထားသည်။ထိုမယ်တော််မြတ်သည် အသူရာစစ်တပ်နှင့်တကွ ကျန္ဒ၊ မွန္ဒအား နှိမ်နင်းခဲ့ပြီး ထို့အတွက် “ကျာမွန္ဒာ” ဟု အမည်တွင်ခဲ့သည်။ထို့နောက် ရက်သဘီးဂ်ျအမည်ရှိသော အသူရာသည် စစ်မြေပြင်သို့ ရောက်ရှိလာခဲ့ပြန်သည်။
ထိုအသူရာသည် ဗရ်မာဂျီးထံတွင် “သူ၏ သွေးတစ်စက်မြေပြင်သို့ကျလျှင် နောက်ကိုယ်ပွားအဖြစ် တစ်စက်တစ်စက်ဆီမှ ဖြစ်ပေါ်လာပါစေ” ဟု တောင်းဆုပြုထားသူဖြစ်သည်။ထိုအသူရာအား မယ်တော်မြတ်၏ စစ်တပ်နှင့် ဘုရားရှင်များ စုပေါင်းနှိမ်နင်းသော်ငှား တစ်စတစ်စတိုးပွားလာသောကြောင့် အခက်တွေ့လာကြရပါသည်။
ထို့အတွက် ထိုအသူရာ၏ သွေးမြေပြင်သို့ မကျစေရန် မယ်တော်မြတ်သည် ရက်သဘီးဂ်ျ၏ ဦးခေါင်းအားဖြတ်ပြီး သွေးများကို သောက်သုံးခဲ့ရပါသည်။
သို့ပေမဲ့ တစ်ချက်သတိပြုရန်မှာ မယ်တော်မြတ်ဟာ အပြစ်မဲ့သူများကို ကာကွယ်ပြီး မကောင်းဆိုးဝါးများအား ဖျက်သုဉ်းသူဖြစ်သည်။ထို့ကြောင့် မယ်တော်မြတ်ထံတွင် မတရားသဖြင့် သတ္တဝါများအသက်ကို thetကာ သွေးဖြင့်ပူဇော်ခြင်းဟာ မဖြစ်သင့် မဖြစ်အပ်သော အကုသိုလ်အမှုဖြစ်ပါသည်။
ထို့သို့ မကောင်းဆိုးဝါး၏ သွေးကို သောက်သုံးလိုက်သည့်အတွက် မယ်တော်မြတ်သည် ဒေါသပြင်းထန်စွာဖြစ်တော်မူလျက်ရှိသည်။ဘုရားရှင်တစ်ဆူဖြစ်သည့် မယ်တော်မြတ်၏ ဒေါသမီးတောက်သည် စကြ၀ဠာတစ်ခုလုံးကိုပင် ပြာချနိုင်သည့် စွမ်းအားရှိသည်။
ထို့အတွက် မယ်တော်မြတ်၏ ဒေါသပြေပျောက်စေရန် ဘုရားရှင်ရှီဗားသည် မယ်တော်မြတ်လျှောက်လှမ်းလာသည့် လမ်းပေါ်တွင် လဲလျောင်းနေလေတော့သည်။
မယ်တော်မြတ်သည် ရုတ်တရက်ပင် ဘုရားရှင်ရှီဗား၏ ရင်ဘက်ကို နင်းမိလေသည်။
ထိုအခြေအနေရောက်မှသာ မယ်တော်မြတ်သည် ဒေါသပြေငြိမ်းပြီး ခင်ပွန်းသည်ကို နင်းမိသည့်အတွက် လျှာထုတ်ပြီး သွားဖြင့်ကိုက်ကာ ဒေါသကို ဖြေလျှော့လေသည်။
ထိုသို့ လျှာထုတ်ထားပြီး သွားဖြင့်ကိုက်ထားခြင်းမှာ အမြဲ အသိ၊သတိကပ်ပြီးနေထိုင်ရန်နှင့် ဆန္ဒတပ်မက်မှုများကို ချုပ်တည်းပယ်ဖြတ်ကာ မယ်တော်မြတ်ထံ ခိုလှုံရန်ဖြစ်သည်။
ရက်သဘီးဂ်ျဟူသော အသူရာသည် အတောမသတ်နိုင်သော တစ်ခုရပြီးလျှင် နောက်တစ်ခုထပ်လိုချင်သည့် လောဘ၊ တပ်မက်ခြင်းကို ကိုယ်စားပြုသည်။
ထိုလောဘကို အသိ၊ သတိဖြင့် ပယ်ဖြတ်ပြီး ဘုရားရှင်ထံ ခိုလှုံရန် လူတိုင်း သတိပြုရမည်ဖြစ်သည်။
ကာလီမယ်တော်သည် ဟိန္ဒူဘာသာအရ အရာခပ်သိမ်းထက် ကြီးမြတ်သော ဘုရားတစ်ဆူဖြစ်သည်။အစတရားသည်လည်း မယ်တော်မြတ်ပင်ဖြစ်ပြီး အဆုံးတရားသည်လည်း မယ်တော်မြတ်ပင်ဖြစ်သည်။တချို့က ရှီဗားဘုရားရှင်ကို မယ်တော်က ဘာကြောင့်တက်နင်းထားသလဲ မေးကြပါတယ်။
အကြောင်းအရင်းကတော့ ရှီဗားနှင့် ရှက်သီး နှစ်ဆူသည် ကွဲပြားခြင်း မရှိသလို ခွဲခြား၍ မရကြောင်း၊ ရှက်သီးမရှိသော ရှီဗားသည် ရုပ်အလောင်း သက်သက် ဖြစ်ကြောင်း ပြသခြင်း ဖြစ်ပါသည်။ထို့ကြောင့် သိထားရန်မှာ ကာလီမယ်တော်သည် စကြ၀ဠာ၏ မိခင်ဖြစ်သလို ဘုရားတစ်ပါးလည်းဖြစ်သည်။
အောက်လမ်းသမားတချို့ဟာ မယ်တော့်နာမည်ကို လိမ်လည်အသုံးချကြသလို နတ်ကတော်တချို့နှင့် မသူတော်တချို့ဟာလည်း ယနေ့တိုင် လိမ်လည် ပူးပြလျက်ရှိပါသည်။ထိုလူတို့ဟာ အပြစ်ဒဏ်ကို တစ်ချိန်ချိန်တွင် ကြီးလေးစွာ ခံစားရမှာ ဧကန်အမှန်ဖြစ်ပါသည်။
ရေးသားသူ – ဇာဇာ ဗေဒင် ယတြာ
မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။